"ဘူတာမှားနေတဲ့ ညနေ"
December 8, 2012 at 5:04pm
"ဘူတာမှားနေတဲ့ ညနေ"
ဘာကိုမှ လိုက်မမှီတော့ဘူး ...
ဘယ်သူ့ကိုမှလည်း မှီအောင်မလိုက်နိုင်ဘူး ...
နည်းနည်းများ ရုပ်ဆိုးသွားလားမသိဘူး ...
ရေမွှေးဆွတ်တာ များသွားတယ်...
တကယ်တော့ ဘူတာမသိပဲ မောင်းနေတာ
မှတ်တိုင်မဟုတ်ပဲ လူတင်နေတာ ...
အနံ့ချင်းတူတော့လည်း
အသက်အောင့်ထားစရာ မလိုဘူး ...
အမြင့်ခုန်ချင်တိုင်း
အောက်ကိုပဲ ဖိဖိမိနေတတ်တာ ...
သူရဲကောင်းတွေ အစွမ်းမပြခင်
ဒါဏ်ရာအကြီးအကျယ် ရတာများတယ်လေ ...
အမာရွတ်တွေများခဲ့ပြီးပြီ
ဒါကိုပဲ အရင်းအနှီးလုပ်သင့်တော့တယ် ...
တစ်ပွဲလုံး စပေးဘောတွေများတယ်
အမြဲလူကျွံနေတာ သူများထောင်ထားလို့ချည်းမဟုတ်ဘူး ...
ကြံရာပါတွေပေါတော့
ကြမ်းတွေက ဖနောင့်ထဲကထွက်မလာတော့ဘူး ...
လက်ဝါးချင်းရိုက်တိုင်း ...
လက်သီးဆုပ်ချင်းထိတိုင်း ...
ရင်ဘတ်ချင်းအပ်တိုင်း ...
ဖန်ခွက်ချင်းတိုက်တိုင်း ...
သစ္စာတရားက အသံထွက်မလာဘူး။ ။
အောင်ပြည့်(သမုတိ)
ဘာကိုမှ လိုက်မမှီတော့ဘူး ...
ဘယ်သူ့ကိုမှလည်း မှီအောင်မလိုက်နိုင်ဘူး ...
နည်းနည်းများ ရုပ်ဆိုးသွားလားမသိဘူး ...
ရေမွှေးဆွတ်တာ များသွားတယ်...
တကယ်တော့ ဘူတာမသိပဲ မောင်းနေတာ
မှတ်တိုင်မဟုတ်ပဲ လူတင်နေတာ ...
အနံ့ချင်းတူတော့လည်း
အသက်အောင့်ထားစရာ မလိုဘူး ...
အမြင့်ခုန်ချင်တိုင်း
အောက်ကိုပဲ ဖိဖိမိနေတတ်တာ ...
သူရဲကောင်းတွေ အစွမ်းမပြခင်
ဒါဏ်ရာအကြီးအကျယ် ရတာများတယ်လေ ...
အမာရွတ်တွေများခဲ့ပြီးပြီ
ဒါကိုပဲ အရင်းအနှီးလုပ်သင့်တော့တယ် ...
တစ်ပွဲလုံး စပေးဘောတွေများတယ်
အမြဲလူကျွံနေတာ သူများထောင်ထားလို့ချည်းမဟုတ်ဘူး ...
ကြံရာပါတွေပေါတော့
ကြမ်းတွေက ဖနောင့်ထဲကထွက်မလာတော့ဘူး ...
လက်ဝါးချင်းရိုက်တိုင်း ...
လက်သီးဆုပ်ချင်းထိတိုင်း ...
ရင်ဘတ်ချင်းအပ်တိုင်း ...
ဖန်ခွက်ချင်းတိုက်တိုင်း ...
သစ္စာတရားက အသံထွက်မလာဘူး။ ။
အောင်ပြည့်(သမုတိ)
No comments:
Post a Comment