Curriculum Vitae
ပွကြီးဟာဆိုင်းတွေဗုံတွေမဆင့်ပါဘူးအနာဂတ်တစ်ခုကိုအိပ်ထဲစိုက်လို့ရေလောင်းပေါင်းတင်ပြီး
ရန်ကုန်ကိုလက်မှတ်စုံလင်စွာနဲ့ရောက်လာပါတယ် ---
ပွကြီးဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်သလို -- ပွကြီးဟာ ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။
ပွကြီးဟာ အင်္ဂလိပ်ကားကောင်းကောင်း ကြည့်နိုင်သလို -- ပွကြီးဟာ ဖေစ့်ဘွတ်လည်း ကောင်းကောင်းသုံးတတ်ပါတယ် --
ပွကြီးဟာ တစ်ခါတစ်လေ ကွန်ပျူတာပြင်သူတစ်ယောက်ပါ--- တစ်ခါတစ်လေ စာရင်းကိုင်ပါ --- ပွကြီးဟာ တိုင်နှစ်ချောင်းချိုးပြီး ကားမောင်းကျွမ်းကျင်လိုင်စင်ယူထားသူပါ --- ပွကြီးဟာ ပုံဆွဲလည်း ကျွမ်းကျင်ပါတယ် ---မျက်စိတော့ နည်းနည်းလည်ပါတယ် --- ဒီလိုပဲလို့လည်း စာရွက်တွေကပြောပါတယ် --ပွကြီးဟာ သစ်ပင်တွေလဲတိုင်းရင်မခုန်တော့ပါဘူး --- ပွကြီးဟာ ချစ် ချစ် လေး လုံးထက် အသက် ၃ နှစ်ကြီးပါတယ် --
ပွကြီးဟာ အသားအရေနဲ့ လူမျိုးမခွဲခြားတတ်ဘူး -- ခါမာတီ ရယ် ဆူဇန် ရယ် ကျင့်မေစန်း တို့ဟာ ပွကြီးရဲ့ရည်းစားတွေပါ --ပွကြီးဟာ ဂျင် ကို မပေါက်ပဲလည်အောင်လုပ်ရတာကို သဘောကျသူပါ --လည်အောင် မပေါက်တာပါ -- မပေါက်တာဟာ ပိတ်နေတာလည်း မဟုတ်ပါဘူး--- ပိတ်နေလို့ မပေါက်တာပါ -- ပွကြီးဟာ ပြောင်တာကို အလွန်သဘောကျပါတယ် --- ပြောင်နေရင် တံတွေးဆွတ်ပြီးရိုက်ရတာကို အလွန်ဝါသနာထုံပါတယ် --- တံတွေးဆွတ်တယ်ဆိုတာ ပိုပြောင်ချင်လို့ပါ --- ပိုပြောင်တဲ့သူတွေဟာ တံတွေးမဆွတ်ပါဘူး ။ မျက်မှန်တပ်ပါတယ် -- မျက်နှာပြောင်တာ လူသိမှာဆိုးလို့ပါ --
ပွကြီးဟာ မုံရွာ သားမဟုတ်ပါဘူး -- မြစ်ကြီးနားကလည်း မဟုတ်ပါဘူး -- နီးနီးနားနား ပဲခူးကပါ ။ ပွကြီးဟာ အလုပ်ကို အိပ်ချိန်၊စားချိန်နဲ့ သူစိတ်မပါတဲ့ အချိန်ကလွဲလို့ အချိန်ပြည့်လုပ်နိုင်သူပါ ။ ပွကြီးဟာ စာရွက်စာတမ်းများပေါ်က ခေတ်ပညာတတ်တစ်ယောက်ပါ ။ ပွကြီးဟာ ပညာရပ်များကို အလုပ်ပဲမှာသေချာသင်ကြားမှာဖြစ်ပါတယ် --လိုအပ်၍ ဖြစ်စေ မလိုအပ်၍ ဖြစ်စေ နယ်မြေအရပ်ရပ်သို့ စရိတ်ငြိမ်း သွားနိုင်သူတစ်ယောက်ပါ.။ ပွကြီးဟာ အထက်ဖားအောက်ဖိပါ ပွကြီးဟာ အာရကေ သဘောကို ကောင်းကောင်းနားလည်ပါတယ် --ဒါဟာ ပွကြီးရဲ့ အလုပ်ပေါ်မှာ ယူနိုင်တဲ့တာဝန်ယူမှုပါ --- တာဝန်ယူမှု ဟာ အလုပ်ပေါ်မှာပါ -- အလုပ်မပေါ်လျင် တာဝန်မယူပါဘူး -- ပွကြီးဟာ ပဲခူးမှာ ဆိုင်ကယ်မောင်းသက် ၅ နှစ်ရှိသူပါ --- ထူးထူးခြားခြားအတွေ့အကြုံအနေနဲ့ ဆိုင်ကယ်ဦးထုပ် ၃ လုံးပျောက်ဖူးတာပါ ။
