လိမ်ညာပြီး စမ်းသပ်ထားတဲ့ ပူဖောင်း လေတိုက်တာနဲ့ကွဲသွားတယ်
အဲ့လိုနဲ့စ ပစ် တာ ဘယ်သူ့ကိုမှန်တာလဲ ပတ်လည်ရိုက်ပြီး တရစပ် ပစ် နေတာ လေ တွေ
ကြီးတယ် ဒါ အရေး ကြီးတယ် ပစ် နေသမျှ မှန်မှန် ပစ် လေ တွေ တိုက်တိုင်းလဲလဲ သွားရင်
မလွယ်ဘူး
ကိုယ်ကနေစပြီး ရာစုနှစ်ပေါင်းများစွာကို ရေတွက် ဇက်ကြောတက်လိမ့်မယ်
မနေ့ကမှ ချိတ်မိတာ လိုင်းကခုထိမတက်သေးဘူး သိပ်စပ်တယ် ကိုယ်မကြိုက်တဲ့ ရခိုင်သုတ်တွေ
ဟို မသာ မတရားစားတာ သဘောကျစရာ လေ တွေ ဆက်ပစ်တယ် ရုပ်ရှင်ရုံထဲထိ ဒါမှမဟုတ်
ရုံဘေးက ကော်ဖီဆိုင်မှာ ပါးစပ်ကို လက်အုပ်ပြီးမရယ်နဲ့ ဒါလှောင်တာ ပြောသမျှထိုင်ရယ်တာလဲ
တူးဘစ်သီချင်းလို နေရာတကာမှာ ဆရာကြီးလုပ်တတ်တယ်
မလှောင်နဲ့ ဂျွတ်စ်တွေ
တစ်ခေါက်ပြီးရင် တစ်ခေါက်ထပ်ပစ် မေခလာကိုကယ်ခွင့်မပေးနဲ့ သူ့ပါလွင့်သွားအောင်တိုက်မယ်
မကျေနပ်ဘူးဆိုရင် မကျေနပ်လိုက်ရမှ
သဘာဝကျမှာ တိုက်ဆိုင်ရင် အိမ်သာထဲတောင်
ဖုန်းကိုင်ရတယ် မခေါ်ဘူး
လာမခေါ်နဲ့
ဖုန်းဆိုတာ Ringtone နဲ့မှပြည့်စုံတာ
အို.....
စောက်ရှက်များမရှိလို့ကတော့လေ တစ်လောကလုံးကို ဆရာကြီး တက်လုပ်ပစ်လိုက်မယ်
စောက်ဖတ်လုပ်ပါဆိုတာကနေစတော့
ကြမ်းတယ် ရမ်းတယ် အော်ချင်တာအော် ပြောချင်တာ
ပြောပြီးတော့ ဘ၀ကို
ကဗျာလိုင်းလိုစီထားကြည့်ပါလား တစ်ချို့မဆိုင်တဲ့ စာသားတွေ
မဆိုင်တဲ့ပုံရိပ်တွေ
ဒီတစ်လမ်းကိုနင်းနေရင်း နောက်လမ်းပြောင်းတဲ့
စောက်ကျိုးနည်း ကဗျာတစ်ပုဒ်လို
စောက်ကျိုးနည်း
ဘ၀ကိုဖန်တီးကြည့် ဘယ်သူမှ
လာမကြည့်ဘူး မင်းကဗျာမင်းဖတ်နေတာ ငေးငေးရင်း
ထွားထွားလိုက်လာတာ
အပျိုမရင်အုံဆိုပြီး ငမ်းနေရင်း မှတ်တိုင်ရောက်လို့ဆင်းသွား
တက်လာ နဲ့
အဲကွန်းဘတ်စ် တွေ့တာနဲ့ ရောက်ချင်ရာရောက် တက်စီး
ဘ၀ကို
တက်စီးလိုက်သွား
ထိကြည့် ကိုင်ကြည့်လို့တော့ မိကောင်းမိမယ်
ဓာတ်လှေကားနံရံမှာ ရေးထားတဲ့
နာမည်ဘယ်လိုခေါ်လဲ
စာသားအောက်မှာ ဘောပဲ
လို့ပြန်ဖြေခဲ့ စောက်ကျင့်ကိုမကောင်းဘူး အမြဲ
အဲ့လို
အားလုံးစု
မှတ် ပြီး တစ်ခါတည်း ဖျက်ချပစ်
သိပ်လွယ်တယ် သိပ်သိမ်ငယ်တယ်
ပြတင်းတစ်ခါးတွေဆက်တိုက် ဆိုသလို ဆောင့်ပိတ်ခံရတယ်
သိပ်ကြောက်ရွံ့တယ်
သိပ်နားမလည်ဘူး
မှတ်တိုင်မှာ တစ်ယောက်ကိုတစ်ယောက်တိုးကြိတ် ပျော်ရွှင်သွားတယ် ငါ လည်းဖြတ်ကူးလိုက်တယ်
အကျယ်ကြီး
ဟွန်းသံဟာ ငါ့ကို
သိပ်ခြောက်ခြားတယ် သိပ်ဆန်းပြားတယ်
အားလုံးစုမှတ်ပြီး အကူးခံလိုက်ရတယ်
ခုန်ပေါက်ပျော်ရွှင်နေတဲ့ စကားလုံးတွေ
သိပ်အထီးကျန်တယ် သိပ်ခံစားလွယ်တယ်
ဂီတနဲ့အတူ ခုန်ပေါက်ပြီးထွက်လာတဲ့
ငွေစတွေကြေးစတွေ
သိပ်ဖောက်ပြန်တယ် သိပ်မိုက်ရိုင်းတယ် ငါ့ခြေအိတ်တွေ
အကုန်လုံး တစ်ရက်တည်းမှာ
ကြွက်ကိုက်ခံလိုက်ရသလို သိပ်ရက်စက်တယ်
သိပ်အတ္တကြီးတယ်
စပေစ့်တွေ စကားလုံးတွေကြားက ကမ္ဘာမြေကြီးနဲ့လူတွေကြားက
မှန်အနက်နဲ့ကားပေါ်က ခွေးနဲ့
အမှိုက်တွေတိုးနေတဲ့ သတ္တ၀ါ ကြားက စပေစ့်တွေ
သူနဲ့ငါ ကြားက
စပေစ့်တွေ
ငါ လည်း သိပ်မုန်းတီးတယ် သိပ်ပေါက်ကွဲတယ် ကြားချ
လိုင်းခွဲသွားတာ
ဘာမက်ဆေ့မှပြန်မပို့နဲ့
ဒီတိုင်းခေါင်းငုံ့ပြီး
ပျော်ချပစ်လိုက် ငါ ကြေ ကွဲ ပေး မယ်
သိပ်စိတ်ကူးယဉ်ဆန်တယ် သိပ်တန်ဖိုးထားတယ်
မောင်အောင်ပြည့်
No comments:
Post a Comment