လက်တွေ့ ကိုစိတ်ထဲမှာမှတ် ( မှူးသစ် ၊ ဒီလူကလေး ၊ မောင်အောင်ပြည့် )
ဘာသာတရားများလား
ဘယ်လိုသဘောနဲ့ဖြစ်ဖြစ် လေကတိုက်နေပြီ
အကြောင်းအကျိုးဆက်နွယ်မှုသဘောဟာ လောကနိယာမ
ဘယ်သူပဲဖြစ်ဖြစ် စစ်ဖြစ်ခွင့်ရှိတယ်
ဒီထက်ပိုပြီးလည်း ဖြစ်ပျက်နိုင်၊ ပြီးဆုံးနိုင်ပါတယ်။
ဆံပင်တွေဖြူလာတိုင်း အသက်တွေ ပိုကြီးသွားမလား၊
ဒါမှမဟုတ် အတွေးအခေါ်တွေ ပိုမြင့်တက်သွားမလား
သွေးသားတွေဟာ လူ့ စိတ် ကို ရိုင်းစိုင်းစေတယ်
ဒီလိုမှမဟုတ်လဲ ပိုပြီး ယဉ်ကျေးသွားစေတယ်
ကမ္ဘာကြီးမှာ အမှတ်အသားတွေနဲ့ ပတ်မိနေတဲ့ ဆိုက်ကိုပဲ
ဘယ်ကမ်းကို ပြေးကပ်ကပ်
ယဉ်ကျေးမှုမုန်တိုင်းတွေပဲ ငါ့တို့ စိတ်ကို လာရိုက်ခတ်
ဘာထူးလာဦးမလဲ
ယုံကြည်ချက်ကို လက်နက်လုပ်တော့လည်း
အကျည်းတန်သွားတာကလွဲလို့ ...
မီးစဆိုတာ ကိုယ်တိုင်ရှို့လိုက်ရလို့ ဂုဏ်ယူရမယ့် ၀ါဒလား
စိတ်ထဲရောက်လာတဲ့ မုန်တိုင်းကို ဖမ်းဆွဲလိုက်တော့
မိုးက အိတ်ကပ်ထဲဝင်ခွေနေမယ်လို့ ထင်လား
နာကျင်မှုဟာ ပညတ်ချက် ၊ တယူသန် ၊ ပရိုဂျက်တာကြီး
တံဆိပ်တွေ ကပ်ထားသ၍တော့ ဘာများထူးလာဦးမှာလဲ
နာကျင်မှုဆိုတာ ခင်များတို့ ကျွန်တော်တို့ သွေးသားရဲ့ 
လူတစ်ယောက်ခြင်းစီရဲ့ အိတိကပ်ထဲမှာ ရင်ဘတ်တစ်ခုလုံးနဲ့ တောက်လောင်
ဒီအသွေး နဲ့ ဒီအသားနဲ့ ဒီအရောင်နဲ့ ကမ္ဘာကြီးကို ပိုပို ဟောင်းစေတာလား
တကယ်တော့..
ပျော်ရွှင်မှုဆိုတာ ငါ သောက်နေတဲ့ ၀ီစကီ ခွက်ထဲက ရေခဲတုံးကလေးတွေပဲ
ဘယ်သူမဆို သောက်သုံးကြည့်ဖို့ အခွင့်အရေးရှိနေတယ်။
လေတိုက်တယ်ဆိုတာ ဘာသာစကား
အကြောင်းတရားတစ်ခုခုရဲ့ အသွင်အပြင်အမူရာ
တစ်နေရာရာကို ချဉ်းကပ်ကြည့်ကြမလား ပီတိ
ရသာစုံ မလိုင်ခဲတွေကို ဆေးထဲ ထိုးနှစ်လိုက်
ငါတို့ အတူ တစ်ခုခုကို အားစိုက်နိုင်မလား
ငါ့ဖြင့်ကွာ မျှော်လင့်ပါရဲ့
အခြား ငါလို့ လူတွေ လည်း မျှော်လင့်တန်ကောင်းရဲ့
အပြစ်ဆိုတာ ရှုထောင့်နဲ့ပဲ ဆိုင်တယ်
မတူညီမှုကို ဆုပေးဒဏ်ပေးချင်ရင် ထွက်သွားးးးး
ဆင့်ပွားအလစ်သုတ်မှုဟာ တိတ်ဆိတ်နေပါပြီ
လူမနေအခန်းကလေးရဲ့ ကျူးကျော်ခံရမှုပေါ့
လက်တွေ့ ကို စိတ်ထဲမှာမှတ် အသံရဲ့ လားရာမှာ
သွေးတွေ စွန်းထင်းနေပါတော့
ဖားတစ်ချို့ဟာ မိုးခေါင်မှ အော်တာမဟုတ်ဘူး
အချိန်အခါဆိုတာ တည့်တည့်ရိုက်မှ အင်နားရှား ပီပြင်တာ
လှုံဆော်ဖို့ ဘယ်လိုအသံတွေ လိုမလဲ..
ဘယ်လို ယုံကြည်ချက်တွေ လိုမလဲ..
ဘယ်လို ခံယူချက်တွေ လိုမလဲ...
လက်ထဲ ထည့်ပစ်လိုက်တာ စာသားကြီးသက်သက်ဖြစ်မလာတော့
ကဲ...
တွေးကြည့်
ခင်ဗျား ဘာကိုးကွယ်နေသလဲ
ဖြစ်ချင်တာ ဖြစ်ဆိုပြီး ဘ၀မှာ
ကျွန်တော်တစ်ယောက်ထဲ တိတ်တဆိတ်
ရှင်းလို့ရပါလျက်နဲ့
ဆိုပါတော့ မှူးသစ် ၊ ဒီလူကလေး ၊ မောင်အောင်ပြည့်
26.3.2013

No comments:
Post a Comment