Friday, March 21, 2014

ပင်လယ်ထဲက ငါးတွေ

မျက်မှန်က အသက်ရှုပိုက်နဲ့ တဆက်တည်း
ပင်လယ်ထဲက ငါးတွေက ထင်ထားတာထက်
ကြောက်ဖို့ကောင်း
ခါးလောက်မနက်တဲ့ နေရာမှာ
ကြောက်လန့်တကြား
ပင်လယ်ထဲက ငါးတွေက
ပုံမှန်ကူးခတ်
ပင်လယ်ထဲ ရောက်သွားတဲ့ ငါးတွေသာ
အထိတ်တလန့်
ငါးတွေက လှိုင်းမမူးဘူး
ပင်လယ်ကသာ မူးတာ
ပင်လယ်ဟာ တကယ်တော့ လှောင်ကန်ပဲ
ပိတ်မိမနေဘူးလို့
ဘယ်သူပြောလဲ ဘယ်သူပြောလဲ
ပျော်ရင်သာ ကျေနပ်ပါပြီ
ပင်လယ်ဖြစ်ဖြစ်လှောင်ကန်ဖြစ်ဖြစ်
ငါးတစ်ကောင်အနေနဲ့ သူ့လှောင်ကန်ပေါ်
သစ္စာရှိနေဖို့ သာလိုတာ
ပင်လယ်ဟာ လွတ်လပ်တယ်လို့
ဘယ်သူပြောလဲ ဘယ်သူပြောလဲ
အသက်ရှုပိုက်နဲ့ တဆက်တည်း မျက်မှန်ကို
ချွတ်ချလိုက်တော့
ကောင်းကင်ကြီး ထီးထီး
ပင်လယ်ကြီး ထီးထီး
ငါးတွေ ရော
ငါးတွေ ရော
ငါးတွေ ရော
မျက်မှန်မတပ်တဲ့ ငါးတွေကို
မျက်မှန်တပ်ပြီး ရေငုပ်ကြည့် ။

မောင်အောင်ပြည့်

No comments:

Post a Comment