ကွန်ပတ်စ် ကိုခုတုံးလုပ်ခြင်းအားဖြင့်
တောင်ပိုင်းလားမြောက်ပိုင်းလားဆိုတာ သံလိုက်အိမ်မြှောင်က
ပြောတာ
ပညတ်ချက်တွေကိုလိုက်နာဖို့ဘယ်ဥပဒေကိုအဆို
တင်သွင်းမလဲ …..
နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ
လက်မည်းမည်းကြီးထဲမှာ လက်နုနုလေးတစ်စုံ
အောက်လိုက်တာ
နှလုံးသားနုနုလေးထဲမှာ နားလည်မှုလေးမတ်တပ်ရပ်နေတာ
ဟုတ်ပြီလား
ခု ကျွန်တော်တို့ ဆက်တွေးရမှာက …
နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ
ပြဿနာက ဟန်တစ်ခု နာမည်လေးထိုးစရာ
မလိုအောင် …
တောင်းရမ်းကြည့်ပါ မိုးကလည်းလေကိုမျှော် လေကလည်းမိုးကိုမျှော်တာပဲ
ကျွန်တော်လည်း ကဗျာကိုဘဲဖတ်တာပါ လေကလည်းမိုးကိုဘဲမျှော်တာပါ
ဘယ်လိုမှတက်လိုက်လို့မရဘူး … ခုံအပြည့်နဲ့ကားက လူပိုတင်နေတာ
ခုကျွန်တော်တို့ဆက်တွေးရမှာက …
ပညတ်ချက်တွေ
အဟောင်းကို အစစ်လို့ညတ်ပြီး အသစ်ကိုခေတ်လို့
ညတ်ပါ
အစစ်ကိုခေတ်ထဲ တင်တော့
ဘယ်လိုမှတက်လိုက်လို့မရဘူး … လူပိုတွေက ခုံမရလည်း လိုက်သွားတာဘဲ
ကျန်နေတော့လည်း ရှယ်လီ့ဆီက မီးတစ်တို့တောင်းပြီး
ဆက်ပေါ့နေလိုက်
ခုကျွန်တော်တို့ဆက်တွေးရမှာက …
နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ
စကားလုံးအကြီးကြီးတွေ မှိုင်းတိုက်ပြီး အောက်စီဂျင်လျော့လိုက်
ပါးစပ်ကမြင်းသားတွေကြောင့် ဆူဝပြီးပြုတ်ကျလာတော့
မောင်ချောနွယ်ကြီး ပါလာတယ် …
ကိုယ့်လူ သူ့ညနေခင်းလေး ခင်ဗျားဝယ်ပေးလိုက်ပါ …
အဲ့တော့ တောင်ပိုင်းလားမြောက်ပိုင်းလား …
လက်ယာလားလက်ဝဲလား …
ကျွန်တော်သိတဲ့ကဗျာဆိုတာက
ရေးတာဗျ အဲ့တော့ရေးပေါ့ဗျာ
အဲ့တော့
ဆက်တွေးဦးမလား …
တစ်ချို့ က လိုင်းနဲ့စကားလုံးနဲ့
ကစားတယ်
တစ်ချို့ က မိုက်ခရိုဆောဖ့်ဝေါ့ နဲ့
ကစားတယ် …
သံလိုက်အိမ်မြှောင်ကတင်သွင်းသော အဆိုအရ
ပညတ်ချက်များကို အောက်ပါကွန်မန့်များတွင်ဆက်ဖတ်ပါရန် .........
အောင်ပြည့် (သမုတိ)
12.1.2013
No comments:
Post a Comment