ရက်ရက် ရောရော အားနာလာသမျှဟာ ကြောက်ကြောက်ရွံရွံ တိုက်ပွဲဝင်ပါတယ်။
တစ်ခါ တစ်ခါ ၀က်ဝက်ကွဲတယ် ...
မှောက်ရက်လဲ ပြီး ၀က်ဝက်ကွဲတာတွေ ...
မကြာမကြာ ဖြစ်ဖြစ်နေတယ် ...
ဖြစ် ဖြစ်နေတာ တွေ ကြာကြာ လာတယ် ...
ကြာလာ လေလေ မူးလာလေလေပဲ ...
မူးယစ်ရစ်ဝေ နေတာ ခွက်တိုက်သံတွေများတာကြောင့် ဆိုသလို ...
ခွက်တွေဟာ နိမ့်ပါးစွာ အသုံးဝင်နေသေးကြောင်း ...
အသုံးမ၀င်တော့ဘူးဟု ယူဆရသော ရေလိုက်ငါးလိုက် အော်သံတွေက သက်သေပြုပါတယ် ...
ရေထဲ မှာ လိုက်မိတဲ့ ငါး ကို မိလိုက်တာဟာ အစာမတပ်ထားတဲ့ ပိုက်နဲ့ပါ ---
ပိုက် ဆံ ဆို တာ ဟာ စကားလုံးတွေနဲ့ ချိတ်ဆက်ထားတဲ့ ကဗျာ မဟုတ်ပါဘူး ...
ကဗျာ ဟာ တဒင်္ဂပါ ... ကဗျာဟာ သမိုင်းပါ ... ကဗျာဟာ ခေတ်ပါ ... ကဗျာဟာ ယဉ်ကျေးမှုပါ ... ကဗျာဟာ .....
အပိုင်းအခြားမှာ စားသုံးခံထားရတဲ့ ညဉ်ဆိုးဟာ သီလလုံလျက် သစ္စာကို ဖျက်ပါတယ် ...
ညဉ်ဆိုးတွေ တိုးတိုးလာတာနဲ့ အမျှ
သာဓု ရဲ့  အနက် ကို ပြောဖို့ မရဲသလို ဖြစ်ဖြစ်လာတော့ ...
တစ်ခါ တစ်ခါ မှောက်ရက်လဲတယ် ...
တစ်ခါ တစ်ခါ ၀က်ဝက်ကွဲတယ် ...
အောင်ပြည့် (သ မု တိ)
7.10.2012
No comments:
Post a Comment