ကျွန်တော် နှင့် သူ၏ ရုပ်ကြွင်းများ ...
မင်းအတွက် ငါ....ငါဆိုတာ မင်းတို့ ပါပဲ
ငါတို့ ဆီမှာ နမ်မီဆစ်(Nemesis) အတွက်အလုပ်မရှိဘူး ...
ငါဟာရယူမဲ့သူ တစ်ယောက်လား ပေးဆပ်သွားမဲ့ သူတစ်ယောက်လား ...
ဗီဇ လား ၀ါသနာလား စွန့် စားချင်တယ်ဆိုတာ အိပ်မက်လိုပဲ....
ကျွန်တော်တို့  စိတ်ကူးတွေ လွှင့်ထားတယ်.....
ကျွန်တော်တို့ ကိုယ်တိုင် လွှင့်ထားတဲ့ စိတ်ကူးတွေနောက်ကို ပြန်လိုက်ဖို့ ဖြစ်ချင်ဖြစ်မယ်.....
နင့် ကို မလွတ်မလပ်ဖြစ်စေချင်လို့ မဟုတ်ဘူး....
ကိုယ်ကသာ မာန နဲ့ အတူ မှတ်တိုင်မှားဆင်းခဲ့တာ ...
တိမ်ကိုလေနဲ့ ရိုက်ရင် မိုးစက်များကျလေမလားပဲ
စွဲလန်းမှုရာသီမှာ ဥပက္ခာမိုးတွေ ပြတ်ပြတ်သားသားအုပ်တယ်
နေပူပူ မိုးရွာရွာ မင်းကအမြဲ ခမ်းနားနေရမှာ
စားပြီးတိုင်း ဆာ ဆာလာသမျှ ...ဆာပြီးတိုင်း စားရင်း
ခွက်တွေဟာ နိမ့်ပါးစွာ အသုံးဝင်နေသေးကြောင်း ...
မီဒီယာသမားတွေ အော်အော်နေ တဲ့
အသံတွေ အသံတွေ ဟစ်လို့ကောင်းပုံပဲ --
ညီမျှခြင်းဆိုတာ … ကျမ ဘက်က အနှုတ်တွေနဲ့ ညိုရတာ
ခံရတာတွေ များတော့လည်း ပုံစံတကျ
သူဟာ နောက်ကျနေတဲ့ဘူတာရုံပါ
ရေကူးမကျွမ်းတဲ့ ငါးလေး တစ်ကောင်ရယ်ပါ -
သားကို အတိတ်တွေနဲ့အတူ အရှင်လတ်လတ် ဂူသွင်းပေးပါ
ဒီမှာက အဆင်တန်ဆာကို အကွဲအရှနဲ့ တန် ဆာ ဆင် ထား တာ
သံယောဇဉ် တစ်စက်နဲ့လည်း ဘ၀ ကို ပွဲထုတ်လို့ ရတယ်
စိတ်ကူးတွေ ပျိုမျစ်မိသမျှ သင်းကွပ်ခံရသလိုပဲ …
ဒီဘ၀ မှာ ဒီအကြောင်းတင် ... ကျန်ခဲ့သူက နင်မဟုတ် ငါမဟုတ် ...
အားလုံးဟာ ကျွန်တော့် အပြစ်တွေပါ။
အောင်ပြည့် ( သ မု တိ )
30.10.2012
- ကျွန်တော် ရေးထားခဲ့သော ကဗျာများထဲမှ စာသားများ ပြန်ကောက်ကာ စုထားခြင်းဖြစ်သည်။
No comments:
Post a Comment