ဝန်
ကျွန်တော့် မှာ အိတ်တစ်လုံးရှိတယ်
တစ်ခါတစ်ခါ အထဲက ထွက်လာတာ
ဓါးသွားလို
ချွန်ထက်နေတဲ့ စိတ်ဓါတ် ...
မတော်တဆ ကိုယ့်ဟာကိုယ်
ပြန်ရှဖူးတယ် တစ်ခါတစ်ခါ
အထဲက ထွက်လာတာ
မာသာလို
အေးချမ်းနေတဲ့ ရင်ငွေ့ 
လူတစ်ချို့ နင်းတက်သွားတယ် ...
တစ်ခါတစ်ခါ အထဲက
ထွက်လာတာ ပင်လယ်ကြီး
ကျယ်သလို နက်သလို နဲ့
အမှားတွေ
ကိုယ်တစ်ယောက်တည်း သက်လုံတွေ
ကောင်းတုန်း ...
နောက်ဆုံး အထဲက
ဘာမှမထွက်တော့အောင်
အိတ်ကြီးကို
ခွဲလိုက်တော့ အထဲက ထပ်ထွက်လာတာ
ကျွန်တော်ဖြစ်နေတယ်
ခုတော့
ကျွန်တော်က အိတ်ကြီးကိုထမ်းလိုက်
အိတ်ကြီးက ကျွန်တော့် ပြန်ထမ်းလိုက် နဲ့
မနက်ဖြန် ဟာ သူ့ အလှည့်လား ကျွန်တော့်အလှည့်လား
ကျွန်တော် မမှတ်မိတော့။
မောင်အောင်ပြည့်
2.3.2013
တစ်ခါတစ်ခါ အထဲက ထွက်လာတာ
ဓါးသွားလို
ချွန်ထက်နေတဲ့ စိတ်ဓါတ် ...
မတော်တဆ ကိုယ့်ဟာကိုယ်
ပြန်ရှဖူးတယ် တစ်ခါတစ်ခါ
အထဲက ထွက်လာတာ
မာသာလို
အေးချမ်းနေတဲ့ ရင်ငွေ့ 
လူတစ်ချို့ နင်းတက်သွားတယ် ...
တစ်ခါတစ်ခါ အထဲက
ထွက်လာတာ ပင်လယ်ကြီး
ကျယ်သလို နက်သလို နဲ့
အမှားတွေ
ကိုယ်တစ်ယောက်တည်း သက်လုံတွေ
ကောင်းတုန်း ...
နောက်ဆုံး အထဲက
ဘာမှမထွက်တော့အောင်
အိတ်ကြီးကို
ခွဲလိုက်တော့ အထဲက ထပ်ထွက်လာတာ
ကျွန်တော်ဖြစ်နေတယ်
ခုတော့
ကျွန်တော်က အိတ်ကြီးကိုထမ်းလိုက်
အိတ်ကြီးက ကျွန်တော့် ပြန်ထမ်းလိုက် နဲ့
မနက်ဖြန် ဟာ သူ့ အလှည့်လား ကျွန်တော့်အလှည့်လား
ကျွန်တော် မမှတ်မိတော့။
မောင်အောင်ပြည့်
2.3.2013
No comments:
Post a Comment