Friday, November 15, 2013

သံပါတ် သံ ကို ခြစ် ချိ ကုတ် ကုတ် နဲ့ ရိုက် ။

သံပါတ် သံ ကို ခြစ် ချိ ကုတ် ကုတ် နဲ့ ရိုက် ။


အင်း … အဲ့လိုပဲ ရောက်တတ်ရာရာ ဆိုပြီး ထထ
ခွဲလိုက်တာ …မနေ့တစ်နေ့က နာရီသံတွေ နက်ဖြန် အတွက်ဆိုပြီး ကျကျ
ကွဲတယ် …

ဒီမှာ .. ဒီနားလေးမှာ …
အော် .. အင်း တန်းစီ
လာခဲ့သမျှ အလျင်းသင့် သလိုနဲ့ချည်းတိုး …

ယပ်ခပ်ပြီး တစ်ချက် နှစ်ချက် ဇိမ်နဲ့ ငိုက်
ငိုက် ကျသမျှ ကုတ် (Codes) တွေ … တိုးတိုး ဝှေ့ဝှေ့ အော်သံ
ညံသံတွေ မှာ သူနာမည် မပျက်ဘူး …

အော် … အင်း … အဲ ဟုတ်ပါ့ … ခေါက်ကနဲ
ကြွေသွားတဲ့ ပိတောက် ခပ်စိမ်းစိမ်းပစ်ကြည့် လိုက် … ခါးကြားသပ်လျှိုထားတဲ့ အနာက ပြန်ပြန်အော်နေပုံများ … လင်းပါတယ်ဆိုမှ
သူ့မှာ မိုက်ခနဲ မူးမူးပြ
နေတာ အတိုင်းအတာ တွေ တောင် ကြွေကြွေကျ … ခပ်ရင့်ရင့်
လျှောက် ..ပျောက်ချင်သလိုပျောက်လိမ့်မယ် …
တန် လာရင် နိုးနိုး …လိမ့်နိုးနိုး တွေ ကို ဆက်မျှော်ကြည့် …. မြင်ကြည့်ပါ။
၁၀၀ မဟုတ်ဘူးလား ဗျ … ၇နာရီမကျော်သေးပါဘူးဗျာ …

ခြစ် ခြစ် ကုတ် ကုတ် နဲ့ ချိကုတ် တွေ …
တနေကုန် လျှောက်တဲ့လမ်း ကိုကားပေါ်ကရေငတ်ပြ … သားသား နား နား နဲ့
သ န တယ် …
အင်း … အို လှူတာပဲကွယ် သူဟာသူ
ဖျော်သောက်သွားတာကိုမှ လိုက်တားရမယ်တဲ့လား ..
 ခြစ် ခြစ် ကုတ် ကုတ် နဲ့ ချိကုတ် လေးတွေ
တက်သွား … လိုက် တက် သွား … စားပွဲအောက် စားပွဲ
ရှိတယ် … စိတ်ပါရင် ပုခုံးနှစ်ဖက်ကြား က အသားမာတုံးကြီးနဲ့ ကောက်ထုလိုက် ..
အလှည့်ကျလာမဲ့ တံဆိပ်တုံးတွေကို တုံကင်နံပါတ်မေးကြည့် ခြစ် ကုတ် ပြီး
ချိကုတ် ထည့်လိုက်ရင် ပျော်စရာပဲ ..

ဘောင်တွေ တိုင်းရိုက်ချလို့ မတက်ဘူးသားရယ် …
စားပြီးတိုင်း ဆာ ဆာလာသမျှ
ဆာပြီးတိုင်း စားရင်း … ခြစ် ခြစ် ကုတ် ကုတ် နဲ့ ချိကုတ် တွေ ကို ပန္နက် ရိုက်
အလံတစ်လူလူနဲ့ တိုင်ကိုကြိုးမှာ ချည်ပြီး ချည့်နဲ့ နေတာ သဘောတရားတွေကို အရောင်အဆင်း မှောက်
မှားစေတယ် …
ကပ်မပါ လာတိုင်းသံလိုက်ကိုချည်း အပြစ်ဖို့နေတာ … သံတွေကရော
စစ်လို့လား …
အင်း … အော် ခြစ် ခြစ် ကုတ် ကုတ် နဲ့ ချိ ကုတ်  ..
တူ တူ တူ။



အောင်ပြည့် ( သ မု တိ )
4.10.2012

No comments:

Post a Comment