Saturday, November 23, 2013

မိမိအသံကို အခြားသူထံမှ ပေါ်ထွက်လာစေခြင်း

မိမိအသံကို အခြားသူထံမှ ပေါ်ထွက်လာစေခြင်း

ကျွန်မအခန်းမှားဝင်ရောက်သွားပြီး
ကျွန်မ မင်္ဂလာပွဲနဲ့ ကျွန်မလွဲခဲ့ရတယ်။
နံရံမှာရှိတဲ့ တစ်ခုတည်းသော အပေါက်ကနေ ကျွန်မမြင်တယ်
မင်္ဂလာပွဲလေးဟာ အားလုံးကောင်းမွန်စွာပါပဲ
သတို့သားက အဖြူရောင်ဝတ်စုံနဲ့
သတို့သမီးလက်ထဲမှာ ပန်းစည်းနဲ့ ၊ ထုံးတမ်းဓလေ့ ၊
ကတိက၀တ် ၊ အနမ်း
ကျွန်မကျောခိုင်းပစ်လိုက်တယ်။ ကံတရား ၊ မိမိအသံ
အခြားသူထံမှပေါ်ထွက်လာစေခြင်း
အဲဒါကို ကျွန်မ ကြိုးစားပမ်းစားလေ့ကျင့်ခဲ့တာ
ကြာပြီပေါ့
(လျှာ ၊ နွေးထွေးတဲ့ ရေသတ္တ၀ါ၊
သူ့ကန်ထဲမှာ နေသားတကျ လူးလွန့်လို့)
ပြီး . . . အဲဒီသတ္တ၀ါကဖြေလိုက်တယ် ၊ ဟုတ်ကဲ့ ၊ ထိမ်းမြားလိုပါတယ်။              ။



                                                                                    ဇေယျာလင်း
                                                                                 12 – May – 13  –– 16 – July – 13

Friday, November 15, 2013

ထုံးစံအတိုင်း ခြေသံလုံလုံနှင့်

ထုံးစံအတိုင်း ခြေသံလုံလုံနှင့်


တိုက်ပေါ်တက်လိုက်တယ် ပြီးတော့အခန်းကိုအသင့်ပါလာသောသော့တုနှင့်ဖွင့်
မြင်မြင်သမျှ အမှိုက်သရိုက်တွေ ကြွက်တွေကျက်စား ခြင်တွေခိုအောင်းနေတယ်
ဗီဒိုပေါ်က အစွန်းထွက်နေတဲ့ စစ်ပွဲများအကြောင်းပါမျက်နှာဖုံးနှင့်ဂျာနယ်ကိုဖိထားသော
ခွက်ပြုတ်ကျကွဲသွားတယ် အတွင်းခန်းတစ်ခုကိုခြေသံလုံလုံနှင့်စောင့်ကန်ဖွင့်လိုက်တယ်
နံရံတွင်ချိတ်ထားသောဓါးပြုတ်ကျလာတယ် ဓါးအိမ်တန်းလန်းချိတ်လျက်ကျန်ခဲ့တယ်
ဖုန်တွေကပ်နေသော ခန်းစီးလိုက်ကာကိုဖယ်ကာ ခြေသံလုံလုံနှင့်
ဖုံအလိမ်းလိမ်းကပ်နေသောကြမ်းပြင်ပေါ် ခြေရာမထင်စေရန် အသင့်ပါလာသောခြေအိတ်ကို
ကြမ်းခင်းပေါ်ထိုင်ပြီးဝတ်လိုက်တယ် ဖုန်ရာများဘောင်းဘီတွင်ကပ်ပါလာသည်ကိုသတိမပြုမိ
ခြေသံလုံလုံနှင့်  နံရံတွင်ကပ်ထားသောစာကိုသတိပြုမိ
" အလုံပိတ်အခန်းတွင် လုံနေသည့်အရာသည် ခြေသံသာဖြစ်သည် "
ခြေဖျားကိုယခင်ကထက် ပိုထောက်မိသွား
ပင့်ကူအိမ် နှစ်အိမ် ပင့်ကူအထီးနှစ်ကောင် နှင့် အိမ်မြောင်သုံးကောင် နံရံပေါ်
ပြေးတက်သွားပြီး ပြန်ဆင်းလာသည် စားပွဲခုံပေါ်ရှိ လှောင်အိမ်ထဲကငှက်
တစ်နေရာတွင် ရှိနေဦးမည်ဟု ကိုယ့်ကိုယ်ကိုယ်သတိပေး
ကွာနေသောနံရံဆေးသားများနောက်တွင် ရှေးဟောင်းပန်းချီလက်ရာတစ်ပိုင်းတစပေါ်နေ
ခြေအိပ်နှင့်ခြေဖျားထောက်ရခြင်းကို ခြေသံပိုလုံသည်ဟု ခံစားလာရ
ဆိုးဝါးသောအနံ့အသက်ရသောနေရာတွင် ရုပ်ပွားတော်တစ်ခုနှင့်ငှက်သေတစ်ကောင်တွေ့
ရုပ်ပွားတော်ကို ငှက်သေနှင့်ဝေးရာသို့သယ်လာချိန်တွင် ရုပ်ပွားတော်သည်
ရုပ်ပွားတော် မဟုတ်မှန်းသိလာ လွန်ခဲ့သောနှစ်များစွာက ရုပ်ကြွင်းဖြစ်မည်ဟုထင်လာတယ်
ရုတ်တရက် ဖုန်းမြည်သံကြားလိုက်ရတယ် အဆက်မပြတ် နီးနီးကပ်ကပ်
အဖုံးပြုတ်ပြီးမွစာလိုက်နေသော လမ်းညွှန်စာအုပ် ဘေးတွင်ဖုန်းကိုတွေ့လိုက်ရတယ်
အဆက်မပြတ်မြည်သံကြောင့် တစ်ဦးဦးမသိခင် အရင်ကောက်ကိုင်လိုက်တယ်
လူကြီးမင်းငွေလက်ကျန်မှာ ယခုဖုန်းခေါ်ဆိုမှုအတွက်မလုံလောက်တော့ပါဟု ပြောပြီးချသွား
မီးခံသေတ္တာကိုမတွေ့သေး ခြေသံလုံလုံနှင့် စားပွဲဝိုင်းကြီးကိုပတ်ကြည့်နေ
အင်ဒီယာနာဂျုံးလို စားပွဲအောက်က အံဝှက်ထဲကစာကို ဓါတ်ပုံနှစ်ခါရိုက်ယူထားလိုက်တယ်
ခြေသံလုံလုံနှင့် မီးသတ်ကားများ၊ရဲကားများ အသံပေးလာသည်ကို ကြားလိုက်ရ
အလျင်အမြန် လှေကားပေါ်တက်မည်ဆိုပါက ၈မိနစ်ခန့်ကြာဦးမည်ဟုတွက်ချက်
ထုံးစံအတိုင်း သတ္တုရှာစက်ထုတ်ကာ နေရာအနှံ့လိုက်စမ်း နေရာအနှံ့မှ အသံတွေဆူညံလာ
လက်ကျန် ၄ မိနစ်တွင် မီးခံသေတ္တာကိုတွေ့ရှိလိုက်ပြီး မီးခံသေတ္တာသည် သစ်သားနှင့်လုပ်ထား
သည်ကိုထုံးစံအတိုင်းအံ့သြစွာတွေ့ရှိရတယ်


ရဲများရောက်ရှိလာချိန်တွင် ထုံးစံအတိုင်း ကြမ်းပြင်ပေါ်က ဘောင်းဘီရာ
ထုံးစံအတိုင်း ခွက်အကွဲတစ်လုံး နှင့် ထုံးစံအတိုင်းပြုတ်ကျနေသော ဓါးကိုတွေ့ရှိ
ထုံးစံအတိုင်း ခြေရာကို ခြေရာခံလို့မရသေး။


မောင်အောင်ပြည့်
13.11.2013

ထင်ရှားသည့်အမှတ်အသား

ထင်ရှားသည့်အမှတ်အသား


ထင်ရှားသည့်အမှတ်အသား


လက်ဖ၀ါးထဲမှာ အရေးကြောင်းလေးတွေရှိတယ်
အရေးကြောင်းလေးတွေမှာ ကိုယ်စားပြုသင်္ကေတတွေရှိတယ်
အီဂျစ်ကျောက်ဆောင်တွေ ပြိုကျတုန်းက
အရေးကြောင်းလေးက ပြုံးပြတယ်
သူဟာသတင်းမကြိုက်ဘူး
မီးခိုးတွေအူနေတဲ့မြို့တော်ကနေ
ထွက်လာတုန်းက
အရေးကြောင်းလေးတစ်ရှုးစလေးဆုပ်ကိုင်ထားတယ်
သူ့မှာပေကျံစရာမရှိတော့ဘူး
လက်ဖ၀ါးကို ဓါးရှတော့ အရေးကြောင်းလေး
ပုံစံပြောင်းသွားတယ်
တဖြည်းဖြည်း ...
ထင်ရှားနေတာ သိပ်မရှိတော့ဘူး မှိန်လာတယ်
သတိရတိုင်း အရေးကြောင်းလေးကို ဆွဲဆွဲပေးတယ်
သတိမရတဲ့အချိန်ဆို နားတွေပိတ်ထားလိုက်တယ်
ကံတူရင်အကျိုးပေးတယ်
ကံမတူတဲ့နေ့က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သွားတယ်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဆိုတာအရေးကြောင်းနဲ့မပတ်သက်ဘူး
၇ရက် ၇လ ၇နှစ်အတွင်း အကျိုးပေးမယ်တဲ့
အရေးကြောင်းက နာရီတွေကို ရိုက်ခွဲပစ်လိုက်တယ်
ဆန့်ကျင်ဘက်အရပ်မှာ မီးတွေလောင်နေတယ်
စိတ်ကူးယဉ်မှုဟာ တရားခံပဲ
အရေးကြောင်း ခရီးထွက်သွားတယ်
ဗေဒင်ဆရာကတော့ ပြောတယ်
ဒါ … ကျွန်း တဲ့
မဟုတ်ဘူး
ဒါ ဟေတုပစ္စယော
ဟုတ်ပါတယ် အရေးကြောင်းနေတဲ့ကျွန်းက
ဖုန်မှုန့်နည်းပါးတယ်
လက်ဆွဲနှုတ်ဆက်တုန်းက မွှေးနေတဲ့လက်တွေ
လက်တွဲထားမိတုန်းက ပေနေတဲ့ဖုန်တွေ
ချွေးတွေ အမွှေးနံ့တွေကို ဖုန်တွေနဲ့ သုတ်ပစ်လိုက်တယ်
ယာဘက်လက်ဖ၀ါးပေါ်ကနေ ဘယ်ဘက် လက်ဖမိုးပေါ်ထိ
အရေးကြောင်းကို တစ်ဆက်တည်းဖြစ်ချင်နေတာ
ခုအရေးကြောင်းကို အရေးအကြောင်းတွေပြောတော့
အရေးကြောင်းမယုံကြည်ဘူး
အရေးကြောင်းကို ရောဂါတစ်ခုတပ်ပေးမိတယ်
ပြောရှာပါတယ် အလွန်ဆုံး ၆ လပေါ့
သွေးသားမပြောင်းလဲအောင် လက်ကိုပဲ ဖြတ်ချပစ်လိုက်ရမလား
ပြတ်ကျနေတဲ့ ခြေထောက်တွေကိုပဲ ကားလုပ်စီးလိုက်ရမလား
ကိုယ့်နာကျင်မှုကို ကိုယ်ပဲသိတယ်

ခု အရေးကြောင်းပုံစံသစ်တစ်ခုကို
အရင်အရေးကြောင်းပေါ် ဖိဖိဆွဲနေတာကို
ငါနားလည်ဖို့ပဲလိုတာ



မောင်အောင်ပြည့်
22.10.13

ဝါးတားဖရန့်

ဝါးတားဖရန့်


ပန်းတို့မတတ်သော အရောင်အဆင်းနှင့်
ကျေးငှက်တို့ မသီတတ်သော တေးတို့နှင့်အတူ
သူမ နှင့် တိမ် အတူလွင့်ကြသည်

စိတ်ကူးကို သူမ စီရင်ပစ်မည်တဲ့


တိမ် က သည်နေရာမှာ သည်းချင်တာ
သူမ က လေငွေ့ လို ပျံတက်လာတယ်
သူမ တိမ်ကို မိုးဖြစ်အောင် စီရင်မယ်
တိမ် ကင်းရင် သူမ ပျော်နိုင်မည်လား
ဒီနေရာမှာ
ပန်းတို့နှင့် စိမ်းလန်းခြင်းကို သူမ
စီရင်နိုင်မည်လေလော

ခု တိမ်က မည်းနေသည်
သူမ က သည်းချင်သည်
အခါ အခွင့် ကို သူမ စီရင်မည်

တိမ် က သူမ ကိုင်ထားတဲ့ ကီးဘုတ်
တိမ် က သူမ မျက်ခုံးပေါ်က အကွေးညွန့်
တိမ် က သူမ နှာတံထိပ်က အလုံးဝန်း
တိမ်က သူမ ပါးပြင် ထောင့်စွန်းက မှဲ့အနက်ကလေး

တိမ် က သူမ နဖူးက အစက်ပြောက်
တိမ် က သူမ ဆံနွယ်ပေါ်က လှိုင်းအတွန့်
တိမ် က သူမ ခြေဖမိုးပေါ်က မွှေးညှင်းနု
တိမ် က သူမ ကိုယ်ကထွက်လာတဲ့ ရနံ့
သူမ ပြုံးရင် တိမ် ပိုထူတယ်

တိမ်က လေပြင်း ထက်
သူမ သက်ပြင်းကို ပိုကြောက်တယ်

သူမ နဲ့ တိမ် ကြား ဘာမှမခြားဘူး


သူမ မှန်မကြည့်ဘုး တိမ်ကိုထိုင်ကြည့်နေတယ်

သူမ နဲ့ တိမ်နဲ့ ကြားမှာ ဖန်သားပြင်တွေ
၂ စက္ကန့်နောက်ကျနေတဲ့ အသံလှိုင်းတွေ

တိမ်က သူမ မရှိတဲ့ အရပ်မှာ ဘယ်တော့မှ မသည်းဘူး
သူမ က တိမ်ကို ဘယ်တော့မှ မီးမရှို့ ဘူး

တိမ် က သူမ ကို မိုးပေးမယ်
သူမ က တိမ် ကို ပျိုးပေးတယ်
တိမ် က လမ်း ကို သူမဆီဖောက်လာတယ်
သူမ က လမ်း ကို တိမ် နဲ့ အတူလျှောက်သွားတယ်
တိမ် ကို သူမ ယုံတော့
တိမ် က ခု နိုင်ငံတော်ကြီးသယ်လာတယ်
အစိုးရမရှိ အဓမ္မမရှိ မောဟမရှိ
တိမ်နဲ့ သူမ သာလျင် နွေ မိုး ဆောင်း ဖြစ်တယ်။



မောင်အောင်ပြည့် + အယ်နီ 
၂၅.၁၀.၁၃

ဂိုးသွင်းပြီးတဲ့အချိန်ဟာ ငါ့ဇာတိပဲ

ဂိုးသွင်းပြီးတဲ့အချိန်ဟာ ငါ့ဇာတိပဲ


ငါ့ကိုယ်ငါ မေ့ထားဖို့လိုမယ် ငါ မသိတာ
ငါ မသိချင်တာတွေကို ငါ မစီးဖူးတဲ့ ကားတွေပေါ်တင်
ထားလိုက်တယ် ငါတို့က ဘောလုံးကန်တမ်းကစားရင်
ငါက ဂိုးတိုင်တွေ လိုက်ရှာပေးတဲ့ အုတ်နီခဲပေါ့

ငါ့အဖေပြောဖူးတယ် ပညာတတ်ရင် မပင်ပန်းဘူး
ငါ ခု ဘာအလုပ်မှမရှိတော့ ငါ လိုင်းကားတောင်တိုးမစီးဘူး

ဘုရားပန်းတွေ ဝေနေအောင်ကပ်ထားရင် ငါ
လမ်းထိပ်က အကြော်သည်တွေစားချင်စိတ်ပေါက်လာတယ်
သည်ဆီတွေဟာ အကြော်ခံသလို ငါလည်း
ကြွတ်နေတဲ့ စိတ်ကို ခက်ရင်းလုပ်ပစ်လိုက်တယ်
ရန်ဖြစ်နေတဲ့ တိုက်တွေကို ငါ ရွှေရင်အေးတိုက်ချင်တယ်
အထပ်ပိုဖြစ်နေတဲ့ အခန်းမှာ ငါနေခဲ့တာ

ဒီမှာ ငါဝင်တိုက်မိတဲ့ ပုခုံး ငါ့ကို
ငါးပါးသီလ လုံခိုင်းနေတာလေ ငါ
ဝင်သွားတဲ့ အခန်းတိုင်းကို ပုတီးတွေ
တပ်ပေးလိုက်တယ်
ငါ့မှာ မပေါ်သေးတဲ့ ရောဂါနဲ့ ခြောက်ခြား
နေတယ် ဒီအချိန်ဆို အိမ်မှာထိုင်နေကြ
အိမ်မှာမထိုင်နေတဲ့အချိန်တွေကို ငါ လက်တော့ထဲ
ထည့်ထားလိုက်တယ် ငါ့ဖုန်းဟာ
ငါ့ကိုစီရင်မှာပဲ ငါမစီးဖူးတဲ့ကားတွေပေါ်မှာ
ငါ့ဖုန်းမြည်သံကြားနေရရင် ငါစောင့်နေတဲ့
ဂိုးထဲဝင်သွားတဲ့ ငါ ကို
ငါ လေယဉ်ပေါ်တင်ဖို့

