ဖတ်စရာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
ချင်မှကောင်းမယ်
ဘာမှမဖွက်ထားဘူး ...ဘာအကြောင်းမှလည်းမဟုတ်ဘူး
ဘာနည်းပညာမှလည်း မသုံးထားဘူး
ဘာအချက်အလက်မှ လည်းမထည့်ထားဘူး
ပြီးတော့
ဘာအကြောင်းမှလည်း
မဟုတ်သလို ဘယ်သူ့
အကြောင်းမှလည်း မပါဘူး
ရှင်းရှင်းလေးပဲ ဒါဟာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
တယ်လို့လည်းမဆို
ထည့်ထားတာ စာသားချည်းသက်သက်
ဘယ်သူ့ကိုမှ ဂေါ်လီ လော်ဘီမလုပ်ထားဘူး
ဘယ်သူ့ကိုမှ အပုပ်ချ တုတ်ပြ ရန်မတွေ့ထားဘူး
စာသားချည်းသက် သတ်
တုတ်ဆွဲ ဓါးဆွဲ ရအောင်လို့
ဒီထဲ ဘာမှ လုစရာမရှိသလို
ဒီထဲ
ဘာဥပဒေမှ မရှိ
ဘာနိုင်ငံရေးမှ မရှိ
ဘာခွဲထွက်ရေးမှ မရှိ
ဘာလူမျိုးရေးမှ မရှိ
ဘာ ဘာသာရေးမှ မရှိ
ရှင်းရှင်းလေးပဲ ဒါဟာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
ချင်မှ ကောင်းမယ်
အိုင်ဒီယိုလိုဂျီလား
ဖီလော်ဆော်ဖီလား
ကွန်ဆက်ကျူရယ်လား
ဘာ ညာ ဘာ ညာ လား
သိပ်လည်းမသိပါဘူး
စာ သား ချည်း သက် သတ်
ပုံများ မှန်၏မှား၏
လွဲ၏မလွဲ၏
ဒီထဲမယ်
ဘာသိမှုမှ မပါ
ဘာခံစားချက်မှ မပါ
ဘာရသမှ မပါ
စာ သား ချည်း သက် သတ်
မည်သူကိုမျှ တိုက်ခိုက်လိုခြင်း မရှိ
မည်သူကိုမျှ ရွဲ့ စောင်း နှိမ် လိုခြင်းမရှိ
ဘာမှ မရှိလို့
ဘာမှ မပါတာ
ဘာမှ မပါရင်ရော .....
စာသားချည်းသက်သက်
ဒါဟာ
ဖတ်စရာ ။ ။
မောင်အောင်ပြည့်
၂၇.၄.၂၀၁၃
No comments:
Post a Comment