ငါ့ခြေရင်းမှာ
အသံပေးပြီး ပတ်ပြေးနေတဲ့
ကြွက်
သူ့အဖော်ကို ငါ အမှိုက်ပုံးထဲ
ပိတ်ထားတယ်
သူက အိမ်မြောင် လို
အသံပေးတယ်
ငါတံမြက်စည်းတုတ်နဲ့
ထရိုက်တော့
သူက ငါ့စာအုပ်ပုံထဲ ၀င်ပုန်း
ငါ့ အဘိဓာန် ထဲဝင်ပုန်း
ငါ့မှာဓာတ်မီးတစ်ဖက်
တံမြက်စည်းတစ်ဖက်
ညက သူ့အရောင်ကို တောက်ပေးထားတယ်
ငါကတော့ခေါက်ရိုးကျိုးနေတဲ့ မနက်ကို ရှောင်ဖို့ ကြိုးစားဆဲ
မောင်အောင်ပြည့်
No comments:
Post a Comment