ဒါငါ့နံရံ ၊ ဒါငါ့အသား ၊ ဒါငါ့ရဲ့စိတ် ၊ ဒါငါ့ရဲ့အာသာ
ငါ ပလက်ဖောင်းတွေကို ခါးပတ် ပတ်ပေးထားတယ်

မောင်အောင်ပြည့်
13.10.13

ပြုကိုပြုမည် လုပ်ကိုလုပ်မည် မဖြစ် ဖြစ်အောင်ဆိုတာမှာမဖြစ်သင့်တာတော့မပါ

ပြုကိုပြုမည် လုပ်ကိုလုပ်မည် မဖြစ် ဖြစ်အောင်ဆိုတာမှာမဖြစ်သင့်တာတော့မပါ


အပူချိန်ကိုအရင်ဦး      မဟုတ်ဘူး

မသုံးချင်ဘူးဆန်းစစ်တာ ဝေဖန်တာ သုံးသပ်တာတစ်ခုမှ

မသုံးချင်ဘူး  အပူချိန်ကိုလေသွင်းလေထုတ်ခြင်း နှာဖျားမှ

အ၀င်အထွက် အရေပြားပေါ်မှာကမ္ဘာကြီးပေါ်မှာအသက်

ရှူဖို့ ရှင်ဖို့ လှုပ်ရှားနေသော သတ္တ၀ါ အကွာအဝေး သွေးကြောမျှင်ထဲ

တိုးဝင် ရုန်းကန်နေသော နှလုံးတံခါးပေါက်တစ်ချပ်မှ ဒလဟော

ရုန်းကြွမှု အသိမှတ် မှတ်  မှတ်

မှတ်သားထားသောသိုလှောင်ကန်အတွင်းမှ ယိုစိမ့်မှု အရွေ့

၁ပတ်

ကဗျာထဲမှာဖန်တီးမှုအပိုင်းတစ်ချို့ထည့်ရေးရမဲ့ခေတ်ရောက်ပြီလား

မဖန်တီးဖို့အတွက်ကလည်းဖန်တီးသူတွေရှိနေဦးမှ

ခေါက်နေတဲ့ဗိုက်ကြောင့် ခါးကိုတန်းမတ်ထားဖို့လိုမယ်

မျက်လုံးဖွင့်လိုက်လည်းရလောက်ပါတယ်

ပုံမှန်ဆိုရင်တောင် အသက်ရှုသံကဒီလောက်ပုံမှန်ဖြစ်မယ်

မထင်ဘူး၂ ပတ်

ကိုက်ရင်ကိုက်သွားလိုက် နားနားမှာလာကပ် ၀ီနေတာ

ဘယ်လိုမသန့်တဲ့သွေးသားပါလိမ့်

ခြင်တစ်ကောင်ဟာသွေးဆာလောင်မှုအပြင်

ဆူညံမှုကိုပါ ဆာလောင်တယ်

မနက်ဖြန်မိုးမရွာရင်ကောင်းမယ်

သိမှုကိုမနက်ဖြန်ဆီကနေလှမ်းဆွဲပြီး

နှာသီးဖျားဆီပြန်ပို့လိုက်တဲ့ ( ၃ ) ပတ်

တစ်ခုခုဖြစ်ချင်ပြီဆိုတာနဲ့ တစ်ခုခုစဖြစ်တော့တာပဲ

ဝေဒနာကို လိုက်ဖမ်းနေရင်း ဝေဒနာက ကိုယ့်ကိုပြန်ဖမ်းသွားတယ်

ဖြစ်ရမှာပါ ငွေပေးချေမှုပုံစံကိုညှိရမှာ

အလုပ်တွဲလုပ်ပြီးမယုံကြည်တဲ့ နိုင်ငံခြားသားတွေကိုမုန်းတယ်

ဆီးဂိမ်းမှာတို့အသင်းရန်ဖြစ်ပြီးမရှုံးပါစေနဲ့

ဖုန်းခေါ်ဆိုခတွေ လျော့သွားရင် ခေါ်ရမဲ့ဖုန်းတွေရှိနေတယ်

ဘယ်သူ့ကိုဖမ်းရမလဲ ၄ ပတ်

ကားပါမစ်တွေပေးသလိုပါကင်ပါမစ်တွေပေးသင့်တယ်

မောင်ချောနွယ်လမ်းကိုတာမွေကတစ်လမ်းလမ်းကိုပေးမယ်

အောင်ချိမ့်လမ်းဆိုပြီးတော့ ဘယ်နေရာထားမလဲ

မောင်ချောနွယ်ရောအောင်ချိမ့်ရော

အရက်သောက်တာပဲ

စားပွဲထိုးကဘာလို့သူတို့နာမည်တွေ မသိရတာလဲ

အောင်မြင်ချင်လို့ကဗျာရေးနေတာမှမဟုတ်တာ

ကဗျာရေးချင်လို့ ကဗျာရေးနေတာပဲ

အသက်ရှုသံတွေပြင်းလာတယ် ဒီအနားမှာဘာဖုန်မှုန့်မှမရှိဘူး

မျှော်လင့်နေတဲ့ စူးစိုက်မှုဟာမျက်နှာကျက်နဲ့ ကြမ်းခင်း

တစ်နေရာရာေ၀၀ါးသွားတဲ့ ၅ ပတ်

တစ်ချက်စီတစ်ခုစီနာရီသံကိုအရင်ကဘာလို့မကြားဖူးတာလဲ

စာသားတွေ စကားလုံးတွေထဲမှာဘာအဓိပ္ပါယ်မှ မရှိဘူး

ပုရွတ်ဆိတ်တစ်ကောင်ရဲ့လမ်းလျှောက်သံတောင်

ကိုယ့်ကိုခြောက်လှန့်နိုင်နေတယ်

ချစ်သူမပျော်တဲ့ ဖေစ့်ဘွတ်မှာကိုယ်နေရတာမလွတ်လပ်ဘူး

သူ့ကို မယ်ဝင်ပြိုင်ခိုင်းဖို့လိုနေပြီ

အာရုံကခုလေးတင်လာတယ်

ခုလေးတင်အထဲရောက်သွားတယ်

ဘယ်လောက်မှ မကျန်တော့တဲ့

၆ ပတ်

အခြားတစ်ယောက်ကလုပ်ထားပြီးသား

လုပ်တာလောင်းရိပ်ခိုတယ်လို့ထင်ရင်

ကိုယ့်အမေဗိုက်ထဲ ပြန်ဝင်နေသင့်တယ်

တိတ်ဆိတ်ခြင်းဟာဒီလောက်တောင်

ဆူညံနေသလားနဖူးပေါ်မှာ

စို့နေတာ လည်ချောင်းဝမှာ စို့နေတာ

အသိဥာဏ်ထဲမှာစို့နေတဲ့ ၇ ပတ်

ဗုဒ္ဓေါ ဗုဒ္ဓေါ ဗုဒ္ဓေါ

သမိုင်းကိုလိမ်ပြီးကျက်နေရဲ့အနာဂတ်ပါလား

ဗုဒ္ဓေါ

ဥပဒေဆိုတာ ကြီးနိုင်ငယ်ညှင်းပါလားဗုဒ္ဓေါ

ငြိမ်းချမ်းရေးဆိုတာသေနတ်နဲ့ပိုင်ရှင်ကြားကဆက်ဆံရေးပါလား

ဗုဒ္ဓေါ

တက်ကြွလှုပ်ရှားမှုဟာနေရာယူမှုတစ်ခုပါလားဗုဒ္ဓေါ

လူသားချင်းစာနာမှုဟာအဖွဲ့အစည်းနာမည်ပါလားဗုဒ္ဓေါ

တိုးတက်မှုဆိုတာတို့ရာသီဥတုဖောက်ပြန်မှုတွေပါလားဗုဒ္ဓေါ

ဗုဒ္ဓေါ ဗုဒ္ဓေါ ဗုဒ္ဓေါ

လူငယ်ဆိုတာရင်ဘတ်ဟောင်းလောင်းနဲ့ပါလားဗုဒ္ဓေါ

ငါတို့ဟာအဖြေမရှိတဲ့မေခွန်းလွှာတွေသာဖြစ်တယ် ဗုဒ္ဓေါ

နောက်ဆုံးဗုဒ္ဓေါကိုအားယူပြီး

ထောက်ခနဲနောက်ဆုံးပုတီးလုံးကိုဖိချလိုက်ရတယ် ဗုဒ္ဓေါ




                                                         မောင်အောင်ပြည့်
                                                           ၂၄.၉.၁၃

တန်ဖိုးကို ဘာတွေနဲ့ညီမျှခြင်းချထားသလဲ

တန်ဖိုးကို ဘာတွေနဲ့ညီမျှခြင်းချထားသလဲ


( ၁ )     မလျော့နဲ့  …. လုံးဝကို မလျော့လိုက်နဲ့
            ခေတ်မှာ … တင်းကျပ်မှုတွေကိုရစ်နှောင်
            ယုတ်ညံ့မှုတွေ … တစ်စက်စက်နဲ့
            စေရာတိုင်း လိုက်မိရင် သေမှာတောင် စိုးနေတဲ့ ကြမ္မာ ။ ။

ဟင့်အင်း … မဟုတ်ဘူး မဖြစ်ရဘူး
ဒါဟာကြမ္မာ မဟုတ်ဘူး … ဒါဟာ တစ်ဖက်ပိတ်လမ်း မဟုတ်ဘူး
ငါ့အတွက်နေဆိုတာ ပါးပေါ် ကမိတ်ကပ် …
ဒီအဖြစ်မှာ ကြယ် တွေ လောင်တာ ဘာအရေးလဲ
အမေ … ကျမဟာ ဒီညဥ့်သုံးယံ မှာရဲရင့်ပြီးတာနဲ့
နံနက်တစ်ခုမှာ ရနံလွင့်နေမဲ့ အမေ့အတွက်
လောင်ခဲ့တဲ့ ညကကြယ် …
အမေ ... ကြယ်လောင်တာ ဘာအရေးလဲ ….


( ၂ )     လွှတ်ချပါ … ဖြေးဖြေးချင်းဖြစ်စေ …                  
             မနိုင်ဝန်လို့ ထင်ရင်ပဲဖြစ်စေ … အဆိပ်တွေ ထုံကူးမှု တစ်ခုဟု ယူဆလို့ဖြစ်စေ
             ဒါဟာ အိပ်ကပ်ထဲက လွတ်လပ်မှု တစ်ခု
             ထင်ရာတိုင်း စိုင်းမိရင် ဇရာတောင် ရှက်နေတဲ့ တဏှာ ။ ။

ဟုတ်တယ် …. ဒါဟာ ဖြစ်ရိုးဖြစ်စဉ်
ဝန်ဆိုတာ … ကျော ပေါ်ထမ်းမိတတ်တဲ့ အမျိုး …
လွတ်လပ်မှု … ဒါဟာ (စိတ်) ချမ်းသာမှုအတွက် အာသာတစ်မျိုး …
လွှတ်ချခဲ့တဲ့ … တနည်းအားဖြင့် တာဝန်မယူခဲ့တဲ့ အရာ အတွက်
တာဝန်ယူရမဲ့ ကိစ္စ … ပေါ့ပါးမှုနောက်က ချည်တိုင်တစ်မျိုး …
အနိုင်အရှုံးဆိုတာ လက်ပေါ် က အရွေ့  အပြောင်း -- ပဉ္စလက်
အာသာနောက်က … လမ်းညွှန်စေစားရာ က ပဲ့
ဒီနောက် လိုက်လို့တော့ … ယုတ္တန်မဲ့တွေ က ဘ၀တွေကို စားမဲ့ ကမ်း …

ပေါလောမျောအရေအတွက်ဟာ .ဖောင်းပွ ယဉ်ကျေးမှု
တန်ဖိုးကို လောကပ်သီးလုပ်တဲ့ အနာဂတ်ဟာ ခေတ်ရဲ့ တစ္ဆေ
ပျိုမြစ်မှုကို ချဉ်ခြင်းတက်လို့ သိက္ခာက အရောင်ပြောင်းနေတဲ့ မျက်မှန် …
အတုထဲမှာမှ အစစ်ကိုရှာရင်း .. အစစ်ဟာ အတုအတွက်
စတေးရ … မှောင်မိုက်ရ …ဖျော်ဖြေရနဲ့ …
ဒီည အတွက်တော့ အမှောင်ဟာ အပျိုစင် ကို သီကျူးရင်း
သွေးဆိုတာ ဂုတ်မှာမှ အချို ကဲသလို ….

( ၃ )     အရင်းအနှီး … ဒွာရဟာ ရင်ခွင်မဲ့ကို စည်းကပ်
            တန်ဖိုး ဆိုတာညီမျှခြင်းချလို့မရတဲ့ အဆောင်ယောင် …
            ကိုယ့်မှာသာ ကမ္ဘာတစ်ခြမ်း ပြိုတာ …
            သူဘက်က ရေခွက်လေး ကျကွဲ  သလောက် …

အမေ ကျမဟာ နံနက်ခင်း --- ကျမရဲ့  ညနေ ဟာ လောင်မြိုက်ခံ
အသစ်စက်စက် … တကယ့်ကိုရွှေအိုရောင် ညနေခင်း …
တန်ဖိုးဟာ ပိုင်းခြားခက် သီအိုရီ … ကြယ်တွေ လောင် တာ ဘာအရေးတုန်း အမေ …

အာသာဖြေဟာ တန်ဖိုး ညီမျှခြင်းရဲ့  မီးတိုက် …
တစ်ဖက်မှာ အနှုတ်ဂဏန်းတွေပဲ ကြီးစိုးပါစေ …
လောင်တိုက်ဟာ တန်ဖိုးအောက်မှာ
အညွန့် မကုန်နိုင် …

ညီမျှခြင်းဆိုတာ … ကျမ ဘက်က အနှုတ်တွေနဲ့ ညိုရတာ
အကြွင်းဟာ .. ဒသမနောက်မှာလိုတိုးပိုလျော့ရင်း …

အမေ့နံနက်ခင်းက … ကျမရဲ့  ဂန္တ၀င်မြောက် စော်ကားခံ ပြက်လုံး
လတ်ဆတ်ခြင်း အထုပတ္တိ  …
တန်ဖိုးဟာ အဆောင်ယောင်နဲ့ အယောင်ဆောင်ပျော်ပါး ..

ဒီမနက်ဟာ သာမန်ခေါင်းကိုက်မှုဖြစ်စဉ် …
လိပ်ပြာတွေရဲ့  အာသာပြေ ထုံဆေး
တန်ဖိုးဟာ ရမ္မက်အတွက် သံတမန် …

            အငိုမဲ့ လောင်မြိုက်သံ နောက်က ခမ်နား စွန့်လွှတ်မှု ( ကျ မ )…

            အာသီတ ဟာ သမရိုးကျရဲ့  အငွေ့ ပျံမှု သက်သက်  ( ရမ္မက်သခင် ) …

အောင်ပြည့် ( သ မု တိ )
7.9.2012 ( 2 : 30 AM )

မိသားစု ထမင်းဝိုင်း

မိသားစု ထမင်းဝိုင်း

September 9, 2013 at 8:43pm
မိသားစုထမင်းဝိုင်း


စားပြီးရင်ဘေစင်ပေါ်
တင်ထားလိုက် ။


မောင်အောင်ပြည့်

ကဗျာဆရာရေးတဲ့ သီချင်းတစ်ပုဒ်

ကဗျာဆရာရေးတဲ့ သီချင်းတစ်ပုဒ်


သူသီချင်းတစ်ပုဒ်ရေးခဲ့တယ်
ရေးခဲ့တာ ဘယ်လိုပြန်သိလဲမသိတော့
အဓိက သီချင်းပျောက်နေတောပဲ … ဘာသီချင်းလဲ
သူရေးခဲ့တဲ့သီချင်းဟာ ကမ္ဘာ့ဂီတလောကကို ကိုင်လှုပ်နိုင်လောက်တဲ့ သီချင်း
သူဘယ်လိုသိလဲဆိုတာ သူမသိဘူး
ဒါပေမဲ့ သူရေးခဲ့တယ်
ခုသီချင်းပျောက်နေတယ် …
ပျောက်နေတယ်ဆိုတာ မရှိတော့တာတော့မဟုတ်ဘူး
ဘာရှိလဲ     သီချင်း … ရှိခဲ့တယ် 
သူမူးနေတုန်းရေးခဲ့တဲ့ သီချင်းဆိုတော့ ....
သူဘီယာပုလင်းတွေထဲ ရှာတယ် ၊ အရက်အဖုံးတွေမှာ ရှာတယ်
သူဘာမှမမှတ်မိတာတော့ မဟုတ် ၊

 ဒီသီချင်းမှာ
စကားလုံးတွေ ဖူဆယ်ကစားနေတာ
သံစဉ်တွေ ရှော့ပင်းထွက်နေတာ

သူမမှတ်မိတော့ဘူး
သူဟာ သီချင်းစိတ်နဲ့ ဇကာပေါက်ဖြစ်တော့မယ်
သူလိင်မဆက်ဆံတော့ဘူး
သူမှန်မကြည့်တော့ဘူး
သူဇာတ်လမ်းမကြည့်တော့ဘူး
သူသီချင်းနားမထောင်တော့ဘူး
သီချင်း
သီ               ချင်း
သူ့  အပေါင်းအသင်းတွေဆီ မသွားတော့ဘူး
မသွားတော့ဘူးဆိုပေမဲ့ ရောက်လာတာတွေ ရှိတယ်
မလာစေချင်ပေမဲ့ ရောက်လာတွေ ရှိတယ်
ရောက်လာတယ်ဆိုတာ သွားလို့လည်း မဟုတ်သလို
လာလို့လည်း မဟုတ်ဘူး
သီချင်း သီချင်း သီချင်း
သူသံသယဖြစ်လာပြီ … သူတကယ်ရေးခဲ့တာလား
သူတကယ်ဆိုခဲ့တာလား  …
သူအမူးလွန်နေခဲ့တာလား …
သူဘာလို့ မှတ်မိနေတာလဲ
မှတ်မိနေတာ သီချင်းကိုလား
အမူးလွန်နေတာ သီချင်းကိုလား

သူဟာ ကမ္ဘာပေါ်မှာ မရှိတဲ့ သီချင်းကို လိုက်ရှာနေတုန်း
လူတိုင်းကတော့ သူရေးခဲ့တဲ့သီချင်းကို ဆိုညည်းနေကြ


မောင်အောင်ပြည့်
၃၁.၈.၁၃

လတ်တလောဆောင်မိထားသောသရုပ်

လတ်တလောဆောင်မိထားသောသရုပ်


3ာပုပ်ေmာc် ....


