အရေတင်နေတဲ့ နားကြပ် မှာ နန်းကြိုးအမျှောင်းလိုက် လျှပ်စစ်ထိုင်ခုံမှာ ခဏခဏထိုင်ရတယ်
မောက်စ်အသေမှာ ကလစ်ပါမလာလို့ ကိုယ့်လက်ညှိုးမှာ လက်ဗွေရာတိတိပပမရှိ
ပလက်ဖောင်းပေါ်မှာ လူကူးမျဉ်း ဆွဲတင်ထားတာ လူ မသွားတဲ့ မနက်စာပဲ
အသံထွက်မမှန်တဲ့ နားဟာ ထုတ်ကြွားစရာ ဆော့ဖ်ဝဲတစ်ခု
ပလက်ဖောင်းထဲ နားထိုးထည့်လိုက်တာ အတောင့်လိုက်ကြီး ဓါတ်လိုက်တာပဲ
တစ်ကြောင်းစီ ဆွဲသိမ်းလိုက်တယ် .... လွတ်သွားတဲ့ငါးကြီးသလား
လွတ်လပ်ရေးကျောက်တိုင်ကို စာသင်ခန်းထဲထားခွင့်ပြုမလား
ဒါမှမဟုတ် ... မာတင်လူသာ ကို အိမ်သာနံရံမှာ လှုပ်ရှားစေမလား
မရဘူး မရဘူး မွန်ရိုး ပဲ မွန်ရိုးပဲ
ခေတ်အဆက်ဆက် လှခဲ့တဲ့ မိန်းမတွေအများကြီးပဲ
ခေတ်အဆက်ဆက် ဖြောင့်စင်းနေတဲ့သမိုင်းကို ဘယ်သူထပ်ဖြောင့်ဦးမလဲ
ကောက်လိုက် အရောင်ဆိုးလိုက် လမ်းတွေ
ဓါတ်တိုင်တွေ မီးပွိုင့်တွေ မွန်ရိုးပဲ မွန်ရိုး ပဲ
မှန်ဘောင်ထဲမှာ ရုပ်ပြောင်းရုပ်လွှဲ မွန်ရိုး
မွန်ရိုး ပုခုံးပေါ်တက်နားနေတဲ့ မွန်ရိုး
လေတွေနဲ့ အတူ မွန်ရိုး နဲ့ အတူ
သမိုင်းဟာ မွန်ရိုးဆံပင်ပုံစံ
ဒရွတ်တိုက် ကို ပိုင်ရှင်အသစ်တွေရောက်လာသလိုပေါ့
လမ်းကလည်း အခုမှအသစ်စက်စက်
ဘယ်သူမှမလျှောက်ရသေးသလို ဘယ်ဆိုင်မှမလျှောက်ရသေး
စည်ကားလာတဲ့ နေရောင်အောက် ရွက်ကျတွေပင်ပေါက်
အဲ့မှာ စရူးတာပဲ မြို့မျက်နှာဖုံး ကို သိတဲ့သူနည်းတယ်
ပိုင်ရှင်အသစ်ကို မြို့ မျက်နှာဖုံး ပေးလိုက်
လမ်းတွေကို ပိုင်ရှင်အသစ်နာမည်ပေးလိုက်
အပင်အမျိုးအစားအသစ်တွေ
မျက်နှာဖုံးတပ်ပေးလိုက်
မြို့ ဟာ လျှောက်စရာ မရှိသလို
မျက်နှာဖုံးဟာ တပ်စရာ ပိုင်ရှင်မရှိ
ဆက်ရူးတာပဲ
စားစရာမရှိလို့ ရှိတာစားမယ်ဆိုတော့လည်း ရှိနေတဲ့စားစရာ က စားချင်စရာမကောင်း နောက်ဆုံးတော့
မှောက်နေတဲ့ဗိုက်အောက်မှာ ပဒေသာပင်တစ်ပင်နဲ့လုံလောက်
မရှိလို့ မရှာ မရှာလို့ မရှိ ပဒေသာပင်ကြီးသီးနေတာဘာရှာရမလဲ
မနေ့ကခင်းထားတဲ့ ကျောက်စရစ်ခဲကြီး နတ်စင်ပေါ်တင်ထားလိုက်တယ်
မနေ့က မခင်းဖြစ်တဲ့ ကွန်ကရစ်ပေါ်ကို ခွေးတွေ မစင်စွင့်ပါစေ
ငါသေးပေါက်နေကျ သွပ်ပြားတွေ တိုက်ကြီးဖြစ်သွားပြီ
အများသုံးဖုန်းဆိုင်ဘေးမှာ ငါတို့ပေါက်လို့ရသေးတယ်
သီအိုရီ ဆိုတာ မရှိဘူး ၊ ရှိနေတယ်ဆိုရင်လည်း သီအိုရီအရဆိုတာ ဟာ
ဆင်ခြေ တစ်ခု ၊ ဒါမှမဟုတ် ဆင်လက် ၊ ဆင်တစ်ကောင်းလုံး
အစိတ်အပိုင်းတွေ ဟာ အမှန်တရားဖြစ်ခဲ့ဖူးတယ် ၊ မုန်ယိုနေတဲ့ ခေတ် ကို ကျေးဇူးတင်လိုက်ရမလား ၊ အစွယ်ပဲဖြတ်ရောင်းလိုက်ရမလား ၊ ဒီကမ္ဘာ ကို ငါတို့သွားမယ်
လမ်းမှာတွေ့သမျှ ဘာကောင်ကိုမှမသတ်ဘူး ၊
ဘယ်လိုလဲ ၊
ဒါလည်း သီအိုရီတစ်ခု ဖြစ်နေပြန်တယ်
ငါတို့သွားမဲ့ ကမ္ဘာမှာ ငါတို့တွေရှိနေမှာလား ....
