ရွက်ပုန်းသီး
သီးရဲ့ လား သီးရဲ့  အကြီးကြီး သီးတာ … အကြီးကြီး အသီးသီးတာ
ဟိုရွက်ဒီရွက် ဟိုအရွက်ဒီအရွက်သည်တွေကြားမှာ သီးနေတာ
အကြီးကြီး
ပုစွန်ကောင်လုံးကျော် ကဏန်းကောင်လုံးကျော်တွေ သီးနေတာ
သီးနေတာ ကြည့်
ဟိုလမ်းထိပ်မှာ နင်းနေတာ နင်းနေတာ အကြီးကြီး နင်းနေတာ
အကြီးကြီး နင်းနေတာ အထာကြီး နင်းနေတာ
နင်နေတာ နင်းရလွန်းလို့နင်နေတာ နင်းဦး နင်းဦး
နင်းပြီးမှ အကြီးကြီးသီးမှာ ဆရာဝန်သီး အင်ဂျင်နီယာသီး ရေကြောင်သိပ္ပံသီး
ဒီအသီးပြီး နောက်အသီးတွေအတွက်လည်း နင်းရဦးမှာ နင်းဦးမှာ
သီးနေတာ သီးနေတာ စားရလွန်းလို့သီးနေတာ
ဝန်တွေကြီးလို့ ၀န်ကြီးတွေသီးနေတာ
လွှတ်တော်သီး ဥပဒေသီး အာဏာသီး
သီသီလေးလွတ်သွားတာ သီးသွားလို့ပေါ့
တီးသွားတာ တီးသွားတာ ….ကွန်ကရစ်သီးတွေ ကိုတီးနေတာ …ဘိလပ်မြေသီးတွေ တီးနေတာ
ကြက်ဆူသီးတွေ
မြစ်ဆုံသီးတွေ ကြေးနီသီးတွေ တီးနေတာ တီးနေတာ
Heal The World ကိုတီးနေတာ
ဟဲ့ … ဘာတွေ သီးနေတာလဲ
ဟဲ့
ဘာတွေ တီးသွားတာလဲ ဟဲ့ … တကတည်း ခြေထောက်မှ နင်းရလား
ဟဲ့
ခေါင်းပေါ်က ခြေရာတွေသုတ်ချပါဦးဟဲ့ နင်းသွားတာ နင်းနေတာကိုး
အသီးတွေကျန်သေးတယ် ၊ အသီးတွေကျန်သေးတယ်
ဈေးထဲမှာမကုန်ရင် အိမ်က အသီးတွေတော့ သီးကုန်တော့မှာပဲ
ကျူရှင်သီး အိမ်လခသီး စည်ပင်သာယာသီး ဝေေ၀ဆာဆာသီး
အသံတွေကြီးလာတော့မှာပဲ အသီးတွေ မကျန်စေနဲ့ …
မကျန်စေနဲ့ ဒီတစ်ခါကြံရင် ၈၈သီး ရွှေဝါရောင်သီးတွေလို
ရောင်းကောင်းမှာမဟုတ်ဘူး ဒီမိုကရေစီသီး လူ့အခွင့်အရေးသီးတွေ
ကျုပ်တို့ ရွက်ပုန်းသီးလေး ဘယ်မှာသွားသီးနေလဲ ဘယ်မှာသွားပုန်းနေလဲ
ဘယ်သူတီးသွားပြီလဲ … ရွက်ပုန်းသီးက ခုတည်းက တီး နေပြီလား
ရွက်ပုန်းသီး လေး သီးလာပြီလား တီးသွားပြီးလား ဟဲ့
အော် သီးတီး မတီးသီး သီးတယ်ဟာ တီးတယ်။
မောင်အောင်ပြည့်
၇.၆.၂၀၁၃

No comments:
Post a Comment