လေmို 0ာ0ာ်နိုင်သလောm် လမ်းaင်းေuuးါ


စိ0ာ်uိုင်း a၀ိုင် ရာ 0ာစ်ေmာc်ြmွm် ။


ဝ0စ် a နဲ a0ို  ရွှဲ လာ0ာာm 3ာရင် 

um်လm် မျောရမဲ့ aွက်ဟာ သန့်ရဲ့လား   (y/n) 

သံaျm်3ြာvည့် နဲ့ သစ်သားခုံ။
3ာလိုမ0ာူ0ဲာ့ 0ာံaoိu်a0ာ်မှုပဲ


3ာယူ3ာဆuိုင်းa၀ိုင်ရာ a0န်mုန်မြေလေး ။


ြေmွးေuာာc်uးာာ    သူ့3ြာေmွး သူြuန် aOu် သွား







0ာံ0ားေuါ်m   အရေးပေါ်ရပ်စရာနေရာ ဟာ mိုယ် ပေါ့





လမင်းကိုသူ့နေရာအတိုင်း ပြန်ထားပေးလိုက်ပါ့မယ်



mဗျာထဲထည့်aံလိုက်ရOဲာ့0ါmျ0ာစ်ြေmာင်း


မျm်Oွာင်းနm်နm်နဲ့သာ 3ာဖော်ြuုနေထိုင်Oာယ်။





0န်ေa0ာc် မှုပဲ 3ာuိုc်စားရသေး0ာယ်
                                                     



                                                           တစ်ကြောင်းမျဉ်း




ဘောc်ထဲမှာသာ နေသားmျနေ0ဲာ့ 3ာစိုင်3ာခဲ

                          


                                             ဒီနေရာမှာ ဆက်မဖြေဘူးဆို ဘယ်သူက ဘယ်လောက်ချီးမြှင့်မလဲ



နားထင်m3ာေ0ွားြေaသန်းကျ 3ာထိ ခေါင်းပါးတာ



ထုံနေ0ဲာ့ြေa0ာစ်ဖm်မှာuဲ သိမ်းထားလိုm်ေ0ာာ့မယ်

3ိာမ်လိu်စာum ၁ာုရားသac် နဲ့ aoုံမှ0ာ် မှမuာု0ာ်ဘဲ ။.




မောင်အောင်ပြည့်
၆.၉.၁၃

သူမကိုသုဒ္ဓ္ဓကိန်းထဲထည့်ထားပါ

သူမကိုသုဒ္ဓ္ဓကိန်းထဲထည့်ထားပါ

August 12, 2013 at 2:49am
ကျွန်တော်က တစ်ခြမ်း .... သူက တစ်ဝက်
တစ်ခြမ်းမှာက ဒဏ်ရာနဲ့
တစ်ဝက်မှာက မျှော်လင့်ချက်နဲ့
ဘယ်လိုပဲဖြစ်ဖြစ်လေ
ပေါင်းလိုက်တော့ ပြည့်စုံနေတာပဲမဟုတ်လား ...

ရေပေါ်ပလက်ဖောင်းလေးတစ်ခု
ရေပန်းတွေ ရောင်စုံမီးတွေနဲ့ပေါင်းထားတယ်
သူမရဲ့အပြုံးနဲ့ ကျွန်တော့်ပီတိ ပေါင်းထားတယ် ...
သူမရောကျွန်တော်ရော ကြည်နူးစွာ လွင့်မျောနေတယ်
 What a wonderful world သီချင်းက
ကျွန်တော့် ဘ၀ရဲ့ မှတ်ဥာဏ်တွေထဲက တစ်ခု

ကျွန်တော်တို့ကြားမှာ အချိန်နာရီတွေ လွဲတယ်
ရာသီဥတုတွေကွဲတယ် ... သောက်သုံးရတဲ့ ရေတွေကွဲတယ်
ကျွန်တော်တို့ အချစ်ဆိုတာကို ကွဲလွဲစွာ ယုံကြည်တယ်
ဖုန်းထဲက 3D ကြောင်ရုပ်လေးကလည်းကွဲလွဲစွာ
ကဗျာရွတ်ပေးခဲ့ဖူးတယ် …

ဘ၀ကိုအမေကပေးတယ်
အနာဂတ်ကိုသူမကပေးတယ်
အမေ့ရှေ့ မှာလည်း ခုထိလူစဉ်မမှီသလို
သူမရှေ့ မှာလည်း ခုထိ ဥာဏ်ရည်မမှီသေးဘူး

လက်ထဲလင်းနေတဲ့ကြယ်တွေအကြောင်းပြောတော့
သူ့ ကို အိပ်မက်တစ်ခုအကြောင်းပြောပြမိတယ်

ကျွန်တော့်အိပ်ယာပေါ်မှာ အပင်တစ်ပင်ပေါက်လာတယ်
ကျွန်တော်သိတယ် သူမအတွက်
အသီးတွေသီးမဲ့အပင်ဆိုတာ
သူမအတွက်အားတွေ ဖြစ်စေမယ်
သူမကို သက်တောင့်သက်သာဖြစ်စေမယ်
သူမကို နွေးထွေးစေမယ်
သူမကို ခူးပေးဖို့ ကျွန်တော်လှမ်းတယ်
လက်ကိုလှမ်းတယ် ကျွန်တော့်တစ်ကိုယ်လုံး
ချွေးတွေ ရွှဲလို့ ကျွန်တော် ပြုတ်ကျတယ်
ကျွန်တော် မှောက်ကျတယ်
အခန်းထဲ ... အခန်းထဲ
အခန်းထဲမှာ... ကျွန်တော်တစ်ယောက်တည်း
သူမစိတ်နဲ့ ချွေးတွေနဲ့ ပြီးတော့
အပင်တစ်ပင် ၊ အသီးတစ်လုံးနဲ့
အခန်းထဲမှာ ...
ကျွန်တော့် အခန်းထဲမှာ...

ဟုတ်တယ် ... သူမအတွက် အမြဲလှမ်းနေတာပဲ
အမြဲလောနေတာပဲ ... သူမကဖူးနေတဲ့ပန်းလေးတစ်ပွင့်လို
ပြုံးတာ ... ကျွန်တော်က ပန်းလေးမလန်းလို့ စိတ်ပူနေတဲ့
ပန်းခူးသူ

သူမအတွက်ဆိုတဲ့ အသိက ဒဏ်ရာကို ဒဏ်ရာလို့မမြင်လာတော့ဘူး
မောဟ ကို ဝေဒနာလို့ မမြင်လာတော့ဘူး ...
ဆေးညွှန်းကိုဖတ်ပြီး ဝေဒနာပျောက်ချင်သူတစ်ယောက်လို
ဘေးထွက်သက်ရောက်မှုတွေကို သတိမထားချင်တော့ဘူး

စိတ် ဒီစိတ် ကိုယ့်ကိုဖျက်တာလဲဒင်း
ကိုယ့်ကို ထူထောင်တာလဲဒင်း
ဒီစိတ်ဟာ ပင်လယ်ကိုအိပ်ယာထဲခေါ်လာတယ်
လေယဉ်ကို သံလမ်းပေါ်ပြေးစေတယ်
ကိုယ်ဟာလည်း ဒီစိတ်ကို ခေါ်ပြေးနေတယ်

ဟုတ်တယ် ... သူမဟာ နတ်ဘုရားတွေဆီက ဆင်းလာတဲ့
နူးညံ့မှုနတ်ဘုရားမပဲ ... ဒါမှမဟုတ် သည်းခံမှုနတ်ဘုရားမ
သူကိုယ့်ကို အလံတစ်ဝက်ထူသွားပြီ
ဒါဟာ... တစ်ဘ၀လုံးကျင့်ရမဲ့ ရိုးမြေကျလို့ပဲ မှတ်တယ်

သူမဆီက ၂၂၆ ခါမြောက် ချစ်တယ်ဆိုသည့်စာကိုလက်ခံပြီးနောက်
ချစ်ခြင်းမေတ္တာကလွဲလို့ ဘာကိုမှ မယုံကြည်တတ်တော့ဘူး ...
တကယ်ဆို
သူမဟာ အချစ်ဆိုတာကို နူးညံ့မှုတွေနဲ့ဖော်ကျူးတတ်တဲ့လိပ်ပြာလေးတစ်ကောင်

လိပ်ပြာတစ်ကောင်က တောင်ပံနဲ့ကျွန်တော့်ကိုလာမှားနေတာ
သေချာတာ ဒီပုလင်းထဲ သိမ်းထားတာ ပိုးစုန်းကြူးတွေ မဟုတ်ဘူး
ကိုယ့်ခြေဖ၀ါးတွေ သိမ်းယူသွားတဲ့ ချိုင့်ခွက်တွေ
အလှည့်ကျပေါက်နေတာ သတိရစိတ်ပဲ
ကိုယ်အိမ်ပြန်ချိန်တွေ ယောင်ယောင်တတ်နေပြီ  ...

ကံကြမ္မာက အပေးအယူသိပ်ကျွမ်းတာ ...
ကျွန်တော်တို့ညနေတွေကိုခိုးပြီး ... နှစ်အပိုင်းအခြားတစ်ခုအကြာမှာ
ကျွန်တော်တို့ မနက်ခင်းတွေကိုဖန်တီးပေးမယ်တဲ့

ကျွန်တော် သူမနဲ့ စကားပြောရတာ အနာဂတ်ထဲ  လမ်းလျှောက်နေရသလိုပဲ..
 ပျော်တယ်.....သတိလည်းထားရတယ်.... သတ္တိတွေလည်းရှိလာတယ်။
သူမကို ကဗျာတွေ မရေးစေချင်တော့ဘူး ... ကဗျာကို ပျော်နေတဲ့အချိန်မှာရေးတတ်အောင်
ကျွန်တော်သင်ပေးချင်တယ်။

I'm not a smart man... but I know what love is.
Forrest Gump ကိုသူမ မသိဘူး … စကာင်္ပူဝန်ကြီးကို သူမ မသိဘူး
ဦးဝီရသူကိုဘယ်သူလဲလို့မေးတယ် … အယ်လ်ပီ ဆိုတာ
သူမနာမည်နဲ့ မကွာဘူးလို့ပြောတယ် …
သူမအမေရဲ့ ကျန်းမာရေးကို သူမသိတယ် …
ပရိတ်ကြီး ၁၁ သုတ် ကိုသူမအလွတ်ရွတ်တယ် …
သူမအစားကောင်းတစ်ခုစားနေတိုင်း သူမရဲ့ ချစ်ခင်သူတွေကို
သူမ သတိတရ ရှိတယ် ။
ကျွန်တော့် အိပ်ကပ်ထဲက ဘ၀ကို သူမနားလည်တယ်။

တစ်ခါတစ်လေသူမကို
ကျွန်တော့်အိပ်ကပ်ထဲအကြွေတွေနဲ့ မှားမှားထည့်တယ်

သူမချည်ပေးခဲ့တဲ့ နိုဝင်ဘာဟာ ခုရေခဲတောင်ကြီးဖြစ်လို့
သေချာတယ် ... ဓါတ်ကြီးလေးပါးမှာတော့ တစ်ပါးပါးလျော့နေပြီ

သံယောဇဉ်ဆိုတာကိုအချိန်ကာလ တစ်ခုတည်းနဲ့ တိုင်းတာတယ်ဆိုတာ
ကျွန်တော်လက်မခံသည့်အကြောင်းကိုလည်း သူမကို သိနေပြီ ...
ကျွန်တော်တို့ သံယောဇဉ်ကို ခဏခဏ နေထုတ် လှန်း ဖို့ လိုတယ်
ဆိုတာလည်း သူမသတိတရ ရှိနေပြီ ...

ဘ၀မှာ ဘာမှမရှိတော့တဲ့အချိန်မှာ
ဘ၀အတွက် အရာအားလုံးနီးပါးကို ကျွန်တော်ရခဲ့တယ်။
အဲ့ဒီဘ၀ ... ကျွန်တော်သူမကိုပေးလိုက်တယ် ...

သူမနဲ့ ကျွန်တော်တို့ ကမ္ဘာမှာ ကွက်ကြားမိုးရွာတယ်။
အလွမ်းကတစ်နေရာ အချစ်ကတစ်နေရာ
သူမရော ကျွန်တော်ပါ ရွှဲရွှဲစိုလို့

တခါက သူမ မိုးရေထဲ ဖိနပ်မပါဘူး
သူမလည်ပင်းမှာ လက်စွပ်လေးတစ်ခု
ဆွဲထားတယ်
သူမက ရေဗွက်ထဲဆင်းခါနီး
ကျွန်တော်က သူမကို ကုန်းပိုးလိုက်တယ်
သူမခြေထောက်တွေ စိုရွဲနေတာပဲ
သူမ လက်မောင်းလေး ပြည့်နေတယ်
သူမ ကပြောတယ်

“ ဒီလက်မောင်းလေးတွေ ဖောင်းနေတာ ချစ်သစ္စာရှိလို့”တဲ့
သူမက ကလေးတွေလို မိုးကိုရွာစေချင်နေတယ်
“ မိုးတွေ ရွာရင် တအားပျော်စရာကောင်းမှာပဲ
မိုးရေစိုနေရင် ချစ် အပူအပင်တွေကို မောင့်ဆီမကူးနိုင်တော့ဘူး”တဲ့
သူမ က ကားလမ်းမ အလယ်မှာ
ပလက်ဖောင်းတွေပေါ်မှာ
တက္ကစီ တစ်စီးက သူမကို ကားငှားဖို့လားလို့မေးတော့
သူမက မိုးရွာတဲ့ဆီကိုလိုက်ပို့ပါလို့ပြောတယ်
မိုးတွေ
မိုးတွေ မိုးတွေ ...
“ မောင် ... မိုးဆိုတာ တိမ်တွေပျော်လို့ကျတဲ့ မျက်ရည်သိလား ” ...
“မိုးကိုချစ်သလို တိမ်ကိုလည်းချစ်တယ်” တဲ့
“မောင်လည်း တိမ်တွေကိုချစ်ရမယ်” တဲ့
မိုးတွေ မိုးတွေ
မိုးတွေ
သူမတစ်ကိုယ်လုံး လုံးဝမစိုဘူး
သူမက မိုးရေထဲပြေးနေတာ
မိုးရေထဲပြေးနေတာ
“ မိုးရွာရင် ချစ်ပူတာ မောင်မသိတော့ဘူး”လို့ထပ်ပြောနေတုန်း ...
သူမက ငှက်တွေကိုတစ်ကောင်တည်းမနေစေချင်ဘူး
ငှက်တွေရဲ့ တောင်ပံဟာ သူတို့ရဲ့  ကိုးကွယ်ရာပဲ တဲ့

လူတစ်ချို့ က သူတို့ကိုယ်သူတို့ တောင်ပံပေါက်နေတယ်လို့
ထင်ကြတယ် … သူတို့မှာ တကယ်တမ်းတောင်ပံတွေသာ ရှိနေခဲ့ရင်
သူမ (သို့မဟုတ်) ကျွန်တော် ဟာ အဲ့တောင်ပံတွေ ငှားရမ်းမိမည်သာဖြစ်တယ်။