အားးးးးး
မလုပ်နဲ့ မလုပ်နဲ့ ဒီကမ္ဘာဆီမှာ ညှင်းဆဲခံလို့အားမရသေးတာလား
ကြိုးပြတ်သွားတဲ့ အာကာသ ခရီးသွား ပါ မီး ကို ရှာတွေ့ပြီတဲ့ ဘာထူးလာမလဲ
သူရဲကောင်းတွေ ကို မတွေ့
ဗီလိန်တွေ ကို မတွေ့
ဇာတ်ကောင်တွေ ကို အပြင်မှာ တွေ့ချင်တာ
ဘာထူးမတဲ့လဲ
မီးကိုချီထားတဲ့ ခရီးသွားဖြစ်ပြီ
ပင်လယ်ဟာလည်း ခရီးသွား
မြေကြီးဟာလည်း ခရီးသွား ...See More
ဓာတ်ကြီး လေးပါး ကို ဓာတ်ရထားပေါ် က ဓာတ်ရိုက်ဓာတ်ဆင်လုပ်နေလို့
ဓာတ်မကျတဲ့ လူတွေ မလိုက်တာ
ဓာတ်သိတွေ ရှိတယ်ဆိုတဲ့ ရုံးခန်းမှာ...See More
ဓါတ်ဗူးကို ကိုင်ပြီး ဓါတ်ကင်နေတဲ့ ဝေသနာသည်ကို
ဓါတ်ပုံရိုက်နေတယ် ဓါတ်လိုက်မယ်
စိတ်ဓါတ်ကိုကဓါတ်ကျနေတာ ဓါတ် ကို ကူးကြည့်တယ် ။
မြေကြီးပေါ် ဓါတ်ထည့်ကြည့်တယ်
လေယဉ်တွေ ဓါတ်ခဲ နဲ့ ဓါတ်မီးနဲ့
ဒီလိုနဲ့ ပြီးတော့ မှာမဟုတ်ဘူး
ဒီမှာလာ တဲ့ ဒီမှာလာ ဆီ ကို လာခဲ့တယ်
ဒီမှာ လာကြပါ ဒီမှာ
ဒီမှာ လာ တွေ ရမယ် လာတွေ
မပြန်ခင် လာ ရင်း တခုတ်တရနှုတ်ဆက်။ ။
မောနေတဲ့သူရှိတယ် ... မောလာတဲ့သူရှိတယ်
နှုတ်ဆက်လိုက်တာ အမောဆို့သလိုပဲ
လေးစားမှုဟာ ၀ါ မရှိဘူး အရွယ်အစား မရှိဘူး
အချိန်ကာလမရှိဘူး လိပ်ဂိမ်းဟီးရိုး ပဲ
တောတော့ နည်းနည်းအောင်းမှာပေါ့
မလိမ်ဖို့တော့ အရေးကြီးတယ်
စိတ်မပါတဲ့ညတွေမှာ မောင့်လပြည့်ဝန်းကို စတေးတပ်စ် လုပ်ပစ်တယ်
စိတ်ပါတဲ့ညတွေမှာ ပုဆိုးတွေ ခဏခဏလဲရတယ်
ဖမ်းစရာမရှိတဲ့ ရေဒီယိုပဲ
နှစ်မှတ်တိုင်အကွာအဝေးဟာ ၁၀ နှစ်ခရီးပဲ
ကပ်ကြည့်တယ် ခွာကြည့်တယ်
ပုံစံအမျိုးမျိုးပြောင်းနေတဲ့ ဆိုက်ကားကိုစီးလာပါ
အရသာမပြောင်းတဲ့ လက်ဘက်ခြောက်
မျိုးစုံနဲ့ဧည့်ခံပါ့မယ် ချစ်ခြင်းကို မတို့ထိ
ရဲတဲ့ ဗီလိန်မင်းသားပါ
မီးကိုချီလာတဲ့ ရှုခင်းပါ
ဓါတ်ကြိုးပေါ်နားနေတဲ့ အလင်းရောင်ပါ
ဆင်သွားရာ လမ်းမဖြစ်တော့တဲ့ သီအိုရီပါ
မျက်နှာဖုံးမစွပ်တော့ တဲ့ စပယ်ယာပါ
သူ့ဖင်မှာ နားကြပ်တန်းလန်းကြီး
လုပ်ပါဦး
ရှင်မှု မှာ သေခြင်း ဟာ ကိန်းအောင်းနေဦးမှာ
မြင်းတစ်ကောင် က ခြေလေးချောင်းမစားဖို့ ဆုံးမတာ
စိတ်ကျရောဂါ ချပ်ချပ်ရပ်ရပ်နဲ့ လူတစ်ယောက် က
သူ့အသတ်ကို သတ်သေမိန့်ပေးတော့မယ့်အကြောင်း
