Friday, November 15, 2013

လူပြောများ တဲ့ ကုန်ကြမ်း

လူပြောများ တဲ့ ကုန်ကြမ်း


ဘုန်းကနဲ … ပြိုကျသံနောက်မှာ အယူအဆတွေ တောခြောက်ခံရ လွှတ်ချခံရ --ဖိနှိပ်ခံရ --ခံရ
ခံရတာတွေ များတော့လည်း ပုံစံတကျ -- နေသားတကျ -- မတင်မကျ -- ဟိုခြံဒီခြံ ခြံခွ …

ဟုတ်တယ် …. ဒါ Ethic တစ်ခုပဲ -- ထင်ရာမြင်ရာကနေစလို့ -- ထွေကာသီကာပတ်ကုံးပြီး
တစ်ဖက်စောင်းနင်း ဖြစ်တဲ့ အထိ -- ဟိုမှာလည်း Ethic ဒီမှာလည်း Ethic …ပဲပြုတ်သည်ရဲ့ Ethic --
တို့ဟူးသုပ်သည်ရဲ့ Ethic -- မညီမညာ -- အစီအစဉ်မကျ --အံဝင်ဂွင်ကျ --

ဟုတ်တယ် … ဒါ Ethic -- ကလေးကစားကွင်းထဲက Ethic -- ဂျင်ဝိုင်းက Ethic --ထုတ်စီးတိုး Ethic --
အသံတိတ် Ethic --ရေးသူမဲ့ Ethic -- သင်ရိုးမဲ့ Ethic ….အစီအရီ - တလေးတစား - လိုက်နာကျင့်သုံး Ethic …

ဟုတ်တယ် …. ဒါ Ethic ပေါ် Ethic ဆင့် - Ethic ကို Ethic နဲ့ ဖုံး - Ethic တွေ လော်လီဖောက်ပြား လက်တစ်လုံးခြား သွေးစိမ်းရှင်ရှင် နဲ့ အစိမ်းသေ -- Ethic က Ethic ကို ပြန်လည်မွေးထုတ်တော့ ရပ်တည်မှု Ethic တွေ အထ မြောက်လာတော့ --
တောင်းဆိုမှု Ethic -- ဆတ်ဆတ်ထိမခံ Ethic -- စီတန်းလှည့်လည် Ethic –
Ethic တွေ ပါးရိုက်ခံရ --ရှုံချ ခံရ --အဆိပ်ထည့်ခံရ တာတွေ ခေတ်စား --
ပျော် .. ပျော် အားရအောင် ပျော်
ဟုတ်တယ် …. ဒါ Ethic -- သုံးဆောင် ၊ အားပေး လက်ဆောင်တွေနဲ့ ပျော်ပျော်ကြီး အားပေး
မပူစေနဲ့ တစ်ခါတည်းသောက် ဘီယာတွေ ဒိတ်လွန် မယ် -- ဒိတ်လွန် Ethic တွေ မေ့ထား

ဒါ Ethic -- မဟုတ်ရင် လည်း ဒါကြီးကို ခြစ် -- ချစ် ---
အိုကြီးအိုမ Ethic နဲ့ ပေါင်းလို့ နောက်ပေါ် လာမဲ့ Ethic တွေ မျက်နှာမငယ်ရ -- ခေတ်ပေါ် Ethic နဲ့ ခေတ်လွန် Ethic တို့ တရားဝင် မှောက်မှား   --  Ethic တွေ ဗလောင်းဗလဲ နဲ့ အူယားဖားယား -- Ethic စွဲ စွဲ နေလို့ Ethic မှား မှားမိတာပါ --

ကိုယ့် Ethic ကိုယ်တာဝန်ယူကြေး -- ချော်လဲ ရောထိုင် Ethic များ ကိုလည်း ထိုင် သည် ဟု သတ်မှတ်မည်။  ကြည့် ကြည့်ုမြင်အောင်ကြည့် Ethic များ၏ ကိုယ်ရောင် ကိုယ်ဝါ ကို ---

မှတ်ချက် ။ ။ခါတော်မီ Ethic များနှင့် ရုပ်ပြောင်းရုပ်လွှဲ Ethic များ ဘေးထိုင်ဘုပြောခွင့်ရှိသည်။

အောင်ပြည့် ( သ မု တိ )
24.8.2012 ( 00:35 A M )

No comments:

Post a Comment