Thursday, January 16, 2014

ရေခူ နဲ့ ဂျူး နားရွက်

Google ထဲကနေခေါက်ချလိုက်
စာသားတွေ
မကျော်ဘူး ကျော်ကိုမကျော်ဘူး စာသားအဆင့်ကနေ
Moses ဖွက်ထားတဲ့ နားရွက်တွေအကြောင်းကို
Google မှာခေါက်ချတာ
Facebook မှာကြော်ငြာတာ
ဂျူးတွေဖန်တီးပေးတဲ့ တန်ဆာပလာတွေ သူတို့က
Wisdom ဖြစ်နေတာ
စာသားတွေနဲ့ ဘောင်တွေနဲ့ အရသာတွေနဲ့
Natalie Portman ရဲ့ နားရွက်
ကို ရေခူနဲ့ရောသုတ်တဲ့သတင်း
Google မှာရှာတွေ့ထားတယ်
Facebook မှာကြိုက်သလောက် လက်မထောင်ပိုင်ခွင့်ရှိတယ်
ဂျူးတွေ ဖွက်ထားတဲ့ နားရွက်တွေကို ရှာလို့တွေ့မှာတော့မဟုတ်ဘူး
စာသားတွေကနေ ခုန်တက်ရမှာ
ယဉ်နောက်လိုက်တစ်ယောက်ကို မကျေနပ်ရင်
ပိုက်ဆံပိုပေးလိုက်
မကြိုက်တဲ့အစားအသောက်အကြောင်း
တည့်တည့်မပြောနဲ့
John Cage က အဆောက်အဦတစ်ခု
စာသားတစ်ခု
ရှာမတွေ့သေးတဲ့ နားရွက်တစ်စုံ
ချိတ်တစ်ချောင်း လှေတစ်စင်း ရှိရုံနဲ့
ရေခူကိုဖမ်းလို့ရပြီ
ဖက်ဆစ်တွေ ရေခူနဲ့ နိုဘယ်လ်
ဆုတွေ ယူကုန်ကြပြီ
အဆိပ်ပြင်းရေခူထိပြီး အသက်ရှင်သေးတယ်
ဆိုရင် အဆိပ်ပြင်းရေခူမဟုတ်လို့ ပဲ
ဂျူးတွေမှာ နားရွက်မပါဘူး
ရေခူတွေ ကန်ထဲသွားထည့်ထားလိုက်
စာသားတွေကို စာသားတွေကပဲ ဖျက်ဆီးတာ
Moses ဖွက်ထားတဲ့ နားရွက် ကို
Google ထဲရိုက်ရှာ Facebook မှာကြော်ငြာ


မောင်အောင်ပြည့်
၁၂.၁.၁၄



 P.S  - တစ်ချို့ကိစ္စများ Foot Note နဲ့ ရှင်းဖို့တွေးပါသေးသည်။ သို့သော် မရှင်းချင်တော့ ဒီတိုင်းပျော်သည်။

No comments:

Post a Comment