ယဉ်ကျေးမှုကအဆံချောင်နေတယ်
ဆင်ကန်းတွေနင်းတဲ့တောမှာ အသံတွေချည်းကြားနေရတယ် ...အောင်ပြည့် ( သမုတိ )
စကောထက်နက်တဲ့ဇောက်တွေလား ဇောက်လောက်မှမနက်တဲ့ စကောတွေနဲ့လား ...
အလင်းမပါတဲ့အော်သံတွေ----ဘုရားစူး ရဲရဲတောက်တွေ ...
စကားတစ်ခွန်းနဲ့ နွားအကောင် ၂၀ လောက်ရရနေတာ ...
တစ်ဖက်ကန်းနေတဲ့မျက်လုံးတွေ ...
လက်ဖမိုးမပါတဲ့ လက်ဖ၀ါးတွေ ...
အုတ်လိုလို ကျောက်လိုလိုတွေ ...
ခါးမတို့ပဲ ယောင်တတ်တယ် ...
အသံကြားရုံနဲ့ ယောင်တတ်တယ် ...
တတ်လို့ယောင်ပြီး ကားနေသလိုလိုနဲ့
ကားပြီးယောင်လို့ တက်သွားတာမျိုး ...
ဝါးလုံးခေါင်းထဲမှာလည်း " လ " ကလင်းတာပဲလား ...
အသံတွေကြောင့်သေသွားတဲ့ ဖားတွေနဲ့
ဖားလို့အော်တဲ့ အသံတွေ ကြောင့်
ပက်လက်လှန်ထားတဲ့ လိပ်လိုပဲ
ခုတော့ ယက်ကန်ယက်ကန် ။
2.12.2012
No comments:
Post a Comment