Friday, November 15, 2013

တစ္ဆေ

တစ္ဆေ


ကြိတ် ဖိ သိပ် နေတာ ... အတင်းကို
ကျဉ်းထဲကြပ်ထဲ ...
အမောဖောက်သလို နာနာဘာဝ ၊ မကောင်းဆိုးဝါးတွေ
အလျင်
အဟုန် ပြင်းပြင်းနဲ့
မတိုးလာနဲ့
တိုး
မလာနဲ့ ...
လွတ်ရာကျွတ်ရာ သွား . သွားပါ
အညှီလို အဟောက်လို
ဆာလောင်သလို
 မျှော်ကိုးသံ
ရင်ဘတ်တစ်ခုလုံးညှစ်ပြီး အူ ပစ်လိုက်
ဖောက်ထွက်
တိမ်ဆိုင်တွေဖောက်ထွက် ... လေတွေထဲတိုးဝင်
ဖောက်ထွက်
ရင်ဘတ်ကြီး
တစ်ခုလုံးဖောက်ထွက်
တိုးဝင် ...  ဖြည်းဖြည်းချင်း
တစ်လှမ်းချင်း မိစ္ဆာတွေ
ညှီနံ့တွေ
ရင်ဘတ်တစ်ခုလုံးညှစ်ပြီး အူ ပစ်လိုက် --
အနက်ရောင်တွေ ၀ါးလာ
ဝေ ၀ါး လာ
ဖြည်းဖြည်းချင်း ထင်ရှားလာ
ရုပ် -- နာမ်
လွတ်ရာ လွှတ်ရာ
ရုန်း ... ကုန်းရုန်း
ဖောက်ထွက် ... ပြေးထွက်
သည်ထက် ကိုနီးကပ်
သည်ထက် ကိုနီးကပ်

ရင်ဘတ်တစ်ခုလုံး ဖောက်ထွက်
ပွင့်
ထွက်
သွား ။ ။

                                                                            အောင်ပြည့် (သမုတိ)
                                                                                29.12.12

No comments:

Post a Comment