သူရန်ကုန်မှာပါ -- သူအလုပ်သမားရုံးမှာပါ --သူ လှည်းတန်းမှာပါ -- သူအခွင့်အလမ်းမှာပါ -- အခွင့်အလမ်းဟာ တပည့်တပန်းနဲ့ ကုန်းကုန်းကွကွ ရုံးကန် -- ဒီပွဲလမ်းမှာ မပြတ်မသားငွေဒင်္ဂါးဟာ ပေါင်းနုတ်မတတ်သီအိုရီတစ်ခု -- ယုံကြည်ချက်ဟာ အဆက်မပြတ်နဲ့ပေါင်းပြီး ကာဗာတာသောက်သလို ဖလတ်ဖလတ်နဲ့ -- ဟတ်အတက် -- ပွကြီးဟာ လျှောက်လွှာစာရွက်ပါ -- ပွကြီးဟာ ဖိုင်တွဲတစ်ခုပါ -- ပွကြီးဟာ ခေါက်ထီးတစ်ချောင်းပါ -- ပွကြီးဟာ ထမင်းစားမမှန်ပါ -- ပွကြီးဟာ လိုင်းကာကြပ်တဲ့ အချိန်ပါ --- ပွကြီးဟာ Moon Bakery ပါ -- ပွကြီးဟာ ပွနေတာမဟုတ်ပါဘူး -- ပွနေတာဟာ စိတ်ပါ --- စိတ်မပါတာ မလုပ်တာပွကြီးပါ -- ပွကြီးဟာ ၂ သိန်းတန်ပါ -- ပွကြီး ဟာ အယ်ဒီဆင်မဟုတ်ပါဘူး -- ပွကြီးဟာ နယူတန်ကို ဆန့်ကျင်သူတစ်ယောက်ပါ ။ ။
ဒီနေရာရောက်မှာပဲ မြစ်ကျဉ်းတွေက များသလားကွာ -- ခင်ဗျား ကွန်တွေကို သိမ်းလိုက်ပါ --- ဒီမှာ project တွေ ဖြတ်သန်းခွင့်မပြုပါဘူး -- hydro power လည်း ကျွန်တော်နားမလည်ပါဘူး -- Copper လည်း ကျွန်တော့် အတွက်အသုံးမ၀င်ပါဘူး --ကျုပ်ပါသာကျုပ် ကျဉ်းကျဉ်းလေးနဲ့ ကြမ်းမယ် --- ဒါဟာ ပွကြီးရဲ့  သီအိုရီပါ ။ ။
အောင်ပြည့် ( သ မု တိ )
16.9.2012 (3 :30 AM )

ပွကြီးဟာ ခုဆိုရင် ဗူးသီးနုနဲ့ ခရမ်းသီးမှားမ၀ယ်တော့ပါဘူး -- ပွကြီးရဲ့ မျှော်မှန်းလစာ ဟာ အိမ်ကို တစ်လ ၃ သောင်းပို့ချင်တာပါ -- ၃သောင်းတန် အဆောင်တစ်ဆောင်ရဲ့ မနက်စာဟာ ၂၀၀၀ တန်ဈေးဖိုးဖြစ်ပြီး --လမ်းစရိတ် ၅၀၀ ဟာ ချေးငှားသုံး မခံပဲ ပေါင်းသင်းရင် --ဆေးလိပ်နဲ့လက်ဘက်ရည်ဘိုးဟာ အလျော့တွက်နဲ့ လက်ခဖိုးပေါင်းစရာဖြစ်ခဲ့မယ်ဆိုရင် အိမ်ပြန်ပို့မဲ့ ၃၀၀၀၀ ရဲ့ လားရာကို ဖော်ပြပါ ။ အို အေ အို အေ အိပ် အိပ် ။ ။ပွကြီး သူဟာ နောက်ကျနေတဲ့ဘူတာရုံပါ -- သူဟာ မနက် ၃နာရီပါ ---
သူရန်ကုန်မှာပါ -- သူအလုပ်သမားရုံးမှာပါ --သူ လှည်းတန်းမှာပါ -- သူအခွင့်အလမ်းမှာပါ -- အခွင့်အလမ်းဟာ တပည့်တပန်းနဲ့ ကုန်းကုန်းကွကွ ရုံးကန် -- ဒီပွဲလမ်းမှာ မပြတ်မသားငွေဒင်္ဂါးဟာ ပေါင်းနုတ်မတတ်သီအိုရီတစ်ခု -- ယုံကြည်ချက်ဟာ အဆက်မပြတ်နဲ့ပေါင်းပြီး ကာဗာတာသောက်သလို ဖလတ်ဖလတ်နဲ့ -- ဟတ်အတက် -- ပွကြီးဟာ လျှောက်လွှာစာရွက်ပါ -- ပွကြီးဟာ ဖိုင်တွဲတစ်ခုပါ -- ပွကြီးဟာ ခေါက်ထီးတစ်ချောင်းပါ -- ပွကြီးဟာ ထမင်းစားမမှန်ပါ -- ပွကြီးဟာ လိုင်းကာကြပ်တဲ့ အချိန်ပါ --- ပွကြီးဟာ Moon Bakery ပါ -- ပွကြီးဟာ ပွနေတာမဟုတ်ပါဘူး -- ပွနေတာဟာ စိတ်ပါ --- စိတ်မပါတာ မလုပ်တာပွကြီးပါ -- ပွကြီးဟာ ၂ သိန်းတန်ပါ -- ပွကြီး ဟာ အယ်ဒီဆင်မဟုတ်ပါဘူး -- ပွကြီးဟာ နယူတန်ကို ဆန့်ကျင်သူတစ်ယောက်ပါ ။ ။
ဒီနေရာရောက်မှာပဲ မြစ်ကျဉ်းတွေက များသလားကွာ -- ခင်ဗျား ကွန်တွေကို သိမ်းလိုက်ပါ --- ဒီမှာ project တွေ ဖြတ်သန်းခွင့်မပြုပါဘူး -- hydro power လည်း ကျွန်တော်နားမလည်ပါဘူး -- Copper လည်း ကျွန်တော့် အတွက်အသုံးမ၀င်ပါဘူး --ကျုပ်ပါသာကျုပ် ကျဉ်းကျဉ်းလေးနဲ့ ကြမ်းမယ် --- ဒါဟာ ပွကြီးရဲ့  သီအိုရီပါ ။ ။
အောင်ပြည့် ( သ မု တိ )
16.9.2012 (3 :30 AM )
No comments:
Post a Comment