တန်ဖိုးကို ဘာတွေနဲ့ညီမျှခြင်းချထားသလဲ
( ၁ ) မလျော့နဲ့ …. လုံးဝကို မလျော့လိုက်နဲ့
ခေတ်မှာ … တင်းကျပ်မှုတွေကိုရစ်နှောင်
ယုတ်ညံ့မှုတွေ … တစ်စက်စက်နဲ့
စေရာတိုင်း လိုက်မိရင် သေမှာတောင် စိုးနေတဲ့ ကြမ္မာ ။ ။
( ၂ ) လွှတ်ချပါ … ဖြေးဖြေးချင်းဖြစ်စေ …
မနိုင်ဝန်လို့ ထင်ရင်ပဲဖြစ်စေ … အဆိပ်တွေ ထုံကူးမှု တစ်ခုဟု ယူဆလို့ဖြစ်စေ
ဒါဟာ အိပ်ကပ်ထဲက လွတ်လပ်မှု တစ်ခု
ထင်ရာတိုင်း စိုင်းမိရင် ဇရာတောင် ရှက်နေတဲ့ တဏှာ ။ ။
ဟုတ်တယ် …. ဒါဟာ ဖြစ်ရိုးဖြစ်စဉ်
ဝန်ဆိုတာ … ကျော ပေါ်ထမ်းမိတတ်တဲ့ အမျိုး …
လွတ်လပ်မှု … ဒါဟာ (စိတ်) ချမ်းသာမှုအတွက် အာသာတစ်မျိုး …
လွှတ်ချခဲ့တဲ့ … တနည်းအားဖြင့် တာဝန်မယူခဲ့တဲ့ အရာ အတွက်
တာဝန်ယူရမဲ့ ကိစ္စ … ပေါ့ပါးမှုနောက်က ချည်တိုင်တစ်မျိုး …
အနိုင်အရှုံးဆိုတာ လက်ပေါ် က အရွေ့  အပြောင်း -- ပဉ္စလက်
အာသာနောက်က … လမ်းညွှန်စေစားရာ က ပဲ့
ဒီနောက် လိုက်လို့တော့ … ယုတ္တန်မဲ့တွေ က ဘ၀တွေကို စားမဲ့ ကမ်း …
( ၃ ) အရင်းအနှီး … ဒွာရဟာ ရင်ခွင်မဲ့ကို စည်းကပ်
တန်ဖိုး ဆိုတာညီမျှခြင်းချလို့မရတဲ့ အဆောင်ယောင် …
ကိုယ့်မှာသာ ကမ္ဘာတစ်ခြမ်း ပြိုတာ …
သူဘက်က ရေခွက်လေး ကျကွဲ သလောက် …
အမေ ကျမဟာ နံနက်ခင်း --- ကျမရဲ့  ညနေ ဟာ လောင်မြိုက်ခံ
အသစ်စက်စက် … တကယ့်ကိုရွှေအိုရောင် ညနေခင်း …
တန်ဖိုးဟာ ပိုင်းခြားခက် သီအိုရီ … ကြယ်တွေ လောင် တာ ဘာအရေးတုန်း အမေ …
အာသာဖြေဟာ တန်ဖိုး ညီမျှခြင်းရဲ့  မီးတိုက် …
တစ်ဖက်မှာ အနှုတ်ဂဏန်းတွေပဲ ကြီးစိုးပါစေ …
လောင်တိုက်ဟာ တန်ဖိုးအောက်မှာ
အညွန့် မကုန်နိုင် …
ညီမျှခြင်းဆိုတာ … ကျမ ဘက်က အနှုတ်တွေနဲ့ ညိုရတာ
အကြွင်းဟာ .. ဒသမနောက်မှာလိုတိုးပိုလျော့ရင်း …
အမေ့နံနက်ခင်းက … ကျမရဲ့  ဂန္တ၀င်မြောက် စော်ကားခံ ပြက်လုံး
လတ်ဆတ်ခြင်း အထုပတ္တိ …
တန်ဖိုးဟာ အဆောင်ယောင်နဲ့ အယောင်ဆောင်ပျော်ပါး ..
ဒီမနက်ဟာ သာမန်ခေါင်းကိုက်မှုဖြစ်စဉ် …
လိပ်ပြာတွေရဲ့  အာသာပြေ ထုံဆေး
တန်ဖိုးဟာ ရမ္မက်အတွက် သံတမန် …
အငိုမဲ့ လောင်မြိုက်သံ နောက်က ခမ်နား စွန့်လွှတ်မှု ( ကျ မ )…
အာသီတ ဟာ သမရိုးကျရဲ့  အငွေ့ ပျံမှု သက်သက် ( ရမ္မက်သခင် ) …
အောင်ပြည့် ( သ မု တိ )
7.9.2012 ( 2 : 30 AM )
ခေတ်မှာ … တင်းကျပ်မှုတွေကိုရစ်နှောင်
ယုတ်ညံ့မှုတွေ … တစ်စက်စက်နဲ့
စေရာတိုင်း လိုက်မိရင် သေမှာတောင် စိုးနေတဲ့ ကြမ္မာ ။ ။
ဟင့်အင်း … မဟုတ်ဘူး မဖြစ်ရဘူး
ဒါဟာကြမ္မာ မဟုတ်ဘူး … ဒါဟာ တစ်ဖက်ပိတ်လမ်း မဟုတ်ဘူး
ငါ့အတွက်နေဆိုတာ ပါးပေါ် ကမိတ်ကပ် …
ဒီအဖြစ်မှာ ကြယ် တွေ လောင်တာ ဘာအရေးလဲ
အမေ … ကျမဟာ ဒီညဥ့်သုံးယံ မှာရဲရင့်ပြီးတာနဲ့
နံနက်တစ်ခုမှာ ရနံလွင့်နေမဲ့ အမေ့အတွက်
လောင်ခဲ့တဲ့ ညကကြယ် …
အမေ ... ကြယ်လောင်တာ ဘာအရေးလဲ ….