ကျွန်တော်တို့ တိမ် နဲ့ လေ လို မိုးဖွဲလေးများဖြစ်လာချိန်တွင်
နာရီလက်တံတွေ ဖမ်းမမိလိုက်တဲ့ သံယောဇဉ်တွေ အကြောင်း
အရုပ်ကလေးနဲ့ ကျွန်တော် ဘယ်သူကဘယ်သူ့ကို ပိုချစ်တယ်ဆိုသည့်အကြောင်း
မြင်မြင်သမျှက ဆံနွယ်ကောက်ကောက်လေးတွေချည်းပဲ ဖြစ်နေတဲ့အကြောင်း
နောက်ဖေးကထွက်လာတဲ့ ထမင်းပွဲလေးဟာ
ဧည့်ခန်းမှာ တည်ခင်းလိုက်လို့ အရသာ မပြောင်းသွားစေရတဲ့အကြောင်း
Hera ထံပို့ထားတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်မည့်အကြောင်း
ယနေ့မှစတင်ဝင်ရောက်သည့် သုဒ္ဓ္ဓနှစ်သည် ငှက်တို့ရဲ့  တောင်ပံဖြစ်လာမည့်အကြောင်း
အကြောင်းများကြောင့်
ကျွန်တော် သူမကို သုဒ္ဓ္ဓကိန်းထဲ ထည့်ထားလိုက်တယ်

ကျွန်တော်တို့ကို ဘယ်သူမှ စခွဲလို့ မရတော့ဘူး ...။



                                                                                မောင်အောင်ပြည့်
                                                                        

ဒေဝေါ

ဒေဝေါ

August 23, 2013 at 4:28am
ဘာမှမစနဲ့ ဆိုင်ရာဆိုင်ရာတွေခေါ်ထား တစ်ခုခုဆို ဦးအောင်လှောင်တတ်ဖို့ပဲလိုတာ
နေ့ညပူအေးရယ်ငို အချက်အလက် အကုန်ကိုယ်ဆီက ဆင်းသက်လာတယ်
ပုဂ္ဂလဆိုရင်တောင် လိပ် တောင်ပံလေး စွဲစွဲ သုံးထား
တစ်ဦးတစ်ယောက်ကို တင်စားမည်ဆိုလျင်  ကိုယ်ရည်လေးမသိမသာ လူးပြပေါ့
သမိုင်းဟာကိုယ့်လက်ထဲမှာပဲ ရှိတယ် ခံစားချက်ဟာ ကိုယ့်ပါးစပ်ထဲမှာသာ အသုံးတော်ခံတာ
လူချစ်ကြိုက်များသူဟာ ကိုယ်နဲ့ ငယ်ပေါင်းလို့သာသဘောထား

ဒီတိုင်းပြည်ကြီးကို ကျုပ်လေအားနဲ့ ကယ်တင်မယ်

အပြင်းအထန် ရှုံ့ချပါတယ် ။ အလွန်အမင်း ကန့်ကွက်ပါတယ်
အနီရောင်အမည်းရောင် အဖြူရောင်ဟာ ကျုပ်ကိုသာ ကိုယ်စားပြုတယ်
ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းသွားရော ၊ဒါပြီးရင် ကိုယ့်ညစာလေးကိုပြန်စား
ကိုယ့်ထမင်းရည်လေးပြန်မှုတ် သောက် !!!! ယောင်ဝါးဝါးတွေ သေချာလေ့လာဦးဟ
စာအုပ်လေး ၃ ၄ အုပ်လောက်နဲ့ ဂိုက်ပေးလာကြမ်းနေတယ်

ကျွန်တော် ဘယ်တော့မှ ....... @!#$^$#@*@##@
ဘာ ဘာ ညာ ညာ မလုပ်ပါဘူး ....

( ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်း စောက်ကျင့်တွေ ပြင်ဖို့လိုလာပြီ )


ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ဖို့လိုလာပြီ
(ဗိုလ်ချုပ်အောင်ဆန်း)

ကျွန်တော်သိပ်ကြိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ

ဒီဇာတ်လမ်းဟာဆိုရင် ဆိုရှယ်လစ် စနစ်ကို @#$%@!@# ! ......

ဘယ်ကောင်မှ မဖတ်ချင်နေ မကျေနပ်ရင် ကျော်သွား

အမေရယ် ခြင်္သေ့ရယ် အဒေါ်ရယ် အဘရယ်

မုဒိန်းကျင့်သွားတာ စောက် @#%@#@## .... စောက်ရှောက်ခြင်းအားဖြင့် ဝေမျှပါ

ဒိုးပါ လစ်ပါ သိပ်စိတ်ညစ်ရပါတယ်

ချစ်ခြင်းဟာ ကိုယ့်ကို အမှိုက်ပုံးထဲ ခေါင်းစိုက်စေပြီ

မင်းကဘယ်လောက်ဖတ်ထားလို့ လာပြောနေတာလဲ

အရမ်းသဘောကျမိပါတယ် ၊ လေးစားရပါတယ် ၊ နောက်လည်း များများရေးပါဦး

လှလိုက်တာ ၊ So Hottttt ၊ ခရု ပက်ကျိ  ချစ်ချာယေး

 - with Democracy

အိမ်ကခွေးလေး သွားကျိုးသွားလို့ ဘယ်ဆေးခန်းမှာ ပြရင် ကောင်းမလဲ အကြံလေးပေးပါဦးနော်

အသံဟာအသံသာလျင်ဖြစ်တယ်

အသံသာရင်လည်း ပိုက်ဆံဖြစ်တယ်
တောင်းပန်တတ်ရင်လည်း ပိုက်ဆံဖြစ်တယ်
ယုံကြည်ရရင်လည်း ပိုက်ဆံဖြစ်တယ်

နည်းပညာတွေတိုးတက်လာတော့ ကမ္ဘာကြီးဟာ ရွာလေးဖြစ်သွားတယ်တဲ့
ရွာသူကြီးတွေကလည်း များလိုက်တာ

လယ်သမားတွေအရေးဆွေးနွေးဖို့ စုံနေကြဘီယာဆိုင်ကစောင့်နေမယ်ပေါ့

တောင်တက်ဖို့ ကားတွေပေါ်လာတော့ အထမ်းသမားဟာ လူ့ အခွင့်အရေး ချိုးဖောက်ခံရတာတဲ့လား

မျက်စီမွှေးတဆုံးဆိုတာ တော်တော်လေး ကြည့်ရခက်ပါတယ်

မိုးသံလေသံ ကြားတိုင်း ခုထိ ဒေဝေါ ကြောက်နေတဲ့သူတွေ တစ်ပုံကြီး ။



                                                                              မောင်အောင်ပြည့်
                                                                                  ၂၃.၈.၁၃

ဗိုက်ကလိုမူးတေးရီးယား

ဗိုက်ကလိုမူးတေးရီးယား

August 2, 2013 at 12:42am
:::::::: ဗိုက်ကလိုမူးတေးရီးယား ::::::::::::

ဒီလိုမှောက်ချလိုက်တာ ဓါးဒဏ်ရာ မသက်သာ

ကိုယ်ထူကိုယ်ထမှာမှ လမ်းထိပ်ကျောက်တိုင်ထူသူတွေ

ဝါးလုံးကို ထောက်ပြီး လှေကရွေ့ လာ

ကမ်းပေါ်မှာစုပြုံနေတာ ဆီအလိမ်းလိမ်းနဲ့လူတွေ

 မွေးစတည်းကပြေးလာတဲ့သူဟာ ကွင်းထဲတံတွေးထွေးခွင့်မရ

လိုင်းကားချောင်တာကောင်းတယ် အာချောင်တဲ့စပယ်ယာကပြောတယ်

မိမိကိုယ်ကိုမြင်တဲ့အမြင်ဟာ မှန်တစ်ချပ်ကိုကြည့်သလောက်ပဲ မြင်နေရင်တော့

အရာပေးခံချင်လို့ အရေးမပါတဲ့ စောက်စကားတွေပြောတယ်

လွတ်လပ်ခြင်းဆိုသည်မှာလည်း သူ့ ဘောင်လေးနဲ့သူ

သိမှုဆိုတာ စာကြည့်တိုက်ထဲမှာ ရှိတာမဟုတ်ဘူး

နာမည်ကျော်သူတို့ရဲ့  စကားတွေ လက်ကိုင်စွဲနေတဲ့သူဟာ စောက်ဖျင်းပဲ

စိတ်လိုလက်ရရှိရင် ကိုယ်ဗိုက်လေးကိုယ်ပြန်စမ်းကြည့်

ချက်ပေါက်လေးစမ်းမိတိုင်း နွေးအေးပြီးလုံခြုံတာ

အမေ့အတွက်ဈေးဖိုးမှန်မှန် ထောက်ပြီးမှ ကမ္ဘာကြီးကို

ကယ်တင်ဖို့ပြောရင် လူ လို့သတ်မှတ်ပြီးပေါင်းမယ်

ဆီးမှန် ၀မ်းမှန်ရင်တော့ အကောင်းဆုံးပေါ့ ။




                                                     မောင်အောင်ပြည့်

ကလပ်ထဲမှာ

ကလပ်ထဲမှာ

July 16, 2013 at 1:32pm
ဒါရပ်ကွက်ရဲ့ဖျော်ဖြေရေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ခြင်း
ရိုးပါတယ် ... ဒီမှာတော့ LV > Gucci > ဟာ China ပဲ ၊ Hoody လေးတွေကတော့ ဘာရယ်မဟုတ်ဘူး
ကြည့်ကောင်းသလို ၊ အရုပ်ခပ်များများပါတဲ့ ဘောင်းဘီတို နဲ့ Sexy And I Know It ...

မီးရောင်တွေ ... မီးရောင်တွေ 2013 ကိုလိမ်းပေးထားတဲ့ မိတ်ကပ်တွေ ။ အညာသူဟာ စီးကရက်လေးခဲလို့
မီးရောင်ဟာ အမာရွတ်ကို ကုစားသွားတယ် ။ မီးရောင်ဟာ အညာသူကို ဆွဲခေါ်သွားတယ် ။
ခါးတစ်ချက်လှုပ် ၊ ရင်တစ်ချက်ပင့်တင် ၊ ဒူးနည်းနည်းကွေး ၊ ခေါင်းနည်းနည်းစောင်း Beat နဲ့အညီလေး  ၊
ကိုယ်ရံတော်ဟာ လက်သီးတွေထိုး ၊ လည်မျိုတွေနင်းပြီး ၊ အညာသူမကို ဈေးတင်ပေးနေတယ် ။
" ကောင်မလေးကို လွှတ်လိုက် ၊ ကောင်မလေးကို လွှတ်လိုက် " ၊ မီးခိုးတွေ ... မီး ခိုး တွေ
မျက်ရည်ယိုဗုံးဟာ Dancing Floor ပေါ် မကွဲခင် ၊ သာကေတ က အဆောင်မှာတည်းက ကွဲလာခဲ့ပြီးသား ။

DJ စင်ပေါ်က ပစ်လိုက်တဲ့ သေနတ်သံနှစ်ချက်ဟာ အနားက ယောင်လည်လည်လုပ်နေတဲ့
ကောင်လေးနှစ်ယောက်ကို မှန်သွားတယ်။
ယစ်သွေးကြွတစ်ယောက်က  " All Woman Are Same Into The Dark Room " ဆိုပဲ ...
အိမ်ကမိန်းမဗိုက်ခေါက်ထူတာထည့်ပြောမသွားဘူး ။
ရာဂတွေ Dancing Floor ပေါ်ပြန့်ကျဲ ၊ အညာသူမလည်း ဘီယာခွက်တွေထဲ မှောက်လဲ ။
Ok !!! Everybody Push Your Fucking Hands Up.  Everybody ဆိုသူတွေဟာ
လက်မြှောက်ရတာ သဘောကျပုံရတယ်။

လက်တွေမြှောက်  ... လက်တွေမြှောက် ၊ ဘ၀ကိုလည်း လက်တွေမြှောက် ၊ အနာဂတ်ကိုလည်း လက်တွေမြှောက် ။

သူတို့ အရည်သွေးဟာ သားလျှောသလို ၊ လက်တွေမြှောက်နေတာ ဆန္ဒဖော်ထုတ်နေတာ ၊ ပုဒ်မ မတပ်ပဲ နှိမ်နင်းခံထားရ ၊
မီးသတ်ကားမလိုပဲ လူစုကွဲသွားကြ ၊ မီးခိုးတွေထဲ လက်တွေမြှောက်လိုက်ကြ ၊ မီးရောင်တွေထဲ လက်တွေမြှောက်လိုက်ကြ ၊
ဘ၀ထဲက မှိုင်းတွေထဲမျက်လုံးတွေစပ်နေကြ ၊ နေ့နဲ့ညကိုမှားပြီး ဘော်ဒီတွေတိုက်သွားကြ ၊

ပြန်အမ်းငွေ ဖြစ်မလာတဲ့ထောင်တန် တစ်ရွက်လို ၊
မျက်မှန်ကိုင်းကြီးပဲ တပ်ထားတဲ့ အတိုမလေးတွေဟာ ကလပ်ရဲ့ ဂုဏ်ဆောင် ။
စာအုပ်ထဲက ယဉ်ကျေးမှုဆိုတာ ပါးစပ်ဖျားက တော်လှန်ရေးပဲ ။
အညာသူမဟာ ဈေးခေါင်းကွဲချိန်မှာ လက်နှစ်ချောင်းပဲ ထောင်ပြနိုင်တော့တယ်။

ကလပ်ထဲမှာ မီးခိုးတွေ ၊ မှိုင်းတွေ ၊ လက်မြှောက်နေတဲ့သူတွေ ၊ မနက်ခင်းကို ခွာခွာကြည့်နေတာ
သူတို့ရဲ့ Waiting for tonight  ဟာ ၀င်ကြေး ၃ ထောင်သာလျင် ဖြစ်တယ်။
ကလပ်ထဲမှာ ပိုးကိုက်ခံရတဲ့သစ်သီး တစ်ချို့ နဲ့ ဒိတ်လွန် ပုလင်းတစ်လုံးဖောက်မြည်းနေတာ ။
ကလပ်ထဲမှာ ဒုက္ခကို ကြမ်းခင်းပေါ် ချနင်းပြီး အလင်းကိုလက်တို့နေတာ ။
ကလပ်ထဲမှာ  Disco Light  ကိုအမှောင်နဲ့ ခင်းကျင်းပြသသွားတာ ။
ကလပ်ထဲမှာ All People Are Same Into The Dark Space ဖြစ်သွားတာ ။
ကလပ်ထဲမှာ ကံကိုချိုးပြီး ဘ၀ကို မီးလှုံနေတာ။


                                                                                 မောင်အောင်ပြည့်


လူကလေးနဲ့ ပန်းချီကားအကြောင်း

လူကလေးနဲ့ ပန်းချီကားအကြောင်း

June 18, 2013 at 12:25am
လူကလေး
အသံမမြည်ပဲ ကြားတဲ့ကိစ္စငါတို့ရဲ့ စကားစမြည် ကိစ္စ ...
တစ်လောကလုံးမှောင်နေပါဦးတော့
ဓါတ်တည့်သူတွေ စားတဲ့အသားက သွားကြားမညပ်ဘူးဆိုလားပဲ
 လူကလေး
 မင်းလည်းထင်တာလုပ်တာပဲ ငါလည်း ထင်ရာလုပ်တာပဲ ...
အကြောင်းအရာက တစ်လမ်းမောင်း
မင်း ဘယ်ထဲက စီးလာစီးလာ ဒီခုံဟာဦးစားပေး
 လူကလေး မင်းဘယ်တော့မှ ညောင်းမှာမဟုတ်ဘူး
 ငါလည်း ဘယ်မှ ဆက်မသွားနိုင်တော့ဘူး
တစ်ခါတစ်လေ ပညတ်လေးတစ်ခုကိုတင် လမ်းပြောင်းပြန်မောင်းနေတဲ့ အသိုင်းအ၀ိုင်း
ထိုင်ခုံလေးပြရုံ ရှိသေး သွေးစုနာ ကိစ္စကို အငြင်းပွားနေတဲ့ ပတ်ဝန်းကျင်
လူကလေး
ငါတို့ လူစဉ်မမှီတဲ့ကောင်တွေ တောင်တက်နေတာလား ရေငုပ်နေတာလား
မင်း နာရီတစ်လုံးတော့ ရအောင်ဝယ်
 အထူးသဖြင့် နောက်ပြန်မလည်တဲ့ နာရီကို
မင်းရအောင် ရှာဝယ်
လူကလေး မင်း နှလုံးသားက အခိုးခံရဖူးတာလည်း မေ့မသွားနဲ့
ငါလက်ထဲ ဘာမှ မပါပဲ နဲ့တော့
 မင်းခေါင်းပေါ်က မြက်ဦးထုတ်လေး ငါမသိမ်းသေးဘူး
ငါ ခုတစ်လော သိပ်စကားမပြောတာ အသက်အောင့်အောင့်ထားရလို့
ငါတို့ ခေါင်းဆောင်တွေ ခုတစ်လော သိပ်စကားမပြောတာ
 မင်းပယောဂကြောင့်
တော့ အဖြစ်မခံနဲ့
လူကလေး ။
ညကမက်တဲ့ အိပ်မက်မှာ ပန်းချီကားကြီးပါတယ်
သစ်ပင်ကြီးပါတယ် အရွက်တွေမပါဘူး
မြေဆီလွှာတွေမတွေ့ ဘူး ...
မင်းရောငါရော အပြင်တစ်ခြားငှက်တွေပါ နားနေတယ် ။

