ဘဲငန်း
သူ့အဘိုးဘဲငန်းဘုတိုက...ဦးနာအောက် သဘောင်္ပေါ်
အောက်လမ်းနဲ့လိုက်နေကြလေ ... ဘဲငန်းဘုတိုကြီး ဆုံးတော့
သူ့မိန်းမ ဘဲပြားလည်ရှည်မကြီး ရွှေဝါဆပ်ပြာတစ်တုံးရဖို့ တန်းစီရင်း
မှောင်ခိုသမား ဘဲငန်းငနက်နဲ့ တွေ့တာပဲ ...ဘဲငန်းငနက်တို့က မျိုးနဲ့ရိုးနဲ့မှောင်ခိုလုပ်တာလေ
ဘဲငန်းငနက်ရဲ့  ယောက်ဖ ဘဲဂွင်ကျော် ဆို ဂျူးတွေနဲ့ ပါလက်စတိုင်းဖက်မှာ
အရောင်းအ၀ယ်လုပ်ရင်း အဆိပ်မိသွားတာ... ဘာပြောကောင်းမလဲ။
သူ့နဲ့အတူပါတဲ့ ဘဲကလိမ် တောင် သမ္မတကြီးမော်နဲ့ ပေါင်းထားလို့ကပ်လွတ်သွားတာ
ဘဲကလိမ်တို့ ဆက်ဆံရေးကောင်းတာလည်း မပြောနဲ့လေ
သူ့ညီမ ဘဲငန်းမဒီ တို့အဖွဲ့ဆို ပိုပေါ့ နဲ့ ဟူစိန် တို့နဲ့ထိပါ မှောင်ခို လုပ်တာ
ဘဲငန်းကို မွေးထားတာက လူနာ(Luna)
လူနာ(Luna)ကို စွဲ ဆွဲ နေတဲ့ ဘဲကို ဘဲငန်းကောင်းကောင်းမှတ်မိတယ်
ဘဲငန်း လည်း လူနာ(Luna) ကို စွဲနေတာပဲ ... ဘဲငန်းစွဲတဲ့အထဲမှာ
ဘဲငန်း ဦးလေး ဘဲတန်ရှည်ကြီးလည်း ပါတယ်
ဘဲတန်ရှည်ကြီးက ၈၈ တုန်းက ခေါင်းဖြတ်လို့ဆိုပြီး သာယာဝတီမှာ ကင်ခံလိုက်ရတာ
ဘဲတန်ရှည် ရဲ့  သူငယ်ချင်း ဘဲမြီးတိုဆို တသသ ဖြစ်လို့မဆုံးဘူး
ဘဲမြှီးတိုဆိုတာကလည်း စစ်ကြောရေးက ဘဲတိမ်တွေကို ကလော်စားခဲ့တာလေ
ကလော်ကောင်းလို့ တိုက်ပိတ်မယ်လည်းဆိုရော ဘဲဝါဒါ နဲ့ လိုင်းဝင်ထားလို့ သက်သာတာ
ဘဲဝါဒါ ဆိုတာကလည်း အိမ်က ဘဲသအုပ်မကြီးကို ကြောက်ရတာမျိုး
တစ်နေ့ ဘဲသအုပ်မကြီး ဈေးထဲအသွား ဘဲဂျော်နီ တို့တစ်သိုက် ၀ီစီ တစ်ဝီ၀ီနဲ့
သေနတ်သံသုံးချက်လောက်ပေးပြီး ၀င်လာတာ
ဘဲဂျော်နီက တက်စီ လူမျိုး... သူက လူမျိုးရေး သိပ်အလေးထားတာ
တွေ့ သမျှ ဟူတူဘဲတွေ အကုန် လည်ပင်းမှာ သံဂွင်းအချိတ်ခံရတော့တာပဲ
ဘဲငန်းက လူနာ(Luna) ခိုင်းသမျှအကုန်လုပ်တာ
ဘဲငန်းတို့က ဆွေစဉ်မျိုးဆက် သစ္စာရှိတာ ...သူ့ ကြီးတော်ရဲ့ ယောက်ျား ဘဲနှုတ်တိုဆို
ဒုက္ခသည်တွေအတွက်ဆိုပြီး ရခိုင်ကသူ့ အိမ်သူမီးရှို့ တာလေ ... ဘေးက ဘဲမှောင်တို့ တဲလေးတောင်
တိုင်လေးပဲကျန်တယ်ဆိုလား သီချင်းလုပ်ဆိုတယ်ဆိုလားပဲ ...