( ၂ ) လွှတ်ချပါ … ဖြေးဖြေးချင်းဖြစ်စေ …
မနိုင်ဝန်လို့ ထင်ရင်ပဲဖြစ်စေ … အဆိပ်တွေ ထုံကူးမှု တစ်ခုဟု ယူဆလို့ဖြစ်စေ
ဒါဟာ အိပ်ကပ်ထဲက လွတ်လပ်မှု တစ်ခု
ထင်ရာတိုင်း စိုင်းမိရင် ဇရာတောင် ရှက်နေတဲ့ တဏှာ ။ ။
ဟုတ်တယ် …. ဒါဟာ ဖြစ်ရိုးဖြစ်စဉ်
ဝန်ဆိုတာ … ကျော ပေါ်ထမ်းမိတတ်တဲ့ အမျိုး …
လွတ်လပ်မှု … ဒါဟာ (စိတ်) ချမ်းသာမှုအတွက် အာသာတစ်မျိုး …
လွှတ်ချခဲ့တဲ့ … တနည်းအားဖြင့် တာဝန်မယူခဲ့တဲ့ အရာ အတွက်
တာဝန်ယူရမဲ့ ကိစ္စ … ပေါ့ပါးမှုနောက်က ချည်တိုင်တစ်မျိုး …
အနိုင်အရှုံးဆိုတာ လက်ပေါ် က အရွေ့  အပြောင်း -- ပဉ္စလက်
အာသာနောက်က … လမ်းညွှန်စေစားရာ က ပဲ့
ဒီနောက် လိုက်လို့တော့ … ယုတ္တန်မဲ့တွေ က ဘ၀တွေကို စားမဲ့ ကမ်း …
ပေါလောမျောအရေအတွက်ဟာ .ဖောင်းပွ ယဉ်ကျေးမှု
တန်ဖိုးကို လောကပ်သီးလုပ်တဲ့ အနာဂတ်ဟာ ခေတ်ရဲ့ တစ္ဆေ
ပျိုမြစ်မှုကို ချဉ်ခြင်းတက်လို့ သိက္ခာက အရောင်ပြောင်းနေတဲ့ မျက်မှန် …
အတုထဲမှာမှ အစစ်ကိုရှာရင်း .. အစစ်ဟာ အတုအတွက်
စတေးရ … မှောင်မိုက်ရ …ဖျော်ဖြေရနဲ့ …
ဒီည အတွက်တော့ အမှောင်ဟာ အပျိုစင် ကို သီကျူးရင်း
သွေးဆိုတာ ဂုတ်မှာမှ အချို ကဲသလို ….
( ၃ ) အရင်းအနှီး … ဒွာရဟာ ရင်ခွင်မဲ့ကို စည်းကပ်
တန်ဖိုး ဆိုတာညီမျှခြင်းချလို့မရတဲ့ အဆောင်ယောင် …
ကိုယ့်မှာသာ ကမ္ဘာတစ်ခြမ်း ပြိုတာ …
သူဘက်က ရေခွက်လေး ကျကွဲ သလောက် …
အမေ ကျမဟာ နံနက်ခင်း --- ကျမရဲ့  ညနေ ဟာ လောင်မြိုက်ခံ
အသစ်စက်စက် … တကယ့်ကိုရွှေအိုရောင် ညနေခင်း …
တန်ဖိုးဟာ ပိုင်းခြားခက် သီအိုရီ … ကြယ်တွေ လောင် တာ ဘာအရေးတုန်း အမေ …
အာသာဖြေဟာ တန်ဖိုး ညီမျှခြင်းရဲ့  မီးတိုက် …
တစ်ဖက်မှာ အနှုတ်ဂဏန်းတွေပဲ ကြီးစိုးပါစေ …
လောင်တိုက်ဟာ တန်ဖိုးအောက်မှာ
အညွန့် မကုန်နိုင် …
ညီမျှခြင်းဆိုတာ … ကျမ ဘက်က အနှုတ်တွေနဲ့ ညိုရတာ
အကြွင်းဟာ .. ဒသမနောက်မှာလိုတိုးပိုလျော့ရင်း …
အမေ့နံနက်ခင်းက … ကျမရဲ့  ဂန္တ၀င်မြောက် စော်ကားခံ ပြက်လုံး
လတ်ဆတ်ခြင်း အထုပတ္တိ …
တန်ဖိုးဟာ အဆောင်ယောင်နဲ့ အယောင်ဆောင်ပျော်ပါး ..
ဒီမနက်ဟာ သာမန်ခေါင်းကိုက်မှုဖြစ်စဉ် …
လိပ်ပြာတွေရဲ့  အာသာပြေ ထုံဆေး
တန်ဖိုးဟာ ရမ္မက်အတွက် သံတမန် …
အငိုမဲ့ လောင်မြိုက်သံ နောက်က ခမ်နား စွန့်လွှတ်မှု ( ကျ မ )…
အာသီတ ဟာ သမရိုးကျရဲ့  အငွေ့ ပျံမှု သက်သက် ( ရမ္မက်သခင် ) …
အောင်ပြည့် ( သ မု တိ )
7.9.2012 ( 2 : 30 AM )
No comments:
Post a Comment