မောင်အောင်ပြည့်

ကောင်းကင်မှားတဲ့ ကမ္ဘာပေါ်က စိတ္တဇအလွမ်း

ကောင်းကင်မှားတဲ့ ကမ္ဘာပေါ်က စိတ္တဇအလွမ်း

June 28, 2013 at 2:38am
ဒီနေရာမှာ နှစ်ပါးသွားလေး တစ်ပုဒ်လောက်လုပ်မယ် ဆိုတော့
မိုက်လား မိုက်လား မိုက်လား  ပေါ့
စရမှာပဲ ရပ်တန်းကမှမရပ်နိုင်တာ
သံယောဇဉ်ကိုမှ စောက်ရောသွားဝင်မိတယ်
ရင်ဘတ်ထိထောက်နေတဲ့ ဗိုက်တစ်လုံးနဲ့ အလွမ်းတွေအစာမကြေဘူး
ပေါ့ပေါ့လေးပါ ဆိုမှ လေးတာကို ပေါ့ ထားတာပဲ ပေါ့
ဂနာက မငြိမ်ဘူး ဒင်းအကြောင်းတွေးရင် မျက်ရည်နဲ့ မျောက်ခွက်
စောက်ကျိုးနည်း လွမ်းတာတောင် မနုနိုင်တဲ့ ရင်ဘတ်
သူ့ခြေဖ၀ါးပေါ်က မျက်ရည်စ ကို သူနားလည်မှာပါ
သူနားမလည်လည်း မင်နီလေးတွေ အောက်ကတားလိမ့်မယ်  ဒါဘာသာစကား
အင်တာနေရှင်နယ် လင်းဂွေ့ ခ်ျ
လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျီစယ်ပါဦးလား
ဘောင်းဘီနဲ့ မျက်ရည် သုတ်ရတဲ့ထိအောင် မိုက်ပြခဲ့ဖူးသေးတယ် ဆိုတော့ကာ
မိုက်တယ် မိုက်တယ် မိုက်တယ်
မိုက်တယ်တော့ လုပ်လိုက် … တကယ်ပါ
စိတ္တဇအလွမ်း ကလည်း အရောင်စုံတာပဲ
ကိုယ့်ဘက်ကတော့  ကြည်ဖြုပါ ကြည်ဖြုပါ မေရယ် ပေါ့ …
ဘုရင့်နောင် က ဖျက်ခဲ့တဲ့ဖောင်ကိုတော့ ပြန်စီးသွားတာ မဟုတ်ဘူး
အဲ့မှာသွားတူနေတာ ကျုပ်တို့က ရင်ဘတ်နီးတမ်းကစားခဲ့တာ
တစ်လတစ်ခါ အလွမ်းပုပ်တွေဆင်းအောင်
ချစ်ခြင်းတွေ သွေးသန့်အောင် ကျုပ် အမ်အေအိုင် သွေးပုပ်ချဆေးသောက်မယ်
ခင်ဗျားပြောတဲ့ ခိုပြာရောင် အိမ်ဆိုတာ ကျုပ်တို့ ညနေတွေကို ကြိတ်နေတာ
ကျုပ်တို့ တနင်္ဂနွေတွေကို အာဝါဒီး ဖြစ်စေတာ
ဆိုတော့ကာ ကေအေတီ ကို အလွမ်းသီချင်းတစ်ပုဒ် ရေးခိုင်းမယ်
ကိုယ့်ဗိုက်နဲ့ ကိုယ်ဆိုမယ်  … ခင်ဗျားက ကမ္ဘောဒီးယား အက ပိုင်တယ်မဟုတ်လား
ဘာ ကောင်းကင်မှ မမှားခိုင်းတော့ဘူး … ခင်ဗျားကို ချည်ဖို့
စကားလုံးချည်းသက်သက်ဆိုရင်ဖြင့်
များတယ် နည်းနည်းတော့ များတယ်ပေါ့
စကားမစပ် မက်ဒေါနယ်ဆိုင်မှာ  Q ပေး
အလွမ်း Spicy နဲ့  Take Away လို့ မှာပေးရုံပဲ
မိုက်တယ် မိုက်တယ် မိုက်တယ်
မိုက်တယ်တော့ လုပ်လိုက် …
ပေါတောတော မြန်မာရုပ်ရှင်ကား နာမည်တွေ ကဗျာထဲထည့်ရေးထားတာ
မဟုတ်ဘူး ဖလန်းဖလန်းထအောင် လွမ်းနေတာ
ဟုတ်တယ် ကျုပ်က ဟော့မှကြိုက်တာ
ကျုပ်ဘဲကြီးတော့ ပွသွားပြီ …
ဒါပေမဲ့ ကျုပ်မှာ အမေရယ် … အချစ်ရယ် … ဘ၀ရယ်
အပိုင်း ၁ တွေ ၂ တွေ လုပ်မနေဘူး ဟသာင်္တထွန်းရင်လည်း မဟုတ်ဘူး
ဒါလည်း ခင်ဗျားကြိုက်မှာ မဟုတ်ပါဘူးလေ ဒါပေမဲ့

မိုက်လား မိုက်လား မိုက်လား ပေါ့ ။



                                                                                            မောင်အောင်ပြည့်



ဝန်ခံချက် ။ ခေါင်းစဉ်မှာ အယ်နီ့ ကဗျာနှစ်ပုဒ်ခေါင်းစဉ်ကိုပေါင်းထားခြင်းဖြစ်ကြောင်း။

ရွက်ပုန်းသီး

ရွက်ပုန်းသီး


သီးရဲ့ လား သီးရဲ့  အကြီးကြီး သီးတာ … အကြီးကြီး အသီးသီးတာ
ဟိုရွက်ဒီရွက် ဟိုအရွက်ဒီအရွက်သည်တွေကြားမှာ သီးနေတာ
အကြီးကြီး
ပုစွန်ကောင်လုံးကျော် ကဏန်းကောင်လုံးကျော်တွေ သီးနေတာ
သီးနေတာ ကြည့်
ဟိုလမ်းထိပ်မှာ နင်းနေတာ နင်းနေတာ အကြီးကြီး နင်းနေတာ
အကြီးကြီး နင်းနေတာ အထာကြီး နင်းနေတာ
နင်နေတာ နင်းရလွန်းလို့နင်နေတာ နင်းဦး နင်းဦး
နင်းပြီးမှ အကြီးကြီးသီးမှာ ဆရာဝန်သီး အင်ဂျင်နီယာသီး ရေကြောင်သိပ္ပံသီး
ဒီအသီးပြီး နောက်အသီးတွေအတွက်လည်း နင်းရဦးမှာ နင်းဦးမှာ
သီးနေတာ သီးနေတာ စားရလွန်းလို့သီးနေတာ
ဝန်တွေကြီးလို့ ၀န်ကြီးတွေသီးနေတာ
လွှတ်တော်သီး ဥပဒေသီး အာဏာသီး
သီသီလေးလွတ်သွားတာ သီးသွားလို့ပေါ့
တီးသွားတာ တီးသွားတာ ….ကွန်ကရစ်သီးတွေ ကိုတီးနေတာ …ဘိလပ်မြေသီးတွေ တီးနေတာ
ကြက်ဆူသီးတွေ
မြစ်ဆုံသီးတွေ ကြေးနီသီးတွေ တီးနေတာ တီးနေတာ
Heal The World ကိုတီးနေတာ
ဟဲ့ … ဘာတွေ သီးနေတာလဲ
ဟဲ့
ဘာတွေ တီးသွားတာလဲ ဟဲ့ … တကတည်း ခြေထောက်မှ နင်းရလား
ဟဲ့
ခေါင်းပေါ်က ခြေရာတွေသုတ်ချပါဦးဟဲ့ နင်းသွားတာ နင်းနေတာကိုး
အသီးတွေကျန်သေးတယ် ၊ အသီးတွေကျန်သေးတယ်
ဈေးထဲမှာမကုန်ရင် အိမ်က အသီးတွေတော့ သီးကုန်တော့မှာပဲ
ကျူရှင်သီး အိမ်လခသီး စည်ပင်သာယာသီး ဝေေ၀ဆာဆာသီး
အသံတွေကြီးလာတော့မှာပဲ အသီးတွေ မကျန်စေနဲ့  …
မကျန်စေနဲ့ ဒီတစ်ခါကြံရင် ၈၈သီး ရွှေဝါရောင်သီးတွေလို
ရောင်းကောင်းမှာမဟုတ်ဘူး ဒီမိုကရေစီသီး လူ့အခွင့်အရေးသီးတွေ
ကျုပ်တို့ ရွက်ပုန်းသီးလေး ဘယ်မှာသွားသီးနေလဲ ဘယ်မှာသွားပုန်းနေလဲ
ဘယ်သူတီးသွားပြီလဲ … ရွက်ပုန်းသီးက ခုတည်းက တီး နေပြီလား
ရွက်ပုန်းသီး လေး သီးလာပြီလား တီးသွားပြီးလား ဟဲ့
အော် သီးတီး မတီးသီး သီးတယ်ဟာ တီးတယ်။

မောင်အောင်ပြည့်
၇.၆.၂၀၁၃

နေသားတကျ ဖြစ် မဖြစ်

နေသားတကျ ဖြစ် မဖြစ်

May 30, 2013 at 10:55pm
 ခေါင်းပေါ်ကိုကျလာနေတဲ့

     အလင်းပေါက်               

 ပိတ်ထားသောပြတင်းများ         

        ဦးတည်ရာဟာ အေးမြ

   အစအနပေါင်း                                                        

နှင်းများအပြည့်ဖုံးနေ

    နင်းထားတာမနက်ဖြန်

ရဲ့ အလင်းရောင်ဆိုရင်

                          ပြတင်းပေါက်များ အမြန်ရိုက်ခွဲလိုက်ပါ။

  သို့ဖြစ်ပါသောကြောင့်

လှေကားများသည်

   စားသုံးချင်စရာကောင်းသော

 အစေ့မပါ  အရည်ရွှမ်းသောအသား

တက်ရန်အတွက် ဖြစ်စေ

   ယခုလို အလိုက်သင့်

ဆင်းသွားရန်အတွက်ဖြစ်စေ

   စားပြီးရင်း စားချင်နေသော အရာဖြစ်ကြောင်း

အရေးပေါ်အခြေအနေ

  လမ်းဘေးချရပ်ပေးရန် မလိုအပ်


     အလျင်အမြန် ပြတင်းများပိတ်လိုက်ရန်လိုသည်။

မှန်များမရှိလျှင်လည်းပိတ်ကိုပိတ်ရန်လိုသည်။

နေသားတကျ ဖြစ်

   မဖြစ်

မောင်အောင်ပြည့်

ဝန်

ဝန်


ကျွန်တော့် မှာ အိတ်တစ်လုံးရှိတယ်
တစ်ခါတစ်ခါ အထဲက ထွက်လာတာ
ဓါးသွားလို
ချွန်ထက်နေတဲ့ စိတ်ဓါတ် ...
မတော်တဆ ကိုယ့်ဟာကိုယ်
ပြန်ရှဖူးတယ် တစ်ခါတစ်ခါ
အထဲက ထွက်လာတာ
မာသာလို
အေးချမ်းနေတဲ့ ရင်ငွေ့ 
လူတစ်ချို့ နင်းတက်သွားတယ် ...
တစ်ခါတစ်ခါ အထဲက
ထွက်လာတာ ပင်လယ်ကြီး
ကျယ်သလို နက်သလို နဲ့
အမှားတွေ
ကိုယ်တစ်ယောက်တည်း သက်လုံတွေ
ကောင်းတုန်း ...
နောက်ဆုံး အထဲက
ဘာမှမထွက်တော့အောင်
အိတ်ကြီးကို
ခွဲလိုက်တော့ အထဲက ထပ်ထွက်လာတာ
ကျွန်တော်ဖြစ်နေတယ်

ခုတော့
ကျွန်တော်က အိတ်ကြီးကိုထမ်းလိုက်
အိတ်ကြီးက ကျွန်တော့် ပြန်ထမ်းလိုက် နဲ့

မနက်ဖြန် ဟာ သူ့ အလှည့်လား ကျွန်တော့်အလှည့်လား
ကျွန်တော် မမှတ်မိတော့။


                                             မောင်အောင်ပြည့်
                                                 2.3.2013

To - Hera ... please check the attachment

To - Hera ... please check the attachment


ခြေထောက်လေး နှစ်ချောင်းပေါ် သေချာအမှီပြုထားတာပါ
ကျွန်တော်က ဘယ်  သူက ညာ
ဆိုပါတော့

ခရီးတစ်ခုက တစ်လှည့်စီ လှမ်းနေတာမျိုး
အထိအခိုက်တစ်ခုက တစ်လှည့်စီ ရောက်နေတာမျိုး
ဆိုပါတော့

ဒီတောင်ဟာ အချိန်တန်ရင်တော့ဖြင့်
ဒီခြေနှစ်ချောင်းအောက်မှာ ပြားပြားဝပ်နေရမှာပါ

ဆိုပါတော့
အိမ်လေးတစ်လုံးလို့ပဲ
ကျွန်တော်က မီးဖိုခန်း သူက ဧည့်ခန်း

နောက်ဖေးကထွက်လာတဲ့ ထမင်းပွဲလေးဟာ
ဧည့်ခန်းမှာ တည်ခင်းလိုက်လို့ အရသာ မပြောင်းသွားစေရပါဘူး
ဒီအိမ်ဟာ ဥတုသုံးပါးလုံး သစ္စာရှိနေမဲ့အိမ်ပါ

ဆိုပါတော့
ကျွန်တော်က အိုးလေး သူကအပင်ပေါက်လေးပေါ့
အချိန်တန်တော့ ဒီပန်းအိုးဟာ အပွင့်တွေနဲ့ မွှေးကြိုင်နေစေဦးမှာပါ

ကျွန်တော်က
တန်ပြန်မှုကို မျှော်လင့်မထားတဲ့ ချစ်ခြင်းမျိုးကို
ကဗျာပေါ်မှာပဲရှိတယ်လို့ဆိုတော့
သူက ကဗျာလေးဖြစ်နေပြန်ရော

မြတ်နိုးခြင်းထက်ပိုသော မွန်မြတ်တဲ့ဘာသာစကားတွေကို
သူက လက်ဆောင်ပေးတယ်
ယုံကြည်ခြင်းထက် ပိုသော ယဉ်ကျေးမှုတွေကို
ကျွန်တော်က လက်ဆောင်ပေးတယ်

အဲ့ဒါတွေနဲ့ ကျွန်တော်တို့ ကမ္ဘာအသစ်လေးဆောက်မယ်
အဲ့ဒီမှာ သူ့ အချစ်တွေနဲ့ လင်းမယ်
ကျွန်တော့် မေတ္တာနဲ့ အေးမယ်
နားလည်မှု တွေကို စားသုံးမယ်


ဒီအချက်အလက်တွေကို Hera ဆီအရောက်ပို့မယ်။


မောင်အောင်ပြည့်
၂၅.၅.၂၀၁၃


* HERA was the Olympian queen of the gods and the goddess of women and marriage.

