Friday, November 15, 2013

ပြက္ခဒိန် တစ်ခြမ်း နောက် က အအေးမိနေတဲ့ ရာသီဝက်

ပြက္ခဒိန် တစ်ခြမ်း နောက် က အအေးမိနေတဲ့ ရာသီဝက်


  1.  စကားလုံးရဲ့  အစီအရင် နောက်မှာ ရုပ်ပြတစ်ခု လို ရုပ်လုံးတွေ ကြွအောင် တစ်နည်း ...၊ အသံ တွေ လှအောင်တစ်မျိုး ၊ ကာရန် သေးသေးလေးတွေကို သဟဇာတ နဲ့ မိတ်ဆက်ပေး ခံစားသလို ဖော်ကျူးသလို။
  2. နာမ်တွေ စိတ္တဇ ဖြစ်လာတယ် ... ကြိယာ ဟာ ဖြစ်သော မွှန်းသော ခြယ်သော စကားလုံးတွေနောက် ကြားနေကျ ရနံ့ မြင်နေကျ အသံ တွေ နဲ့ အရေးပေါ်လှေကား လို ခိုင်မာ သလို မျိုး ၊ ကိုယ်တိုင်ရေး စာသားတွေ    က     သူများရေးတာကို စုံ လုံး မှိတ်။
  3. အတည် အတံ့တွေ ကျပျောက်လိုက် ... ပုံရိပ် ဖြစ်လိုက် ရေမျောလိုက် ပျံသွားလိုက် ဓါတ်သဘောတွေ အင်နားရှားတွေ သီအိုရီတွေ နောက် က အစိုင်အခဲ ကို ချပြ၊  မေးထူးခေါ်သံ တစ်ချို့  အောက်  ပြီးတော့ နံရံ နောက် က အပေါက်တွေအင်္ဂတေကို အားနာလာသလိုမျိုး။
  4. အသုံးအနှုန်း တစ်ချို့  သိမ်ငယ်လာတယ် ခေတ်ပြီးရင်း ခေတ်တွေ ချည်းဆိုတော့ ခေတ် ကို ပြန်အားနာမိ သလို ဘာဆို ဘာမှ မပါလာနိုင်တော့တာကိုက စိတ်ကို စကားလုံးနဲ့ ရာရှင်တွဲ တွဲမိနေတာ လုံးဝကို ပျော် လိုက် ပျောက်လိုက် ပဲ ။
  5. သီအိုရီတွေ ဖောက်ပြန်လာတယ် ... အသစ် အသစ် ဆိုတိုင်း အသစ်ဆိုတဲ့ စကားလုံးအဟောင်း က မျက်နှာပိုး  မသေသေးသလို ပုံ နဲ့ စံ ကို ခွဲရေး တွဲရေး ဇာတ်တိုက် မှာလား ရိုးသားမှာလား ... ၀ါဒ က ဒွိဟ နဲ့ ငယ်ပေါင်း လို ကျော်ဇောလာ။
  6. ပတ်ဝန်းကျင် ဟာ ကျဉ်းလာလိုက် ကျယ်သွားလိုက် ဘက်တီးရီးယား တစ်ကောင်လို ပိုးဟပ် တစ်ကောင်လို မြေကြွက် တစ်ကောင်လို ဒီကျွင်းထဲ က ထွက်ပြီး ဒီကျွင်း ထဲ ပြန်ပြန်ဝင် ပြီးနောက် လက်ခုပ်သံတွေ နဲ့ ဗိုက်မ၀ တတ်တော့ ဘဲ ဆားထဲ ပဲလှော်တွေ ညပ် ညပ် ထားပြီး နောက် ....

ကျီးတွေ မော့တိုင်း နတ်ကနေတာမျိုးမဟုတ် ၊ ခွေးမြီး ကို စွပ်မဲ့ ကျည်တောင့် ကို ရွေးနေတိုင်း  အရိပ် ခိုချင်နေတဲ့ အရိပ်က ရေပဲဆာနေတယ်။


အောင်ပြည့် ( သမုတိ )
3.11.2012

No comments:

Post a Comment