Friday, November 15, 2013

To - Hera ... please check the attachment

To - Hera ... please check the attachment


ခြေထောက်လေး နှစ်ချောင်းပေါ် သေချာအမှီပြုထားတာပါ
ကျွန်တော်က ဘယ်  သူက ညာ
ဆိုပါတော့

ခရီးတစ်ခုက တစ်လှည့်စီ လှမ်းနေတာမျိုး
အထိအခိုက်တစ်ခုက တစ်လှည့်စီ ရောက်နေတာမျိုး
ဆိုပါတော့

ဒီတောင်ဟာ အချိန်တန်ရင်တော့ဖြင့်
ဒီခြေနှစ်ချောင်းအောက်မှာ ပြားပြားဝပ်နေရမှာပါ

ဆိုပါတော့
အိမ်လေးတစ်လုံးလို့ပဲ
ကျွန်တော်က မီးဖိုခန်း သူက ဧည့်ခန်း

နောက်ဖေးကထွက်လာတဲ့ ထမင်းပွဲလေးဟာ
ဧည့်ခန်းမှာ တည်ခင်းလိုက်လို့ အရသာ မပြောင်းသွားစေရပါဘူး
ဒီအိမ်ဟာ ဥတုသုံးပါးလုံး သစ္စာရှိနေမဲ့အိမ်ပါ

ဆိုပါတော့
ကျွန်တော်က အိုးလေး သူကအပင်ပေါက်လေးပေါ့
အချိန်တန်တော့ ဒီပန်းအိုးဟာ အပွင့်တွေနဲ့ မွှေးကြိုင်နေစေဦးမှာပါ

ကျွန်တော်က
တန်ပြန်မှုကို မျှော်လင့်မထားတဲ့ ချစ်ခြင်းမျိုးကို
ကဗျာပေါ်မှာပဲရှိတယ်လို့ဆိုတော့
သူက ကဗျာလေးဖြစ်နေပြန်ရော

မြတ်နိုးခြင်းထက်ပိုသော မွန်မြတ်တဲ့ဘာသာစကားတွေကို
သူက လက်ဆောင်ပေးတယ်
ယုံကြည်ခြင်းထက် ပိုသော ယဉ်ကျေးမှုတွေကို
ကျွန်တော်က လက်ဆောင်ပေးတယ်

အဲ့ဒါတွေနဲ့ ကျွန်တော်တို့ ကမ္ဘာအသစ်လေးဆောက်မယ်
အဲ့ဒီမှာ သူ့ အချစ်တွေနဲ့ လင်းမယ်
ကျွန်တော့် မေတ္တာနဲ့ အေးမယ်
နားလည်မှု တွေကို စားသုံးမယ်


ဒီအချက်အလက်တွေကို Hera ဆီအရောက်ပို့မယ်။


မောင်အောင်ပြည့်
၂၅.၅.၂၀၁၃


* HERA was the Olympian queen of the gods and the goddess of women and marriage.

No comments:

Post a Comment