တကယ်လို့များ

တကယ်လို့များ


တကယ်လို့များ စိတ်ထဲလင်းနေတဲ့ အမှန်တရားတွေကို သေချာစီတန်းပုံဖော်ခွင့်ရမယ်ဆိုရင်
ကြယ်တွေနဲ့စကားပြောခဲ့ဖူးတဲ့ ဆယ်ကျော်သက်ညတွေ
ကျောခင်းတိုင်းထိုးထိုးနာတတ်တဲ့ မြီးညှောင့်ရိုးလေးအကြောင်းတွေ
ဘာနဲ့မှရင်ဘောင်မတန်းရဲခဲ့တဲ့ ကောလိပ်ကျောင်းသားခံယူချက်တွေ
မိသားစုဆီက ခွဲခွာသွားတဲ့ လက်ဆုံထမင်းစားပွဲလေးတွေ
ဒါတွေကို အရင်ဆုံး နံရံတွေမှာကပ်ထားမိမှာပါ
နာကျည်းမှုဆိုတာ သွေးသားထဲထည့်သိမ်းပြီး ကိုယ့်ကိုယ်ကို Troll ခဲ့တဲ့ နုပျိုမှုတွေပါပဲ။

သင်းကွဲငှက်တွေဆိုတဲ့သီချင်းတွေထဲက ခံစားလို့မရခဲ့တဲ့ ရက်စွဲတွေကို ဆွဲဆုပ်ပစ်မယ်
ရင့်ကျက်ခြင်းကို လမ်းဘေးစရိုက်နဲ့အတူတွဲသိမ်းလာတဲ့ အသိုက်မဲ့ကြိုးကြာရယ်ပါ
သူဘယ်ထိဆက်လက်ချီတက်ရဦးမလဲ ...
မတော်တဆကောက်ရဖူးတဲ့ ပိုက်ဆံအိတ်လေးတစ်လုံးကိုတောင် သံယောဇဉ်ကြီးခဲ့ဖူးတာပဲ
ချစ်ခြင်းရယ်သစ္စာတရား ဘာသာတရားရယ်ကို နေ့တိုင်းဦးမညွတ်ဖြစ်ပါဘူး
ရင်ဘတ်ထဲအသိမ်းလွန်နေလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ကျောတစ်ခင်းစာဆိုပေမဲ့ အရမ်းကိုအကျည်းတန်လွန်းတယ်
မလိုချင်တဲ့ အခွင့်အရေးတွေပဲ ထပ်ခါထပ်ခါ ပြန်ရနေတာ ....
သမိုင်းတွေနောက်ပြန်မလည်ပါရစေနဲ့တော့
လူငယ်တစ်ယောက်ရဲ့  အိပ်ယာကို ကိုယ်တိုင်ပြင်ဆင်ခွင့်ပေးပါ။


တိုက်ဆိုင်စွာ ၀င်တိုက်ခဲ့တဲ့ အရှေ့ မြောက်လေပါ ... ဘယ်အရပ်ကိုမှ မိုးမအုပ်စေချင်ဘူး
ခက်နေတာကဒီတစ်ကြိမ်ပြီးရင် ခွေးတိုးဝက်ဝင် အပြုံးတွေနဲ့ ထပ်ရင်မဆိုင်ချင်တော့တာပဲ
ရောက်ရာအရပ်ကနေ အမျှဝေပေးပါ ... ဘာကောင်းမှုမှ ပြုလုပ်မထားပါဘူး

သတ်မှတ်ချိန်ဟာ သတ် မှတ်ချိန်ဖြစ်သွားနိုင်ပါတယ် ...
အဲ့ဒီအခါ ယုံကြည်ချက်တွေ သေသွားမယ်
မျှော်လင့်ချက်တွေ သေသွားမယ်
အနာဂတ်တွေ သေသွားမယ် ... အရာအားလုံးသေသွားမယ်
ခံပြင်းတာက ဘာလို့ကျရှုံးခြင်းတွေ လိုက်မသေတာလဲ

တကယ်လို့များ ကိုယ်ဖမ်းဆုပ်ထားသမျှ စီတန်းပြီးစီးသွားခဲ့မယ်ဆိုရင်တော့
မိသားစုညစာစားပွဲလေးတွေကို သေချာအသက်သွင်းမိဦးမှာပါ
ကြယ်တွေကို ကျေးဇူးတင်ကြောင်းပြောမိဦးမှာပါ
ကျောခင်းထားတဲ့အိပ်မက်ကို တယုတယ နမ်းမိဦးမှာပါ
ဒါဟာ နောက်ဆုံးဖမ်းမိတဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မောင်အောင်ပြည့်
၁၅.၅.၂၀၁၃

သတင်းပေးပို့ချက် အခြေအနေအရ ရသွားတဲ့ ရှောခ့်

သတင်းပေးပို့ချက် အခြေအနေအရ ရသွားတဲ့ ရှောခ့်


မရိုးမရွပဲ ရှောခ့်ရနေတာ လက်တွေတိုဝင်လာပြီ
ဒီတစ်လော ကိုက်နေတဲ့မျက်လုံးထဲက ရဲရဲတောက်သင်ခန်းစာပေါ့
ဘယ်လိုပြောရမလဲ ခါးလေးကိုကော့ထားပါ မျက်နာလေးကိုရဲထားပါပေါ့
စားဘူးသီးတွေကလည်း အချိန်တွေလာလာခိုးတယ်
သူအမေလင် သူ့အဖေပေါ့ ညာညာပြီး မလိမ့်တပတ်နဲ့    သောက်ချဉ်မဟုတ်ဘူး
အဲ့လိုပြောပြီး မျက်ရည်နဲ့မျက်ခွက်
ဘာလဲ အားတက်စရာ
 နမိတ်ကောင်းတယ်လား ရိုးရာဆန်ဆန်ပဲ
Self Motivated  ရှိပါတယ် စားသုံးသူကို ၀န်ဆောင်တတ်ပါတယ်
တောင်းပန်ပါတယ် နောက် မဖြစ်စေရပါဘူးပေါ့
အဲ့ဒါတွေ တို့ဆီမှာ တတ်ထားပါတယ် သင်ထားပါတယ်ပေါ့
သောက်ကျိုးနည်း ဒင်းတို့ လွှတ်နေတဲ့ တော်ကီတွေ ဆန်းထွက်နေတယ်
ဒီမှာပဲစားမှာလား အချဉ်လိုသေးလား တစ်စုံလား တစ်ခုတည်းလား
အာရုံပဲ သုတ်ကြောင်နေသလို ကယောင်ကတမ်းနဲ့
ဘီလူးပဲစီးနေသလို ထမရ ရုန်းမရ လှုပ်မရ ရှောခ့် တစ်ချိုးတည်း မကျိုးရတာ
န၀င်းတစ်ပတ်ပြည့်ပြီ ကံပါပဲ ဆောင့်ကိုကန်ချင်တာ စောက်ကျိုးနည်း
ပရိုဖက်ရှင်နယ် ဆန်ဆန်ပေါင်းသင်းဆက်ဆံရေးကတစ်မှောက်
သန်းပါတယ် ဝေပါတယ် ပူပါတယ် အလေနပ်တော လိုက်ပါတယ်
လမ်းသွားရင်း ချီးတောင် မပေါက်ရဲပါဘူး ရှော်ခ့်ပါ
လူကြီးသူမတွေပြောဖူးတယ် ပညာတတ်ရင် မပင်ပန်းရဘူးတဲ့ ရှောခ့်ပဲ
ဟုတ်ကဲ့ သန်မာပါတယ် ကြံ့ခိုင်ပါတယ် အေ ဘီ စီ ဒီ အဆုံး အားလုံး ရှင်းပါတယ်ပေါ့
ကိုယ်တစ်ကောင်ပဲ အားယားနေပါတယ် ရှောခ့်ရနေပါတယ်
တော်သေးတာက အူမကျ ဘောမကျ ဟိုမ ဒီမ ဆိုလည်း
ကြွယ်ပြီးသားပဲ ဒါမှ အိုင်ဖုန်းလား အိုင်ပက်လား လေဒီကြီုက်တာပြော ပေါ့
အသစ်စက်စက် အက်စ်ဖိုး အမှီလေး အိုင်ဖိုက်အက်စ် အမှီလေး
နီးစပ်ရာရထားစီးပြီး အမှီလေး ... ခုလောလောဆယ် ဟိုမှီ ဒီမှီလေးပေါ့
စောင့်ပါ ရှောက်ပါ မပါ စပါ ကိုယ်တော်တို့ရယ် လှူပါ့မယ် တန်းပါ့မယ်
သက်စေ့ရွတ်ရမှာလား ဘာဂါထာ ညာဂါထာ အပြင်ကို
သက်တန်းရင့် နှစ်ချို့ ကြီးတွေကို လည်း ဂါပါတယ် ဂေါပါတယ်
ဖောတော့မဖောပါနဲ့ ပါတာလေးမကုန်ခင်လေးပါပေါ့  ရှောခ့်
 Food လေးပါဆိုပြီး ၀ိုင်းတော့မကြိတ်ပါနဲ့ပေါ့ ရှောခ့်
ဖားလေးတွေနဲ့လည်း မတွေ့ ရသေး ငါးလေးတွေနဲ့လည်းမဆုံရသေး
ကိုယ်တိုင်ကလည်း ဖားတစ်ပိုင်းငါးတစ်ပိုင်း
တုံးခနဲ ထထိုင်တာတောင် နီဂိုရှိတ် ပါတယ်
Attach တွဲပါတယ် ကိုယ့်ကိုယ်ကို ပြန်မြင်ပါတယ် နောက်ဆို
ဘယ်သူနဲ့မှလည်း မောင်းမလှဲတော့ပါဘူး ယူကျုတွေပဲ ဒေါင်းပါတော့မယ် ဆိုလားပဲ ရှောခ့်


မောင်အောင်ပြည့်
၃၀.၄.၂၀၁၃

ဖတ်စရာ

ဖတ်စရာ


ရှင်းရှင်းလေးပဲ ဒါဟာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
ချင်မှကောင်းမယ်
ဘာမှမဖွက်ထားဘူး ...ဘာအကြောင်းမှလည်းမဟုတ်ဘူး
ဘာနည်းပညာမှလည်း မသုံးထားဘူး
ဘာအချက်အလက်မှ လည်းမထည့်ထားဘူး
ပြီးတော့
ဘာအကြောင်းမှလည်း
မဟုတ်သလို ဘယ်သူ့
အကြောင်းမှလည်း မပါဘူး
ရှင်းရှင်းလေးပဲ ဒါဟာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
တယ်လို့လည်းမဆို
ထည့်ထားတာ စာသားချည်းသက်သက်
ဘယ်သူ့ကိုမှ ဂေါ်လီ လော်ဘီမလုပ်ထားဘူး
ဘယ်သူ့ကိုမှ အပုပ်ချ တုတ်ပြ ရန်မတွေ့ထားဘူး
စာသားချည်းသက် သတ်
တုတ်ဆွဲ ဓါးဆွဲ ရအောင်လို့
ဒီထဲ ဘာမှ လုစရာမရှိသလို
ဒီထဲ
ဘာဥပဒေမှ မရှိ
ဘာနိုင်ငံရေးမှ မရှိ
ဘာခွဲထွက်ရေးမှ မရှိ
ဘာလူမျိုးရေးမှ မရှိ
ဘာ ဘာသာရေးမှ မရှိ
ရှင်းရှင်းလေးပဲ ဒါဟာ
ဖတ်စရာ ဖတ်စာတစ်ခု ဖတ်ချင်စရာ ကောင်း
ချင်မှ ကောင်းမယ်
အိုင်ဒီယိုလိုဂျီလား
ဖီလော်ဆော်ဖီလား
ကွန်ဆက်ကျူရယ်လား
ဘာ ညာ ဘာ ညာ လား
သိပ်လည်းမသိပါဘူး
စာ သား ချည်း သက် သတ်
ပုံများ မှန်၏မှား၏
လွဲ၏မလွဲ၏
ဒီထဲမယ်
ဘာသိမှုမှ မပါ
ဘာခံစားချက်မှ မပါ
ဘာရသမှ မပါ
စာ သား ချည်း သက် သတ်
မည်သူကိုမျှ တိုက်ခိုက်လိုခြင်း မရှိ
မည်သူကိုမျှ ရွဲ့ စောင်း နှိမ် လိုခြင်းမရှိ
ဘာမှ မရှိလို့
ဘာမှ မပါတာ
ဘာမှ မပါရင်ရော .....
စာသားချည်းသက်သက်
ဒါဟာ
ဖတ်စရာ ။ ။

မောင်အောင်ပြည့်
၂၇.၄.၂၀၁၃

နောက်အနှစ် နှစ်ဆယ်

နောက်အနှစ် နှစ်ဆယ်

April 28, 2013 at 12:14am
လမ်းထိပ်မှာ ခရေပင်ကြီးအကြီးကြီး ရှိတယ်
အရိပ် အကြီးကြီးရတယ် ရေအိုးအလတ်စားတစ်လုံးလည်းရှိတယ်
ပက်ပက်စက်စက်သောက်လို့ရတယ် ခွက်ကိုဘာကြိုးနဲ့မှ ချည်မထားဘူး
နတ်လူသာဓုခေါ်စေသောဝ် နဲ့ပဲ ချည်ထားတာ

မြို့လယ်မှာ ဘုရားအကြီးကြီးရှိတယ်  တန်ဆောင်းအကြီးကြီးတွေလည်းရှိတယ်
အေးရာအေးကြောင်းနားလို့ရတယ် ၀ါတာကိုလာ တွေအများကြီးရှိတယ်
ပက်ပက်စက်စက်လည်းအေးတယ် ဘယ်သူမှခွက်ကိုယူသွားဖို့မတွေးကြဘူး
ဂါရ၀တရားထားဖို့ ဆိုတာပဲတွေးကြတယ်

ကား လေးမှတ်တိုင် အကွာအဝေးမှာ ပန်းခြံအကြီးကြီးရှိတယ်
ထိုင်ခုံတွေ တစ်ပုံကြီးရှိတယ် ပန်းတွေအများကြီးစိုက်ထားတယ်
ရည်းစားနဲ့ ကောင်းကောင်းဂျလန်းလို့လည်းရတယ် ဘယ်သူမှချောင်းမဲ့သူမရှိဘူး
ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းထားကြတယ်

နောက်ဖေးလမ်းကြားမှာ မြောင်းကြီးရှိတယ်  ရေစီးရေလာကောင်းတယ်
အနံ့အသက်လည်း မဆိုးဘူး မြောင်းဖုံးတွေလည်း သပ်သပ်ရပ်ရပ်တပ်ထားတယ်
အိမ်နောက်ဖေးမှာ ဈေးဆိုင်သာသာယာယာတည်လို့ရတယ် ဘယ်စည်ပင်မှလာဘော်မချက်ဘူး
လူ၏တန်ဖိုး ဆိုတဲ့ စည်းကမ်းကိုပဲ စာကပ်ထားတယ်

ဈေးထဲမှာ ဂိုထောင်ရှင်းပစ္စည်းတွေရောင်းတယ် တစ်ဝက်ဈေးနဲ့
တစ်ထည်ဆို နောက်တစ်ထည်ပေးတယ် အားလုံးလည်းကြိတ်ကြိတ်တိုးကြတယ်
ဘယ်သူမှတိုမဲ့လျှိုမဲ့သူမပါဘူး ... စကားများရန်ဖြစ်မဲ့သူလည်းမပါဘူး
လေးစားခြင်းကိုပဲ အပြုံးလိုတပ်ထားတယ်

ရပ်ကွက်ရုံးမှာ ဖုန်းတွေ ၁၅၀၀ နဲ့ရောင်းဖို့လုပ်နေတယ် အချိန်နဲ့နေရာကို ကြိုကြေငြာထားတယ်
တိုကင်နှင့်ဦးရာလူစနစ်ဖြစ်တယ် ရောင်းမဲ့ အလုံးရေကို စာကပ်ထားတယ် ၊
တိုကင်နံပါတ်များကို LED ဘုတ်နဲ့ ဖော်ပြထားတယ် ၊ အလုံးရေပြည့်သွားတော့ ကိုယ့်အိမ်ကိုယ်ပြန်အိပ်တယ်
မကျေနပ်စရာဘာမှမရှိ ပွင့်လင်းမြင်သာခြင်းကို အားလုံးကစိတ်တိုင်းကျတယ်

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က .....

ရင်ထဲမှာ မကျေနပ်မှုတွေရှိတယ် ဒီထက်ဆိုးလာရင်အကြမ်းဖက်မယ်ပြောတယ်
ပိုပေါက်ကွဲလို့ အရွဲ့ တိုက်တော့ တုတ်နဲ့ရိုက်တယ် သေနတ်နဲ့ပစ်တယ်
လယ်ထဲကစပါးတွေက ဘယ်တုန်းကတွင်းထွက်ဖြစ်သွားမှန်း နားမလည်လိုက်ကြဘူး
ဆေးထိုးခံရတာကြမ်းတော့လည်း ဘူမသိကိုးမသိ ။

မောင်အောင်ပြည့်

ဘဲငန်း

ဘဲငန်း


သိတယ်မဟုတ်လား ဘဲငန်းကို
သူ့အဘိုးဘဲငန်းဘုတိုက...ဦးနာအောက် သဘောင်္ပေါ်
အောက်လမ်းနဲ့လိုက်နေကြလေ ... ဘဲငန်းဘုတိုကြီး ဆုံးတော့
သူ့မိန်းမ ဘဲပြားလည်ရှည်မကြီး ရွှေဝါဆပ်ပြာတစ်တုံးရဖို့ တန်းစီရင်း
မှောင်ခိုသမား ဘဲငန်းငနက်နဲ့ တွေ့တာပဲ ...ဘဲငန်းငနက်တို့က မျိုးနဲ့ရိုးနဲ့မှောင်ခိုလုပ်တာလေ
ဘဲငန်းငနက်ရဲ့  ယောက်ဖ ဘဲဂွင်ကျော် ဆို ဂျူးတွေနဲ့ ပါလက်စတိုင်းဖက်မှာ
အရောင်းအ၀ယ်လုပ်ရင်း အဆိပ်မိသွားတာ... ဘာပြောကောင်းမလဲ။
သူ့နဲ့အတူပါတဲ့ ဘဲကလိမ် တောင် သမ္မတကြီးမော်နဲ့ ပေါင်းထားလို့ကပ်လွတ်သွားတာ
ဘဲကလိမ်တို့ ဆက်ဆံရေးကောင်းတာလည်း မပြောနဲ့လေ
သူ့ညီမ ဘဲငန်းမဒီ တို့အဖွဲ့ဆို ပိုပေါ့ နဲ့ ဟူစိန် တို့နဲ့ထိပါ မှောင်ခို လုပ်တာ