ဘဲမှောင်တို့ကို သဘောင်္နဲ့ခေါ်တင်သွားတော့ ဘဲမှောင်ခမျာ နေ့ချင်းညချင်းပဲ ကားစီးရမလို တိုက်နဲ့နေရမလိုနဲ့
ဘဲမှောင်တို့မိသားစု လက်ပစ်ကူးနေပါရောလား ... လက်ပစ်ကူးတယ်ဆိုလို့ လက်ပစ်ဗုံးတွေသယ်လာတဲ့
ဘဲဇောက်မနက်ရဲ့  ကား မိတ္ထီလာမှာသောင်တင်နေတယ်ဆိုလားပဲ ... သူတို့က ဘဲအန်းမ တို့ဖက်ကလာတာလေ
ဘဲအန်းမတို့က ပလပ်စတစ်တွေထုတ်တာ သူတို့အိမ်မှာ ကျွန်းသစ်နဲ့ ကျောက်စိမ်းတွေနည်းတာမှမဟုတ်တာ
အဲ့ဒါတွေကို ယူပေးတာကလည်း ဘဲတစ်ဘို့ ဆိုတဲ့ဘဲပေါ့ ... ဘဲတစ်ဘို့လည်းသူ့ခြံထဲမှာဆို ကားထူထူပါးပါးတွေ
တစ်ပုံကြီး သူကတောင်တွေဂတုံးတုံးတဲ့အလုပ်လည်းလုပ်သေးတယ်လေ
ဘဲငန်းကဘာကိုမှအယုံကြည်ရှိတာမဟုတ်ဘူး လူနာ(Luna)က အိမ်မှာ 969 ကပ်ထားတယ်
ဘဲငန်းရဲ့  ညီလေးဘဲကံကောင်း တောခိုတုန်း လင့်စင်ကြီးထိုးပြီး ပြောချင်တာတွေ ပြောလိုက်တာ
ဘဲကံကောင်း ချက်ချင်း အကိုးကွယ်ခံဖြစ်သွားတယ်လေ ... ဘဲကံကောင်းကို ကိုးကွယ်တဲ့
ဘဲမျက်ပြူး တို့ဆို လက်ထဲဒုတ်တွေဓါးတွေကိုင်ပြီး ဘဲကံကောင်းကို ကာကွယ်လိုက်တာ
တောမီးလောင်တော့ အလောင်းတောင်ရှာမတွေ့ တော့ပါဘူး ...
အလောင်းတွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ဘဲပုပြတ်တို့လင်မယားလည်း ဒါဖာမှာအလုပ်များလို့
တရုတ်ပြည်မှာယဉ်ကျေးမှုသွားလေ့လာတာ အဆက်အသွယ်မရတော့ပါဘူး
ဘဲပုပြတ်တို့မှာ သားတစ်ယောက်တော့ကျန်ခဲ့တယ် သူလည်း ဘဲကတော်ကြီးကောင်းမှုနဲ့
ကမ္ဘောဒီးယားမှာ ခမာလူမျိုးဖြစ်နေတယ်ကြားတာပဲ
ဘဲငန်းကို လူနာ(Luna)က လူနာစားဖို့ စွတ်ပြုတ်လုပ်သောက်မယ်ဆိုတော့
ဘဲငန်းပြေးလိုက်တာ မြောက်ကိုးရီးယားကိုဖြတ် ဂျာမနီကိုဖြတ် အင်ဒီယားကိုဖြတ် ရာဝမ်ဒါကိုဖြတ်
အာမေးနီးယန်းကိုဖြတ် ကမ္ဘောဒီယားကိုဖြတ် စတာလင်ကိုနင်း ဟစ်တာလာကိုနင်း
နောက်ဆုံးတရုတ်ပြည်ကြီး ဖြတ်အပြီးလှည်းတန်းက ခုံးတံတားအောက် ထိုင်နားတုန်းရှိသေး
လူနာ(Luna)က 969 ကပ်ပြီး ဒံပေါက်စားနေတာလည်းမြင်ရော ...
ဘဲငန်းခမျာ မြူးကြွတဲ့တေးသံ ပျံလွင့်လို့နေ ကူးပြောင်းစ သင်္ကြန်မဟာဆိုပြီး
မဏ္ဍပ်လေးထိုး ဂန်းနားစတိုင်လ်လေး ပြေးကလို့ပေါ့
ဘဲငန်းလေ သိတယ်မဟုတ်လား
ခုတစ်လောတော့ ဘဲငန်း ၉ နာရီကျော်တာနဲ့ အမှောင်ထဲ
ဈေးရောင်းရောင်းနေရတယ် ...
ဘဲငန်းလေ သိတယ်မဟုတ်လား ခုထိရေကူးမတတ်သေးတာကိုပေါ့ ။
မောင်အောင်ပြည့်
30.3.2013
No comments:
Post a Comment