သူတို့သွားကြားထိုးတံတွေ ဖွက်ခံထားရတယ် ။ ခု နှုတ်ခမ်းမွှေးတွေနှုတ်လို့မရတော့ဘူး
ရပ်သွားတဲ့
ငါးသေတ္တာဗူးတွေပေါ်မှာ
ကပ်နေတဲ့ကြွက်တွေ
ကြောင်ဟာ ငါးကိုချစ်စိတ်နဲ့ ရေဆင်းကူးနေတယ်
ဂိမ်းထဲက မြို့တော်ထဲမှာ ကြောင်တွေကို မှတ်ပုံတင်မပေးထားဘူး
Special Collection
- Ooredoo Myanmar က ပြည်တွင်းတွင် မိုဘိုင်းကွန်ရက် ဖြန့်ကျက်ရန် ကြောင်ကုမ္ပဏီ နှင့်စာချုပ် ချုပ်ဆိုခဲ့
- MarketBot မှ 3D သွားကြားထိုးတံ အသစ်များ ပြသ
- ၂၀၁၃ သည် ကြောင် ရောင်းချမှုအတွက် အဆိုးဆုံးနှစ်ဖြစ်လာခဲ့
- ဖေဖော်ဝါရီလ ၁ ရက် နှင့် ၂ ရက်နေ့တို့တွင် ကျင်းပမည့် Catcamp Yangon အတွက် Online Registration စတင်ပြုလုပ်နိုင်
- Redlink မှ ကြောင်အဖွဲ့အစည်း နှင့်ပူးပေါင်း၍ သွားကြားထိုးနည်း Workshop ကျင်းပမည်
ကြောင်သွားတဲ့ လမ်းမှာ ကားပျက်ရင် ၁ နာရီ ကြာတယ်
ကြောင်ကတော့ သွားကြားထိုးလျက်ပဲ
ခြင်းတောင်းထဲမှာ
ရပ်သွားတဲ့
ဆက်သွားလို့မရတာလား ၊ မသွားချင်သေးတာလား
ဒီထက်ဘာထပ်တွေးလို့ရသေးလဲ
Selection လုပ်ရွေးပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်
တစ်ချို့သောလုပ်ဆောင်မှု အခြေအနေမျိုးမှာ သင့်အနေနဲ့
Tool တစ်ခုဟာ တခြားသော Tool ထက်ပိုမိုကောင်းမွန်တဲ့
လုပ်ဆောင်မှုမျိုးရှိနေတာကိုပါ တွေ့ရမှာဖြစ်ပါတယ်
ကြောင်သန်းရင် သွားပေါ်တယ်
သူတို့အမြီးမှာ သွားကြားထိုးတံချိတ်ပြီး
ပန်းချီဆွဲတယ် ကာတွန်းဆွဲတယ်
သွားကြားထိုးတယ်
Smack Down မသိတဲ့ကြောင်တွေကို
Dota 2 ပေးမကစားဘူး
720 x 1280 pixel ရုပ်ထွက်ကိုကြည့်ပြီး
သွားကြားထိုးနေတဲ့ကြောင်ကို
ရပ်သွားတဲ့
Android ရဲ့ 4.3 ( Jelly Bean ) Version ကိုအသုံးပြုထားတယ်
ကြောင် သွားကြားထိုးနည်း တက္ကသိုလ် ပညာသင်ဆု အတွက် ရန်ကုန် ၊ မန္တလေးရှိ ကမ္ဘာကျော် အွန်လိုင်းစတိုးဆိုင်ကြီး အမေဇုံတွင် တစ်ကောင်ချင်း ဆွေးနွေးမည်
Classified
အလိုရှိသည်
Marketing Female ( ) Post
Phone Service Male ( ) Post
Graphic Designer
လျှောက်ထားသူသည် ဖမ်းဖူးသော ကြွက်တစ်ကောင်၊ သွားကြားထိုးတတ်ကြောင်း အထောက်အထားမိတ္တူ ၊ ကြောင်ဖြစ်ကြောင်း ထောက်ခံစာ တို့နှင့် အတူ နီးစပ်ရာ
ကြောင်သွားကြားထိုးတံများ ဈေးကောင်းပေးဝယ်သည်။အလဲအထပ်လုပ်ပေးသည်။
အိုင်ကြောင်များ၏ ပစ္စည်းများကို အပေါင်ထားခြင်းကို အဆင်ပြေအောင် ညှိနှိုင်းပေးမည်
ကြောင်တွေက ခြေသံလုံချင်တယ် … မရဘူး
သူတို့နားရွက်တွေကိုသိမ်းထားလို့မရတော့
ထိုင်ပြီး သွားကြားထိုးနေတယ်
နည်းပညာမြင့်ကြောင်သွားဟာ ပိုးမစားဘူး
သွားကြားမညပ်ဘူး
အိုင်ကြောင်တွေ အစားမှားရင်
Edit > Undo ဆီသွားလိုက်ရုံပါပဲ။
မကြာမကြာ အစားမှားကြောင်တွေအတွက် သူရဲ့
Shortcut ဖြစ်တဲ့ Cmd / Ctrl + Z ကိုမှတ်ထားလိုက်ပါ။
မောင်အောင်ပြည့်
15.1.2014
*15.1.2014 ထွက် Net Guide Journal ကို ကိုးကားရေးသားပါသည်။
No comments:
Post a Comment