နံရံကပ်ကြော်ငြာလိုက်ကပ်
မီးခိုးပေါ်လျှောက်နေတဲ့ ကြွက် လောက်
မြေခွေးမဟာ ဘဲပေါက်လေး ကို မြေခွေးပေါက်တွေအတွက် သုတ်ချီသွားတာ
လီဆည်တိုက်နေတဲ့ နို့အုံတွေမှာ အာဟာရရှိမှရှိရဲ့လားလို့
မတွေးနဲ့
ရှင်မှုဟာ သိပ်ရက်စက်တယ်
သွားတော့ သွားနေတာပဲ
ရောက်မရောက်က ကိုယ့်ကိစ္စမဟုတ်ဘူး
ငှက်တစ်ကောင် (ဘယ်ငှက်ပဲဖြစ်ဖြစ်)
ပင်ဂွင်းတစ်ကောင်ပဲဖြစ်ဖြစ်
ရဲ့
အမြှီးမှာ ခရီးသွားမှတ်တမ်းဆိုတာရှိတယ်
ရောက်တော့ ရောက်နေတာပဲ
သွားမသွားတော့ ကိုယ့်ကိစ္စမဟုတ်ဘူး
အသေးစား သံသရာ ဟာ အိတ်ကပ်တိုင်းမှာ
လည်နေမှာပဲမဟုတ်လား
သွားဖို့ပဲလေ
ချောင်တဲ့ကားတက်စီးလိုက်တာပေါ့
အရပ်မျက်နှာကို ဂရုမစိုက်ဘူး
ဒေါင်လိုက် ၊ အလျားလိုက် ရွေးစရာ
သိပ် အများကြီး မရှိဘူး
ဖုန်းမျက်နှာပြင်ပေါ် က ပြာမှုန့်တွေ
ဖယ်
ကာဗာတွေ
ဖယ်
စာရွက်တွေ လှန်ဖတ်ချင်တဲ့ ဖီးလ်တစ်ခု
ဒီရာစု ရနေသေးတာပဲ
အောင်ဘာလေ
ဘယ်လိုအကွေ့မျိုးပါလိမ့်
ငါ ဟာ မြစ်သာလျှင် ဖြစ်နေပြီး
သူတို့ဟာ ချိုး သူတွေသာဖြစ်ကြရဲ့ 
စားပွဲကို
ခေါက်
သိမ်းလိုက်တယ်
လင်းတောက်နေတဲ့လမ်းက
ကိုယ်နဲ့ လိုင်းမတူတာဘဲ
ထွန်းလက်စ ဖယောင်းတိုင်က
မီးတောက်လွယ်တယ်
ကမ္ဘာကြီး ကို ရင်းပစ်လိုက်ရအောင်လည်း
အတ္တပုံဆောင်ခဲတွေ က ကွယ်ထားတယ်
စောက်ရေးမပါတဲ့ ကမ္ဘာက
အသားစား သတ္တ၀ါတွေကို နေခွင့်ပေးထားတယ်
ကလေးတွေအတွက် စောက်ရေးမပါတဲ့
အနာဂတ်ကိုပေးထားတယ်
ကယ်ပါယူပါနဲ့
ကိုယ့်အခွံ ကိုယ့်အပေါက် ကိုယ့်အာသာကို
ငါတို့ ဖြေကြရတယ်
ဘုရားသခင် ၊ ဘုရားသခင်တကယ် ရှိပါသလား
နတ်ဆိုး ဟာ လက်ခမောင်းခတ်
ဟန်ရေးပြနေတဲ့ စစ်မြေပြင် ဟာ
ကမ္ဘာကြီးတော့ မဖြစ်တန်ရာ
ဝမ်းကို ဘာလို့ သမုဒ္ဒယာ နဲ့ တွဲပေးထားလဲ
ပိုင်နက်တွေကို ဘယ်နလပိန်းတွေ သတ်မှတ်သွားတာလဲ
ငရဲကို အာဏာလို့ နာမည်တပ်ပြီး ဖန်ဆင်းထားတာလား
ငါတို့မသွားနိုင်တဲ့နေရာမှာ ကမ္ဘာကြီးက
ပြည့်စုံနေတာ ဖန်ဆင်းမှုလား
ကောင်းကင် ကို ခြံစည်ရိုးခတ်ချင်လို့
စည်းထားတဲ့ ထင်းတွေ ဖြည်ပေးပါ
လေထုကို အလှမွေးချင်လို့
ရှိုက်ထားတဲ့ သက်ပြင်းတွေ ချပေးပါ
အား
ဒါ အမိန့်ပဲ
ကောက်ကွေ့ ၊ မောင်အောင်ပြည့်
No comments:
Post a Comment