ကိုယ့်ကြောဆီလှမ်းပေါက်လိုက်တဲ့ ဓါးကို
ရုတ်ခနဲ
တစ်ချက်စောင်းပြီး ရှောင်လိုက်သလို
အရပ်မျက်နှာအကုန်လုံးမှာ မလုံခြုံမှုတွေ
ထုတ်မပြောဖြစ်တဲ့အကြောင်းအရာတွေဆိုတာ
ကြည်နူးစရာကြွားလုံးတွေ
နာကြည်းစရာ ပြယုဂ်တွေ
နံရံပေါ်မှာ တတ်သလောက်မှတ်သလောက်
လက်စွမ်းပြရေးခြစ်ထားမိတာ
ကားလမ်းဖြတ်ကူးနေတဲ့ ယဉ်ထိန်းရဲကို
လိုင်စင်တောင်းကြည့်
စကားပြောရင် အသံထက် နီထွေးနေတဲ့
သွားကြားထဲက ကွမ်းစတွေ
အရင် လာစင်ခံရတဲ့ လိုင်စင်မဲ့ကားပါ
လက်ကျန်မိနစ်တွေမှာ ချေပဂိုးရော
အနိုင်ဂိုးပါသွင်းပေးမဲ့ လူစွမ်းကောင်းကို
စာရွက်ပေါ် ထင်သလို
လျှောက်ခြစ်ထားတဲ့
ကစားကွက်ပေါ်အားရခိုင်းနေတုန်း
တစ်ချို့က
gender ခွဲပြထားတဲ့နေရာမြင်တိုင်း
နားနေခန်းဆိုပြီး အပေါ့အလေးဝင်စွန့်သွား
လက်ဆေးကန်ထဲ နှပ်ညစ်သွား ...
နံရံတွေပေါ်
လက်စွမ်းပြ လိင်ဆက်ဆံသွား ...
တစ်နှစ်လောက်ပတ်ထားတဲ့
လက်ပတ်နာရီလေး ခုမှ
ဓါတ်ခဲထထည့်
အလန်း (Alarm)တွေညှိပြီး
၁၀မိနစ်စာအကွာက မှတ်တိုင်မှာ
အထက်လမ်းလား အောက်လမ်းလားတွေး
အိပ်ယာကနိုးနိုးခြင်း ရေအ၀မသောက်ခဲ့မိဘူး
ခုမှ ရေအိမ်ကိုဆွဲမချမိခဲ့တာ
သတိရတယ်
မောင်အောင်ပြည့်
8.12.2013
ရုတ်ခနဲ
တစ်ချက်စောင်းပြီး ရှောင်လိုက်သလို
အရပ်မျက်နှာအကုန်လုံးမှာ မလုံခြုံမှုတွေ
ထုတ်မပြောဖြစ်တဲ့အကြောင်းအရာတွေဆိုတာ
ကြည်နူးစရာကြွားလုံးတွေ
နာကြည်းစရာ ပြယုဂ်တွေ
နံရံပေါ်မှာ တတ်သလောက်မှတ်သလောက်
လက်စွမ်းပြရေးခြစ်ထားမိတာ
ကားလမ်းဖြတ်ကူးနေတဲ့ ယဉ်ထိန်းရဲကို
လိုင်စင်တောင်းကြည့်
စကားပြောရင် အသံထက် နီထွေးနေတဲ့
သွားကြားထဲက ကွမ်းစတွေ
အရင် လာစင်ခံရတဲ့ လိုင်စင်မဲ့ကားပါ
လက်ကျန်မိနစ်တွေမှာ ချေပဂိုးရော
အနိုင်ဂိုးပါသွင်းပေးမဲ့ လူစွမ်းကောင်းကို
စာရွက်ပေါ် ထင်သလို
လျှောက်ခြစ်ထားတဲ့
ကစားကွက်ပေါ်အားရခိုင်းနေတုန်း
တစ်ချို့က
gender ခွဲပြထားတဲ့နေရာမြင်တိုင်း
နားနေခန်းဆိုပြီး အပေါ့အလေးဝင်စွန့်သွား
လက်ဆေးကန်ထဲ နှပ်ညစ်သွား ...
နံရံတွေပေါ်
လက်စွမ်းပြ လိင်ဆက်ဆံသွား ...
တစ်နှစ်လောက်ပတ်ထားတဲ့
လက်ပတ်နာရီလေး ခုမှ
ဓါတ်ခဲထထည့်
အလန်း (Alarm)တွေညှိပြီး
၁၀မိနစ်စာအကွာက မှတ်တိုင်မှာ
အထက်လမ်းလား အောက်လမ်းလားတွေး
အိပ်ယာကနိုးနိုးခြင်း ရေအ၀မသောက်ခဲ့မိဘူး
ခုမှ ရေအိမ်ကိုဆွဲမချမိခဲ့တာ
သတိရတယ်
မောင်အောင်ပြည့်
8.12.2013
No comments:
Post a Comment