ဘဲငန်းကို မွေးထားတာက လူနာ(Luna)
လူနာ(Luna)ကို စွဲ ဆွဲ နေတဲ့ ဘဲကို ဘဲငန်းကောင်းကောင်းမှတ်မိတယ်
ဘဲငန်း လည်း လူနာ(Luna) ကို စွဲနေတာပဲ ... ဘဲငန်းစွဲတဲ့အထဲမှာ
ဘဲငန်း ဦးလေး ဘဲတန်ရှည်ကြီးလည်း ပါတယ်
ဘဲတန်ရှည်ကြီးက ၈၈ တုန်းက ခေါင်းဖြတ်လို့ဆိုပြီး သာယာဝတီမှာ ကင်ခံလိုက်ရတာ
ဘဲတန်ရှည် ရဲ့  သူငယ်ချင်း ဘဲမြီးတိုဆို တသသ ဖြစ်လို့မဆုံးဘူး
ဘဲမြှီးတိုဆိုတာကလည်း စစ်ကြောရေးက ဘဲတိမ်တွေကို ကလော်စားခဲ့တာလေ
ကလော်ကောင်းလို့ တိုက်ပိတ်မယ်လည်းဆိုရော ဘဲဝါဒါ နဲ့ လိုင်းဝင်ထားလို့ သက်သာတာ
ဘဲဝါဒါ ဆိုတာကလည်း အိမ်က ဘဲသအုပ်မကြီးကို ကြောက်ရတာမျိုး
တစ်နေ့ ဘဲသအုပ်မကြီး ဈေးထဲအသွား ဘဲဂျော်နီ တို့တစ်သိုက် ၀ီစီ တစ်ဝီ၀ီနဲ့
သေနတ်သံသုံးချက်လောက်ပေးပြီး ၀င်လာတာ
ဘဲဂျော်နီက တက်စီ လူမျိုး...  သူက လူမျိုးရေး သိပ်အလေးထားတာ
တွေ့ သမျှ ဟူတူဘဲတွေ အကုန် လည်ပင်းမှာ သံဂွင်းအချိတ်ခံရတော့တာပဲ

ဘဲငန်းက လူနာ(Luna) ခိုင်းသမျှအကုန်လုပ်တာ
ဘဲငန်းတို့က ဆွေစဉ်မျိုးဆက် သစ္စာရှိတာ ...သူ့ ကြီးတော်ရဲ့ ယောက်ျား ဘဲနှုတ်တိုဆို
ဒုက္ခသည်တွေအတွက်ဆိုပြီး ရခိုင်ကသူ့ အိမ်သူမီးရှို့ တာလေ ... ဘေးက ဘဲမှောင်တို့ တဲလေးတောင်
တိုင်လေးပဲကျန်တယ်ဆိုလား သီချင်းလုပ်ဆိုတယ်ဆိုလားပဲ ...
ဘဲမှောင်တို့ကို သဘောင်္နဲ့ခေါ်တင်သွားတော့ ဘဲမှောင်ခမျာ နေ့ချင်းညချင်းပဲ ကားစီးရမလို တိုက်နဲ့နေရမလိုနဲ့
ဘဲမှောင်တို့မိသားစု လက်ပစ်ကူးနေပါရောလား ... လက်ပစ်ကူးတယ်ဆိုလို့ လက်ပစ်ဗုံးတွေသယ်လာတဲ့
ဘဲဇောက်မနက်ရဲ့  ကား မိတ္ထီလာမှာသောင်တင်နေတယ်ဆိုလားပဲ ... သူတို့က ဘဲအန်းမ တို့ဖက်ကလာတာလေ
ဘဲအန်းမတို့က ပလပ်စတစ်တွေထုတ်တာ သူတို့အိမ်မှာ ကျွန်းသစ်နဲ့ ကျောက်စိမ်းတွေနည်းတာမှမဟုတ်တာ
အဲ့ဒါတွေကို ယူပေးတာကလည်း ဘဲတစ်ဘို့ ဆိုတဲ့ဘဲပေါ့ ... ဘဲတစ်ဘို့လည်းသူ့ခြံထဲမှာဆို ကားထူထူပါးပါးတွေ
တစ်ပုံကြီး သူကတောင်တွေဂတုံးတုံးတဲ့အလုပ်လည်းလုပ်သေးတယ်လေ

ဘဲငန်းကဘာကိုမှအယုံကြည်ရှိတာမဟုတ်ဘူး လူနာ(Luna)က အိမ်မှာ 969 ကပ်ထားတယ်
ဘဲငန်းရဲ့  ညီလေးဘဲကံကောင်း တောခိုတုန်း လင့်စင်ကြီးထိုးပြီး ပြောချင်တာတွေ ပြောလိုက်တာ
ဘဲကံကောင်း ချက်ချင်း အကိုးကွယ်ခံဖြစ်သွားတယ်လေ ... ဘဲကံကောင်းကို ကိုးကွယ်တဲ့
ဘဲမျက်ပြူး တို့ဆို လက်ထဲဒုတ်တွေဓါးတွေကိုင်ပြီး ဘဲကံကောင်းကို ကာကွယ်လိုက်တာ
တောမီးလောင်တော့ အလောင်းတောင်ရှာမတွေ့ တော့ပါဘူး ...
အလောင်းတွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ဘဲပုပြတ်တို့လင်မယားလည်း ဒါဖာမှာအလုပ်များလို့
တရုတ်ပြည်မှာယဉ်ကျေးမှုသွားလေ့လာတာ အဆက်အသွယ်မရတော့ပါဘူး
ဘဲပုပြတ်တို့မှာ သားတစ်ယောက်တော့ကျန်ခဲ့တယ် သူလည်း ဘဲကတော်ကြီးကောင်းမှုနဲ့
ကမ္ဘောဒီးယားမှာ ခမာလူမျိုးဖြစ်နေတယ်ကြားတာပဲ

ဘဲငန်းကို လူနာ(Luna)က လူနာစားဖို့ စွတ်ပြုတ်လုပ်သောက်မယ်ဆိုတော့
ဘဲငန်းပြေးလိုက်တာ မြောက်ကိုးရီးယားကိုဖြတ် ဂျာမနီကိုဖြတ် အင်ဒီယားကိုဖြတ် ရာဝမ်ဒါကိုဖြတ်
အာမေးနီးယန်းကိုဖြတ် ကမ္ဘောဒီယားကိုဖြတ် စတာလင်ကိုနင်း ဟစ်တာလာကိုနင်း
နောက်ဆုံးတရုတ်ပြည်ကြီး ဖြတ်အပြီးလှည်းတန်းက ခုံးတံတားအောက် ထိုင်နားတုန်းရှိသေး
လူနာ(Luna)က  969 ကပ်ပြီး ဒံပေါက်စားနေတာလည်းမြင်ရော ...
ဘဲငန်းခမျာ မြူးကြွတဲ့တေးသံ ပျံလွင့်လို့နေ ကူးပြောင်းစ သင်္ကြန်မဟာဆိုပြီး
မဏ္ဍပ်လေးထိုး ဂန်းနားစတိုင်လ်လေး ပြေးကလို့ပေါ့

ဘဲငန်းလေ သိတယ်မဟုတ်လား
ခုတစ်လောတော့ ဘဲငန်း ၉ နာရီကျော်တာနဲ့ အမှောင်ထဲ
ဈေးရောင်းရောင်းနေရတယ် ...
ဘဲငန်းလေ သိတယ်မဟုတ်လား  ခုထိရေကူးမတတ်သေးတာကိုပေါ့ ။


                                                                                                   မောင်အောင်ပြည့်
                                                                                                       30.3.2013

လက်တွေ့ ကိုစိတ်ထဲမှာမှတ် ( မှူးသစ် ၊ ဒီလူကလေး ၊ မောင်အောင်ပြည့် )

လက်တွေ့ ကိုစိတ်ထဲမှာမှတ် ( မှူးသစ် ၊ ဒီလူကလေး ၊ မောင်အောင်ပြည့် )


ဘာသာတရားများလား

ဘယ်လိုသဘောနဲ့ဖြစ်ဖြစ် လေကတိုက်နေပြီ

အကြောင်းအကျိုးဆက်နွယ်မှုသဘောဟာ လောကနိယာမ

ဘယ်သူပဲဖြစ်ဖြစ် စစ်ဖြစ်ခွင့်ရှိတယ်

ဒီထက်ပိုပြီးလည်း ဖြစ်ပျက်နိုင်၊ ပြီးဆုံးနိုင်ပါတယ်။

ဆံပင်တွေဖြူလာတိုင်း အသက်တွေ ပိုကြီးသွားမလား၊

ဒါမှမဟုတ် အတွေးအခေါ်တွေ ပိုမြင့်တက်သွားမလား

သွေးသားတွေဟာ လူ့ စိတ် ကို ရိုင်းစိုင်းစေတယ်

ဒီလိုမှမဟုတ်လဲ ပိုပြီး ယဉ်ကျေးသွားစေတယ်

ကမ္ဘာကြီးမှာ အမှတ်အသားတွေနဲ့ ပတ်မိနေတဲ့ ဆိုက်ကိုပဲ

ဘယ်ကမ်းကို ပြေးကပ်ကပ်

ယဉ်ကျေးမှုမုန်တိုင်းတွေပဲ ငါ့တို့ စိတ်ကို လာရိုက်ခတ်

ဘာထူးလာဦးမလဲ

ယုံကြည်ချက်ကို လက်နက်လုပ်တော့လည်း

အကျည်းတန်သွားတာကလွဲလို့  ...

မီးစဆိုတာ ကိုယ်တိုင်ရှို့လိုက်ရလို့ ဂုဏ်ယူရမယ့် ၀ါဒလား

စိတ်ထဲရောက်လာတဲ့ မုန်တိုင်းကို ဖမ်းဆွဲလိုက်တော့

မိုးက အိတ်ကပ်ထဲဝင်ခွေနေမယ်လို့ ထင်လား

နာကျင်မှုဟာ ပညတ်ချက် ၊ တယူသန် ၊ ပရိုဂျက်တာကြီး

တံဆိပ်တွေ ကပ်ထားသ၍တော့ ဘာများထူးလာဦးမှာလဲ

နာကျင်မှုဆိုတာ ခင်များတို့ ကျွန်တော်တို့ သွေးသားရဲ့ 

လူတစ်ယောက်ခြင်းစီရဲ့ အိတိကပ်ထဲမှာ ရင်ဘတ်တစ်ခုလုံးနဲ့ တောက်လောင်

ဒီအသွေး နဲ့ ဒီအသားနဲ့ ဒီအရောင်နဲ့ ကမ္ဘာကြီးကို ပိုပို ဟောင်းစေတာလား

တကယ်တော့..

ပျော်ရွှင်မှုဆိုတာ ငါ သောက်နေတဲ့ ၀ီစကီ ခွက်ထဲက ရေခဲတုံးကလေးတွေပဲ

ဘယ်သူမဆို သောက်သုံးကြည့်ဖို့ အခွင့်အရေးရှိနေတယ်။

လေတိုက်တယ်ဆိုတာ ဘာသာစကား

အကြောင်းတရားတစ်ခုခုရဲ့ အသွင်အပြင်အမူရာ

တစ်နေရာရာကို ချဉ်းကပ်ကြည့်ကြမလား ပီတိ

ရသာစုံ မလိုင်ခဲတွေကို ဆေးထဲ ထိုးနှစ်လိုက်

ငါတို့ အတူ တစ်ခုခုကို အားစိုက်နိုင်မလား

ငါ့ဖြင့်ကွာ မျှော်လင့်ပါရဲ့

အခြား ငါလို့ လူတွေ လည်း မျှော်လင့်တန်ကောင်းရဲ့

အပြစ်ဆိုတာ ရှုထောင့်နဲ့ပဲ ဆိုင်တယ်

မတူညီမှုကို ဆုပေးဒဏ်ပေးချင်ရင် ထွက်သွားးးးး

ဆင့်ပွားအလစ်သုတ်မှုဟာ တိတ်ဆိတ်နေပါပြီ

လူမနေအခန်းကလေးရဲ့ ကျူးကျော်ခံရမှုပေါ့

လက်တွေ့ ကို စိတ်ထဲမှာမှတ် အသံရဲ့ လားရာမှာ

သွေးတွေ စွန်းထင်းနေပါတော့

ဖားတစ်ချို့ဟာ မိုးခေါင်မှ အော်တာမဟုတ်ဘူး

အချိန်အခါဆိုတာ တည့်တည့်ရိုက်မှ အင်နားရှား ပီပြင်တာ

လှုံဆော်ဖို့ ဘယ်လိုအသံတွေ လိုမလဲ..

ဘယ်လို ယုံကြည်ချက်တွေ လိုမလဲ..

ဘယ်လို ခံယူချက်တွေ လိုမလဲ...

လက်ထဲ ထည့်ပစ်လိုက်တာ စာသားကြီးသက်သက်ဖြစ်မလာတော့

ကဲ...

တွေးကြည့်

ခင်ဗျား ဘာကိုးကွယ်နေသလဲ


ဖြစ်ချင်တာ ဖြစ်ဆိုပြီး ဘ၀မှာ

ကျွန်တော်တစ်ယောက်ထဲ တိတ်တဆိတ်

ရှင်းလို့ရပါလျက်နဲ့

ဆိုပါတော့                                              မှူးသစ်    ၊  ဒီလူကလေး  ၊ မောင်အောင်ပြည့်
                                                         26.3.2013

ဒီတစ်ခါ ထည့်ထားတဲ့စာလုံးတွေမှာပြင်ဆင်ချက်တွေမထားတော့ဘူး

ဒီတစ်ခါ ထည့်ထားတဲ့စာလုံးတွေမှာပြင်ဆင်ချက်တွေမထားတော့ဘူး


အဲ့လိုမျိုးပဲ မှောင်တယ် ... တစ်စတစ်စ တဖြေးဖြေး ကြောက်စရာကောင်းနေတယ် ။
ဘာမှမဟုတ်လည်း သူ့ အလင်းကသူအရိပ်နဲ့ကွယ်နေတာ







လက်ထဲကိုင်ထားတဲ့ ဘောပင်က ထွက်လာတာ မုသားတွေချည်းပဲ
လိပ်ပြာတွေ လှောင်အိမ်ထဲ လုံခြုံ အောင် ဘယ်လိုထိန်းထားသလဲ။









စိုးရိမ်မှုဆိုတာ ဘာမှဆုပ်ကိုင်စရာမကျန်တဲ့အချိန်မှ အနားယူတာ
တစ်ခါတစ်ခါ မျက်စိမှိတ်  ပစ်ယုံလိုက်တာ လုံခြုံတယ်။









တစ်ကြိမ် တစ်ခါ မဟုတ်တော့ရင် ဒါလွဲမှားမှုမဟုတ်တော့ဘူး
ပျော်ဝင်နေတာလား   မင်သက်နေတာလား  လက်ထဲအားလုံးလွင့်ပျောက်သွားပြီ။










ယုံကြည်ချက်ပျောက်တယ်ဆိုတာ မျက်လုံးထဲဝင်နေတဲ့သွေးပဲ
ဘယ်သူ့ကိုမှ စေ့စေ့မကြည့်ရဲတာ...နားထင်ကြောတွေ ဘယ်သူဖောက်သောက်သွားတာလဲ။












အပြစ်ရှိသလိုခံစားချက်ကို လက်ကွက်တွေထဲ ထည့်ရိုက်မိတယ်
မနက်ဖြန်ဟာ ဘယ်သူလာဖွင့်ပေးမဲ့ တံခါးချပ်လဲ









ဘာမှမပါလည်း နိုးရမဲ့ညလေ
သူ့လက်ထဲမှိတ်ထားတဲ့မျက်လုံးတွေမှ အိပ်မောကျနေတယ်။


                                                                                          မောင်အောင်ပြည့်
                                                                                                15.3.2013

ကြားချင်မိသော ...

ကြားချင်မိသော ...

