လူကလေးနဲ့ ပန်းချီကားအကြောင်း
June 18, 2013 at 12:25am
လူကလေးအသံမမြည်ပဲ ကြားတဲ့ကိစ္စငါတို့ရဲ့ စကားစမြည် ကိစ္စ ...
တစ်လောကလုံးမှောင်နေပါဦးတော့
ဓါတ်တည့်သူတွေ စားတဲ့အသားက သွားကြားမညပ်ဘူးဆိုလားပဲ
လူကလေး
မင်းလည်းထင်တာလုပ်တာပဲ ငါလည်း ထင်ရာလုပ်တာပဲ ...
အကြောင်းအရာက တစ်လမ်းမောင်း
မင်း ဘယ်ထဲက စီးလာစီးလာ ဒီခုံဟာဦးစားပေး
လူကလေး မင်းဘယ်တော့မှ ညောင်းမှာမဟုတ်ဘူး
ငါလည်း ဘယ်မှ ဆက်မသွားနိုင်တော့ဘူး
တစ်ခါတစ်လေ ပညတ်လေးတစ်ခုကိုတင် လမ်းပြောင်းပြန်မောင်းနေတဲ့ အသိုင်းအ၀ိုင်း
ထိုင်ခုံလေးပြရုံ ရှိသေး သွေးစုနာ ကိစ္စကို အငြင်းပွားနေတဲ့ ပတ်ဝန်းကျင်
လူကလေး
ငါတို့ လူစဉ်မမှီတဲ့ကောင်တွေ တောင်တက်နေတာလား ရေငုပ်နေတာလား
မင်း နာရီတစ်လုံးတော့ ရအောင်ဝယ်
အထူးသဖြင့် နောက်ပြန်မလည်တဲ့ နာရီကို
မင်းရအောင် ရှာဝယ်
လူကလေး မင်း နှလုံးသားက အခိုးခံရဖူးတာလည်း မေ့မသွားနဲ့
ငါလက်ထဲ ဘာမှ မပါပဲ နဲ့တော့
မင်းခေါင်းပေါ်က မြက်ဦးထုတ်လေး ငါမသိမ်းသေးဘူး
ငါ ခုတစ်လော သိပ်စကားမပြောတာ အသက်အောင့်အောင့်ထားရလို့
ငါတို့ ခေါင်းဆောင်တွေ ခုတစ်လော သိပ်စကားမပြောတာ
မင်းပယောဂကြောင့်
တော့ အဖြစ်မခံနဲ့
လူကလေး ။
ညကမက်တဲ့ အိပ်မက်မှာ ပန်းချီကားကြီးပါတယ်
သစ်ပင်ကြီးပါတယ် အရွက်တွေမပါဘူး
မြေဆီလွှာတွေမတွေ့ ဘူး ...
မင်းရောငါရော အပြင်တစ်ခြားငှက်တွေပါ နားနေတယ် ။
မောင်အောင်ပြည့်
No comments:
Post a Comment