ဆရာဒီ နဲ့ စကားစမြည် ---
ဟုတ်သော်ရှိ မဟုတ်သော်ရှိ နားနဲ့မဆံ့လည်း ရင်ဘတ်နဲ့ဆံ့တယ် --
ဆရာဒီရေ -- ယုံကြည်ချက်တွေ ဥပုဒ် စောင့်မယ် လို့များ ပြောသွားသေးလား ?
အသံတွေ ဆိုပေမဲ့ လို့ အသံတွေ လိုလိုပဲ
ကျွန်တော်က တော့ အဲ့ ဒီ အသံတွေ ကို နောက်စေ့ နဲ့ကြားနေရတယ် --
ကျွန်တော့် ရှေ့ မှာလည်း ကျွန်တော့် လိုကြားတဲ့ သူတွေဂိန်သွားတယ် လို့ ကြားတယ် --
နောက်စေ့နဲ့ ဘဲ ကြားတာနော် --
ကျွန်တော်တော့ မေတ္တာတရား နဲ့ ဂရုဏာတွေ ရှာတွေ့ပြီ ဆရာဒီရေ --
အွန်လိုင်း နဲ့ စာရွက်တွေ ပေါ်မှာတွေ့တယ် -- လန်းချက်
အဲ့မှာ ပညာတတ်တွေလည်းတွေ့တယ် -- ဆရာဝန်တွေ အင်ဂျင်နီယာတွေတွေ့တယ် ---
တွဲကူနေတဲ့ လက်တွေ တွေ့တယ် ... ဓါတ်ပုံထဲမှာပြောတာနော် --
တွေ့တယ်ဆိုလို့ဆရာဒီရေ ကျွန်တော် မျက်လုံးကန်းနေတာကြာပြီ --
တွေ့တာ က ပါးစပ်နဲ့တွေ့တာ --ထားပါတော့ဗျာ တော်ကြာ ၀ုန်း ခံနေရဦးမယ် --
ခံစားချက်တွေ တွေ့တယ် ကွန်နက်ရှင်တွေ တွေ့တယ် ---
မပေါ်တပေါ် နဲ့ မတော်တရော်တွေလည်း တွေ့တယ် --
မီဒီယာတွေ တွေ့တယ် -- သတင်းတွေ တွေ့တယ် အတင်းတွေ တွေ့တယ်
ကိုယ်ပေါင် ကိုယ်လှန်ထောင်းတွေ တွေ့တယ် -- ငါစကား နွားရ တွေ တွေ့တယ် --
- ဆရာဒီရေ လယ်ကွင်းတွေ ထဲမှာတော့ လယ်သမားတွေပဲ တွေ့တယ် ငုပ်တုတ်လေးတွေ --
- စက်မှုဇုန်ထဲမှာ အလုပ်သမားတွေ တွေ့တယ် မတ်တပ်လေးတွေ --
- မနက်မနက် မီးပွိုင့်တွေမှာ ကျောင်းမသွားခင် ပန်းရောင်းတဲ့ ကလေးတွေ တွေ့တယ် --
အင်ဂျင်နီယာ ဖြစ်တာ ၅ နှစ်လောက် ကြာတဲ့ သူငယ်ချင်းကို ဆိုက်ကားပေါ်မှာတွေ့တယ် …
အလုပ်လျှောက်လွှာလေးကိုင်လို့ -- ပြောသွားသေးတယ် ဆရာဒီရေ --
အခွင့်အလမ်းတွေ ပေါ်လာနေပြီတဲ့ -- ဒါ သူ့လက်စွဲစကားလေ
ဆရာဒီရေ ခုတစ်လော လူက ပလပ်ကျွတ်ချင်နေတာ --
လူက လွတ်နေပါတယ်ဆိုမှ မော်နီတာ ပေါ်မှာ သွေးတွေက ရဲ --
လိုင်းပေါ်မှာ ပြည့်နေတဲ့ မေတ္တာတရားတွေ ကို လန့်တယ်ဗျာ --
အသံတွေ အသံတွေ ဟစ်လို့ကောင်းပုံပဲ --
ပေါ်တင်ပဲဗျာကျွန်တော်ဆိုတဲ့ကောင်က မွေးကတည်းက စောက်ကျင့် ကောင်းတာမဟုတ်ဘူး
ဒီမှာ ကလည်း ဘာဆိုလားတွေ က များသား ကျွန်တော်တော့ ငုံ့နေတာပဲ
ခင်ဗျားလည်းသွား မထောင်နဲ့ ဥနေ---
ဟဲ ခင်ဗျားပြောသလိုပေါ့ တက်မလာနဲ့ တောက်ချလိုက်လို့ တီကောင်လေးလို တွန့်ပြီးဆင်းနေရဦးမယ် --
ဒီမှာက ယဉ်ကျေးမှု ထွန်းကားချက် -- မျိုးချစ်စိတ်တက်ကြွချက် --
အကြင်နာတရားပြည့်ဝချက်တွေ က 9 ( နိုင်း) လောက် ရှိတယ်ဆိုတာ -- ခင်ဗျားယုံ
ဆရာဒီ ကျွန်တော် ဆေးထိုးတာ မဟုတ်ဘူးနော် -- နည်းနည်းလောက်စားကြည့်တာ
လောလောဆယ် ခင်ဗျား ဆေးထိုးထားတဲ့နာမည်နဲ့ ကြုံးတယ် --
အောင်ပြည့်( သ မု တိ )
16.8.2012 ( 1: 55 PM )
No comments:
Post a Comment