Friday, March 21, 2014

အကျယ်ကြီး အော်ပစ်

ဘယ်လိုစရမလဲ ဘရုစ် ...
အဝေးကြီးမှာ ငါတို့ရပ်တည်နေခဲ့ကြတာ
ငါတို့အာရုံထဲက ကျင်လည်နေကျ အကွာအဝေးကို ဘယ်ထိဆွဲဆန့်ထားဖူးလဲ ဘရုစ်
ဘ၀မှာ မိုးလင်းမိုးချုပ် မှတ်တမ်းတစ်ခု ပြန်တင်ကြည့်မယ်ဆို
မင်းစာအုပ်ထဲမှာ ဘယ်လိုထူးခြားမှုတွေ ထည့်မလဲ ဘရုစ်
ခက်တယ် ...
သစ္စာတရားကို ပါးပါးလေး မင်းပုတ်ကြည့်တာ မဟုတ်လား ဘရုစ်
ဘာလာဘ်မှမရွှင်ဘဲ ဂမုန်းတွေ စိုက်ခဲ့ကြတာလေ
ဆန္ဒရှိရင် ရှိသလို အကြိမ်ပေါင်းများစွာ
မင်းဒူးခေါင်းတွေ ခံနိုင်ရည် ရှိသလောက် မင်းအာသာဖြေခဲ့တယ် မဟုတ်လား
ဘရုစ်
ငါတော့ မယုံဘူး
လိင်မှုကိစ္စကို သစ္စာတရားကနေ ဆွဲထုတ်ထားတယ်လို့ ဆိုတဲ့မင်းအပြောကို
ငါမယုံဘူး ဘရုစ် မယုံဘူး
တစ်ခါတစ်ခါ
အားရပါးရ ဆဲရေးတိုင်းထွာခြင်း အမှုကို ပြုကြည့် ဘရုစ်

ပတ်ဝန်းကျင်ကို ပန်းချီကားတစ်ချပ်လိုပဲ မြင်တယ် မဟုတ်လား ဘရုစ်
ပန်းချီကားထဲက နွယ်စိမ်းရှင်တွေ မင်းကိုရစ်ပတ်ပြီး
ခု ...... မင်း ကို
ပန်းချီကားထဲဆွဲခေါ်နေပြီ မဟုတ်လား
မိုးလင်းတိုင်း မျက်နှာကြော လျော့ရတာ
ငါတော့ ကျင့်သားရနေပြီ ဘရုစ်
ချစ်ခြင်းကို လက်ဖျားနဲ့တောင် သွားမတို့ဘူး
မင်းလည်းမတို့နဲ့
ချစ်ခြင်းတရားက ငါတို့လို ချစ်တတ်တဲ့ကောင်တွေအတွက်
ကျိန်စာပဲ ဘရုစ်
မိန်ကလေး လှလှမြင်ရင် တဆတ်ဆတ် တုန်နေသေးလား ဘရုစ်
မင်းအတွက် ချစ်ခြင်းမေတ္တာ လိုနေတာ မဟုတ်ဘူး
အထိအတွေ့ လိုနေတာ
မငြင်းနဲ့ဘရုစ် ... မငြင်းနဲ့
လမ်းသွားရင် သစ္စာမြဲတဲ့ စုံတွဲတွေ
ချစ်တတ်တဲ့ အထီး အမ တွေ ပေါ့
သူ့အတ္တ ကိုယ့်ဖြည့်ခိုင်း
ကိုယ့်အတ္တ သူ့ဖြည့်ခိုင်း
ရွံစရာ ကောင်းတယ် ဘရုစ်
မင်းကြည့်နေကြ ဂျပန်ကားတွေက
အစစ်တရားတွေ အရှိတရားတွေ
အသံတော့ တိုးထားပေါ့ ဘရုစ်

ဘယ်သူ့ကိုမှ မရည်ရွယ်ဘဲ
အားရပါးရ အော်ဆဲပစ် ဘရုစ်
အော်ဆဲပစ် အရသာရှိရှိ

မောင်အောင်ပြည့်

No comments:

Post a Comment