Friday, November 15, 2013

Lady Justice မသိသော ဂဏန်းများ ---

Lady Justice မသိသော ဂဏန်းများ ---


26    10  50  86  14  37
   90  50  24  96  84
      32  29  65  12
          22 45 88
             92 35
               17   (၀မ်းချိန်း)

မနက်စာတွေ မအိုကေဘူး ဈေးဘိုးလည်း မစိုပြေဘူး --
မနေ့  ညနေက ဂဏန်း မ ( R ) လိုက်မိတာ ဆိုးတယ် --

ဒီနေ့ ဘာကောင်းလဲဟေ့…..

ဆောက်လက်စအိပ်မက်လေးနဲ့ ပန်းခရမ်းပြာ အတွေးတစ်ခု ထိလုလု --

ဒီနေ့ အတွက်မွေးဂဏန်းလေး ပတ်ရင်း သားလေး ကျူရှင်ခ က ခနဲ့တဲ့တဲ့ ---
ကိုမင်းအောင်ရဲ့  ဈေးဖိုးကလည်း အကြွေးရှင်တွေ ဈေးထဲ တိုးပြီးရင်းတိုး ...

တိမ်ကိုလေနဲ့ ရိုက်ရင် မိုးစက်များကျလေမလားပဲ ---
ညက အိမ်မက်ဂဏန်းလေး မကျန်စေနဲ့ --ဒီနေ့ အတွက် ဟော့ ဂဏန်းက ၈ --
ပါဝါနဲ့ နက္ခတ် စုံမက် တွက်ချက် ရင်ဖြင့် ၂ တစ်လုံးတော့ ကောင်းရဲ့ 

ဆန္ဒတွေ ဆင်စီးပြီးမြင်းရံနေတယ် --

မဌေးရဲ့  ညီနောင် ကလည်း မွေးရမဲ့ထဲ ပါသလို --
ဦးတင်လှရဲ့  ကလင်ဒါ ကျ ကလည်း မေ့ထားလို့မရ --
ကိုမင်းအောင်ရေ ညနေတော့ ချဉ်ပေါင်လေးကြော်တာပေါ့ --
ရှင်အကြိုက် ဒညင်းသီးကိုတော့ ဘေးအိမ်က စပွန်ဆာ ရစေမယ်ပါ့

ရှိတာလေးနဲ့ ကြံဖန် ထိုး နေ့ခင်းလွဲတော့ ညနေပေါ့
ဒေါ်ကြီး သန်းလှ ကတော့ ဆရာတော် ဂဏန်းနဲ့ ၂၀၀ ဖိုး ထိတယ်ဆိုပဲ --
ကလေးတွေ ပြန်မလာခင် လက်ဖက်လေးသုတ်ထားမှ --

နေ့ခင်းနဲ့ ညနေ ဆုံမှတ်မှာ လမ်းဆုံ ပွိုင့် တစ်ခု ကမီးပျက်လို့ --
ညနေမှ မတိုးရင်ဖြင့် ကိုမင်းအောင်ရဲ့  ချည်ပေါင်စည်း လေးလဲ
ဂဏန်းစားလို့ ကုန်မှာပဲ --
ဟိုတစ်ခါ တုန်းကလို ဒဲ့ တစ်ပေါက်ထဲ အော လိုက်ရင်ဖြင့်

အပေါင်ဆိုင်က ဒန်အိုးလေးလဲ စိုပြေနိုင်မယ်
ကိုမင်းအောင် ပုဆိုးလေးလဲ နဂိုနေဟန်ပဲ --
အကြီးမ အတွက် မိုးကာဖိုးလည်း နေ့သွင်း မှန်မယ်လေ --

၎  နာရီ မတ်တင်း မကြီးညိုစန်းတို့ လက်ဘက်ရည်ဆိုင်မှာ လူစုံလောက်ပြီ --
သမရိုးကျလေးနဲ့ပဲ  မင်းလှုပ်ရှားပြောင်းလဲဟန် က စည်းချက်မညီဘူး --
ထိပ်စီးတော့ ငြိမ်ပြီ ---

လှုပ်ရုံလေး ဆတ်ခနဲ ဆိုပေမဲ့ တဆိတ်တော့ သွေးအေးပေးပါ --

နောက်ပိတ်လွဲ မျှော်လင့်ချက် တစ်ခုအတွက် ကိုမင်းအောင် အကြင်နာ တစ်ပွေ့  က
မျက်လုံး တစ်ကွင်းညိုလို့ ....

R ဆို R ပါ့မယ် နက်ဖြန်အတွက် အတိတ်ဂဏန်းက ၁၇ …

အောင်ပြည့် ( သ မု တိ )
1.9.2012 ( 1:00 AM )

No comments:

Post a Comment