ဒီတစ်ခါ ထည့်ထားတဲ့စာလုံးတွေမှာပြင်ဆင်ချက်တွေမထားတော့ဘူး
ဘာမှမဟုတ်လည်း သူ့ အလင်းကသူအရိပ်နဲ့ကွယ်နေတာ
လက်ထဲကိုင်ထားတဲ့ ဘောပင်က ထွက်လာတာ မုသားတွေချည်းပဲ
လိပ်ပြာတွေ လှောင်အိမ်ထဲ လုံခြုံ အောင် ဘယ်လိုထိန်းထားသလဲ။
စိုးရိမ်မှုဆိုတာ ဘာမှဆုပ်ကိုင်စရာမကျန်တဲ့အချိန်မှ အနားယူတာ
တစ်ခါတစ်ခါ မျက်စိမှိတ် ပစ်ယုံလိုက်တာ လုံခြုံတယ်။
တစ်ကြိမ် တစ်ခါ မဟုတ်တော့ရင် ဒါလွဲမှားမှုမဟုတ်တော့ဘူး
ပျော်ဝင်နေတာလား မင်သက်နေတာလား လက်ထဲအားလုံးလွင့်ပျောက်သွားပြီ။
ယုံကြည်ချက်ပျောက်တယ်ဆိုတာ မျက်လုံးထဲဝင်နေတဲ့သွေးပဲ
ဘယ်သူ့ကိုမှ စေ့စေ့မကြည့်ရဲတာ...နားထင်ကြောတွေ ဘယ်သူဖောက်သောက်သွားတာလဲ။
အပြစ်ရှိသလိုခံစားချက်ကို လက်ကွက်တွေထဲ ထည့်ရိုက်မိတယ်
မနက်ဖြန်ဟာ ဘယ်သူလာဖွင့်ပေးမဲ့ တံခါးချပ်လဲ
ဘာမှမပါလည်း နိုးရမဲ့ညလေ
သူ့လက်ထဲမှိတ်ထားတဲ့မျက်လုံးတွေမှ အိပ်မောကျနေတယ်။
မောင်အောင်ပြည့်
15.3.2013
No comments:
Post a Comment