September 21, 2012 at 8:38pm
ကျွန်တော့်ရင် အထက်ပိုင်းမှာ မီးခိုးတွေ အူနေတယ် …
 ရင်ထဲ က မြစ်ကတော့ ကျဉ်းနေဆဲပါ …
 စိတ်သွားတိုင်း ကိုယ်မပါ မိမှတော့
 ဒါ ကျွန်တော့် အပြစ်ပါ အမေ။

ကျွန်တော့်လက်ထဲက လက်နက်တွေ လေးလွန်းပါတယ်အမေ
ကျွန်တော်တို့ ဘဏ္ဍာငွေရဲ့  ရာခိုင်နှုန်းခပ်များများဟာ
သွေးချင်းတွေမျက်ရည်ကျဖို့အတွက်တဲ့လား ?
ကျွန်တော့် အပြစ်ပါအမေ -- ကျွန်တော့် အပြစ်ပါ။

ကျွန်တော်တို့ မောင်နှမတွေကို ခိုးကိုးရာမဲ့သွားစေတာ …
သူတို့ ကျွန်တော်တို့လွတ်မြောက်ရေးတဲ့လား …? ။
 အမေ့ရင်ဘတ်ကို စေ့နေတာဟာ သူတို့ရဲ့  သွေးတွေနဲ့လား ….?
ကျွန်တော့် အပြစ်ပါ အမေ။

ဗလာစာအုပ်လေးတွေပါးမိစေခဲ့တာ…
ကျွန်တော်လုပ်နေတဲ့ ငြိမ်းချမ်းရေးငှက်ရုပ်တွေကြောင့်လား ….?
ငြိမ်းချမ်းရေးလို့သံကုန်ခြစ်အော်လိုက်မိတိုင်း...  နာနာသွားတဲ့ လည်ချောင်းလိုမျိုး …
အမေ့ရင် ငြိမ်းချမ်းဖို့ဆိုလိုက်တိုင်း
အပြစ်မဲ့တဲ့ အလောင်းတွေပဲ ပြေးပြေးမြင်တာ …
ကျွန်တော့်အပြစ်ပါ အမေ။

သားတို့ သူတို့ဆီက ကျွန်းသစ်တွေယူပြီးပြီ -- သူတို့ဆီက ကျောက်စိမ်းတွေယူပြီးပြီ --
သူတို့ကိုတော့ အော်သံတွေပေးလိုက် ..မျက်ရည်တွေပေးလိုက်နဲ့ …
ဒါငြိမ်းချမ်းရေးအတွက်လို့ နှစ်သိမ့်နေမိတာလည်း …
ကျွန်တော့် အပြစ်ပါ အမေ …


ဒိုင်းခနဲ …ဗြောက်အိုးဖောက်သံကြားမိတိုင်း …
ဂျင်းဖောတွေရဲ့  မျက်လုံးတွေကို သတိရတယ်အမေ။
ကျွန်တော် ငြင်းဆန်ချင်တဲ့ ဟင်းတစ်ခွက်မြင်တိုင်း …
ဂျင်းဖောတွေရဲ့  ဆာလောင်သံတွေကြားရတယ် အမေ ။
စိန်ပြေးတမ်းကစားနေတဲ့ ကလေးတွေတွေ့တိုင်း
သူတို့ရော ဘယ်တွေပြေးနေရပြီလဲလို့တွေးမိတယ် အမေ။

ငြိမ်းချမ်းရေးဟာ …ဖယောင်းတိုင်မီးလို
ဖယောင်းလေးတွေ အရည်ပျော်မှ အလင်းရမှာမျိုးလား …
ငြိမ်းချမ်းမှုအတွက် … ငြိမ်းချမ်းမှုတွေရင်းနှီးနေတာ ခံစားရခက်လို့ပါ အမေ…


အားလုံးဟာ ကျွန်တော့် အပြစ်တွေပါ။
ဒီလိုနှစ်ဘက်လုံးက  ပြော ဆို လာ ခဲ့ မယ် ဆို ရင်  ။ ။

အောင်ပြည့် (သ မု တိ)
International Day of Peace.

ဒေါ်သန်းလှ ပဲပြုတ်တောင်း ဈေးထဲမရောက်သလို ဆိုက်ကားဆရာ ဖိုးချောရဲ့  ဆိုက်ကားလည်း စီအင်ဂျီတပ်လို့မရ

ဒေါ်သန်းလှ ပဲပြုတ်တောင်း ဈေးထဲမရောက်သလို ဆိုက်ကားဆရာ ဖိုးချောရဲ့  ဆိုက်ကားလည်း စီအင်ဂျီတပ်လို့မရ


ဆင်းရဲရင်ဘယ်လိုနေမလဲ ...
ဆင်းရဲခြင်းဟာ ဘယ်လောက်ကျေနပ်စရာကောင်းနေလိမ့်မလဲ
ဘယ်လိုဆင်းရဲမှာလဲ (ဆင်း( ရဲ ) တာ) ဘာလဲ ...
မွဲသွားတာလား ... မွဲဖို့ရော ဘာတွေလိုမလဲ
လူမွဲ သက်သေခံလက်မှတ် ... လူမွဲဖြစ်ကြောင်းထောက်ခံစာ
တစ်ခုခု

လူမွဲမဟုတ်ရင် အနှိမ်ခံရမှာ ... အနာဂတ်လူမွဲခေတ်ကြီးဆီကိုသွားဖို့
သွားဖို့ လူမွဲတွေ အတွက်  ခေတ် ကောင်းကြီး
ခေတ်က လူမွဲဖြစ်နိုင်ရန် အရည်အချင်းပြည့်မှီသူများ
စဉ်ဆက်မပြတ် မွေးထုတ် ... အရည်အချင်းပြည့်မှီသောလူမွဲများ
မွေးထုတ်ရန် အရည်အချင်းပြည့်မှီ
မ ဆင်း ရဲ သော မဆင်းရဲသော ခေါင်းဆောင်များ၏ စွမ်းဆောင်ချက် ...

လူမွဲပီသရေးဦးတည်ချက် ၊
လူမွဲများဖြင့် ပိုင်ဆိုင်ထားသော အနာဂတ်ကြီး ရောင်းစားအံ့။
လူမွဲများအားဖြင့် ကမ္ဘာကိုလွှမ်းရမည် ။
လူမွဲများ ရောင်းချသော ဆိုင်များမဟုတ်လျင် အားမပေးရ။
လူမွဲများ ဆိုင်ရာလူမွဲရပိုင်ခွင့်
လူမွဲခြင်း တံဆိပ်ပြောင်းကပ် ဥပဒေသ စသဖြင့် ။

လူမွဲအခွင့်အရေးတွေ အရမ်းကောင်းလာတယ် ...
မျှော်လင့်စရာက မွဲတေခြင်း
*ရှင်သန်ခြင်းရဲ့  အဓိပ္ပါယ် ဘယ်မှာလိုက်လို့ရှာမလဲ
ကွမ်းစား၊ဆေးလိပ်သောက် ... ဘီအီးတစ်ပိုင်း

ဆင်းရဲလာရင် တစ်ရက်လုပ်တာ တစ်ရက်စားဖို့
ကြည့်စမ်း ... ဘယ်လောက် ကြည်နူးစရာလဲ

ဆင်းရဲလာရင် ကလေးတွေ အများကြီးရလာမယ်
ဆင်းရဲလာရင် မိန်းမတွေ အများကြီးရလာမယ်
ဆင်းရဲလာရင် ပျော်စရာတွေ အများကြီးရလာဦးမှာ
အမှိုက်လှည်းထဲက ကလစ် အပျက်လေး ရလည်း ပျော်စရာပဲ
ကားခပြန်အမ်းငွေ မေ့ကျန်ခဲ့လည်း ပျော်စရာပဲ
လူဝကြီးတွေ ခေါက်ချည်ပြန်ချည် တင်နင်းနေရတာလဲ ပျော်စရာပဲ
လမ်းပေါ်မှာ ၅၀ တန်တစ်ရွက် ကောက်ရလဲ ပျော်စရာပဲ
မနက်စောစော ဧည့်ရိပ်သာရောက်လည်း ဈေးဦးပေါက် ပျော်စရာပဲ
ပျော်စရာပဲ ပျော်စရာပဲ ဆင်းရဲရတာ ပျော်စရာပဲ

မွဲတေခြင်းတွေကို  တွင်ကျယ်စွာသုံးလာတယ်
ကိုယ်တိုင်ကိုက ယိုင်နဲ့နေဖို့လိုမယ်
အကြွေးတွေ ရှိရမယ်
 နေ့ပြန်တိုးတွေ ရှိရမယ်
  လောင်းကစားခြင်းတွေ ရှိရမယ်
 ဆင်းရဲခြင်းနဲ့ အတူ လိင်လိုက်စားမှုကလည်း ခေတ်မှီလာနေတယ်
 ဆင်းရဲခြင်းတွေက နေရာတကာကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားလာတယ်
  လူဦးရေ ဘယ်လောက်ရာခိုင်နှုန်းလောက် ဆင်းရဲနေကြပြီလဲ
ဆင်းရဲခြင်းဟာ ရိုဟင်ဂျာမျိုးနွယ်လား  တရုတ်မျိုးနွယ်လား
နောက်ထပ် ဘယ်လို ဆင်းရဲ မျိုးနွယ် အမျိုးအစားတွေ ရှိဦးမလဲ

ဆင်း ရဲ ဖို့လိုတယ်

        ဆင်း ရဲ ဖို့ဆိုတော့

                ဘယ်လိုဆင်းရမလဲ

                     ပြန်တက်လို့ရပါ့မလား

                                           မရရင်ရော ? ? ?

ဆင်းရမှာပဲမဟုတ်လား

 မဆင်း ရဲ တဲ့သူတစ်စု  က လူတွေ အများကြီးကို
အနှစ် ၂၀ လုံးလုံး ဆင်းရဲအောင် လုပ်သွားတာ
ဆင်းရဲမျိုးဆက်သစ်ကြီး အဟုန်ပြင်းပြင်း ကြီးထွား ။

လူ ၄ ယောက်မှာ ၃ ယောက် အလုပ်လက်မဲ့
လက်ဘက်ရည်ဆိုင်မှာ လူပေါတယ်
အရက်ဆိုင်မှာ စည်ကားတယ်

မြို့ပြတိုက်ခန်းမှာ မီးခိုးတွေ တိတ်
လမ်းဘေးဆိုင်ခန်းမှာ ကြိတ်ကြိတ်တိုး

ကုန်တိုက်တွေ ကြီးသည်ထက်ကြီး
ဆက်သွယ်ရေးတွေ ကောင်းသည်ထက်ကောင်း
ဘယ်လို ဘယ်လို ဘယ်လို
မသိတဲ့သူတွေ မသိတာတွေ ပိုများ
စာတတ်ချင်ယောင်ဆောင်တဲ့သူ
ပညာတတ်ချင်ယောင်ဆောင်တဲ့သူ
နိုင်ငံခြား သွားသူ
များ များ

ကမ္ဘာ့ ဆင်းရဲဆုံးနိုင်ငံမှာ အဆင့် ၂၂
အကျင့်ပျက်ခြစားမှုမှာ အဆင့် ၃
ဖုန်းတွေ သူများထက် ဈေးကြီး
ကားတွေ သူများထက် ဈေးကြီး

တကယ့် Bullshit ....

လမ်းကြပ်ကြပ် ကားများများ အောက်မှာ
လက်ဝါးသေးသေးကြီးကြီး နုနုအိုအိုတွေ လည်း ပိုမိုတင်သွင်း

*ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်။*
ဆိုလိုတာ
ထမင်းတစ်နပ်လျော့မစားပဲ ဆင်းရဲပြလို့ရတယ်
ကိုယ့်အိမ်ထဲကိုယ် ဖယောင်းတိုင်တွေစီပြီး ဇိမ်နဲ့ ဆင်းရဲလို့လည်းရတယ်
ခေတ်ပေါ်
ပေါ်ပင်
ဆင်းရဲခြင်း မျိုးမဟုတ်
သမိုင်းတွင်မဲ့ ဂန္တ၀င်ဆင်းရဲခြင်းမျိုးမှ မဟုတ်ရင်
ပေါ်ပင်ဆင်းရဲချင်သူများ မ၀င့်ဆံ့နိုင်လောက်တဲ့ နေရာ

Myanmar
In this land where people are ruled with an iron hand by the dictator, huge amounts of money have to be paid in the form of illicit fees for accessing the basic governmental facilities.
ref; http://shareranks.com/2850,List-of-most-corrupt-countries-in-the-world
google, ကြားဖူးနားဝသီချင်းများ


                                                                                   မောင်အောင်ပြည့်
                                                                                      4.3.2013

နာရီလက်တံတွေဖမ်းမမိလိုက်တဲ့ သံယောဇဉ်

နာရီလက်တံတွေဖမ်းမမိလိုက်တဲ့ သံယောဇဉ်


စကားလုံးတွေ နွေးနေတယ် ... အသံတွေ ယဉ်ပါးနေတယ် ... သိမ်မွေ့ခြင်းက နားထဲကဖြတ် မျက်လုံးထဲကန့်လန့်တိုက်ပြီး အလင်းကြားထဲမျောနေတဲ့ပါးနှစ်ဖက်ဟာကျိန်းစပ် -- တိတ်တိတ်လေးမကြားရတဲ့အသံက ဦးနှောက်ကို ဖောက်စားလို့ကောင်းသလိုမျိုး စိတ်ဟာမနက်ဖြန်တွေထဲတွန်းလို့ဝှေ့လို့ ။

ဆင်ခြင်လာတယ် ... သုံးသပ်လာတယ် စကားလုံးတွေကို တိကျချင်လာတယ် ... မတီထွင်ပဲ ဆန်းနေတဲ့ စကားလုံးတွေက   ကီးဘုတ်ပေါ်ထားတဲ့ ယုံကြည်ချက်နဲ့ ကျလာသလိုမျိုး  ဖွင့်မထားတဲ့မျက်လုံးတွေက နင်းထားတဲ့မြေကို နာမည်တပ်မနေတော့ပဲ အပြုံးနဲ့ မိနေတဲ့ကာရန်နဲ့  နိုင်ငံကူးနေတယ်။

နာရီတွေ ကြပ်သွားတယ် လက်ပန်းတွေကျသွားတယ် ... အချိန်ကိုက်ရောက်လာတဲ့ စာသားတွေနဲ့ ဘ၀ကို တိမ်ထဲထည့်ထားရသလို မိန့်ခနဲ မြောက်ခနဲ ပြီးတော့ ခေါင်းတစ်ခုလုံး အလျော်ပေးလိုက်ရသလို ရင်ဘတ်ကိုအပြုံးနဲ့ ကိုင်ပေါက် စိတ်ကူးချည်းကြောင့်မနက်တွေ လှနေတာမျိုးမဟုတ် အပျော်ကိုလျှောက်ကူးသလား နေရာပြောင်းကူးသလား နဲ့ အသက်ရှုသံကို အပူချိန်ညှိနေရသလိုမျိုး ။

မနက်ဖြန်တွေကို ကာလာခြယ်မယ် ...ယုံကြည်မှုဟာ စည်းတွေဘောင်တွေကြားက ဘေးမဲ့ဇုန်လို မျိုးသုန်းသတ္တ၀ါတွေနဲ့ချည်း အသက်သွင်းထားသလို အနာဂတ်တစ်ခြမ်းကို အပိုင်းခွဲပြီးကစားနေမိပြီး သုညတွေဖြည့်ထားတဲ့ပူဖေါင်းတွေကို  armor တပ်ပေးနေရတာကိုက မူပိုင်အဘိဓာန်ရဲ့ အချိုအချဉ် က လေးလိုက်ပေါ့လိုက်။

အရိပ်မရှိတဲ့ ကိန်းတွေက တန်ဖိုးတက်လာပြီး ... တန်ဖိုးထဲကအရိပ်တွေကိုကွန်ယက်တွေထဲဖောက်ဖွက်ထားနေမိသလိုမျိုး
လမ်းမတွေ့ တဲ့ခြေထောက်တွေက မာပြီးရင်း မာလာတယ်။



                                                                                  မောင်အောင်ပြည့်
                                                                                      17.2.2013

အဖွာကြီး သုံးရှိုက်

အဖွာကြီး သုံးရှိုက်


ကွမ်းယာဆိုင်ရောက်တယ်

ကွမ်းယာဆိုင်သွားတာဆေးလိပ်ဝယ်ဖို့

မီးခြစ်တော့ပါတယ် ...

မီးမသတ်ဘူး ...        

မီးရှို့ တာလည်းမဟုတ်ဘူး

ဆေးလိပ်ဝယ်တာ

မီးမညိုဘူး ... ဆေးလိပ်ကိုပဲကြည့်နေတာ

တိုင်တစ်တိုင်လုံး ပတ်တီးအပြည့်ပဲ...

မှီလိုက်တော့ တိုင်ကကိုယ့်ကို ပြန်မှီတယ်  ...

အူတွေနာတယ်နော်

မဟုတ်ဘူး အမြဲအဲ့လို

မဟုတ်ဘူး

တကယ်က မျက်လုံးတွေ

ကွမ်းယာဆိုင် ရောက်နေတယ်

ရောက်နေတယ်

တကယ်က မျက်လုံးတွေ ကျန်ခဲ့တာ

ဆေးလိပ်မ၀ယ်ဘူး

တင်သား  ဖြူဖြူ မည်းမည်းအစအနတွေနဲ့ Wifi မိနေတာ

ကြက်ကြော်နေတဲ့ ကုလားကြီး ပုဆိုးစနဲ့ Zapya ပို့နေတာ

မျက်လုံးတွေ

ဆေးလိပ်မ၀ယ်ဘူး

မီးခြစ်ပေးခဲ့တယ်

မဟုတ်ဘူး             

မီးခြစ်က ပေးခဲ့တာ

ဆေးလိပ်ကပါလာသေးတယ်

မီးမညှိဘူး ...  

တစ်ခါလှမ်းတာ မြေကြီးတွေကားထွက်သွားတယ်

ကားတွေ မြေကြီးထဲကပြန်ထွက်လာတယ်

လူတွေပိုက်ဆံအိတ်ထဲ တိုးဝင်နေတယ်

ရောက်တော့မှာလား လျှောက်ရင်းဝေးနေတာ

ဘယ်လိုလမ်းတုန်း ...

ဆေးလိပ်ကော ညှိပြီးပြီလား

မီး နဲ့ ညှိပြီးပြီလား

ဘယ်လောက်ပေးရမှာတဲ့လဲ ...

အာခေါင်တွေကွက်ပြီး နွဲ့ နေတယ်

ဆေးလိပ်ကော

ကွမ်းယာဆိုင်ရောက်နေတယ်

ရေဗူးအခွံကို သွားကြားထိုးတံနဲ့ ထိုးနေတယ်

ရေသောက်ရင် ကျေးