ရာသီစာ
October 26, 2012 at 5:50pm
ခဏတိုင်းမှားမှား ဆွဲမိနေတဲ့ ကံက လက်ထဲပါမလာဘူး ...အလွဲတစ်ချို့ ကတော့ သူတို့ ဟာသူတို့ ပြန်ပြန်တည့်သွားတယ် ...
ရှာ တွေ့ နေကျ ပျောက်ဆုံးမှုတွေက မှောင်နေတုန်း ...
ခံနိုင်ရည် တစ်ချို့ တစ်ဝက် က ရင့်ရင့်သီးသီးပေါက်ကွဲတယ် ...
ခုထိလည်း သူမလာသေးဘူး ...
ချစ်ခြင်း က လမ်းဆုံး ထိသွားတုန်း ...
ကိုယ်ကသာ မာန နဲ့ အတူ မှတ်တိုင်မှားဆင်းခဲ့တာ ...
ခုထိလည်း သူမလာသေးဘူး ....
လျှော်သင့်တာတွေ လည်းလျှော်ရမယ် ရှင်းသင့်တာတွေလည်း ရှင်းထားရမယ် ...
မဲမပေါက်တဲ့ အဖုံးတွေ တိုးတိုးလာတယ် ...မနက်တွေ ရင်ဘတ်အောင့်လာတယ် ...
သောက်နေကျ ဆေးကလည်း တစ်လုံးတည်း ...မှတ်မိနေတဲ့ နံပါတ်ကလည်း တစ်ခုတည်း ...
ရွတ်မိတဲ့ သီချင်းကလည်း တစ်ပုဒ်တည်း ... ရင်ဘတ်နဲ့ လွဲနေတဲ့ သိမှုကလည်း တစ်ခုတည်း
ခုထိလည်း သူမလာသေးဘူး ...
ခုထိ ငါလည်း သူ့ဆီက မသွားချင်သေးဘူး ။
မောင်အောင်ပြည့်
No comments:
Post a Comment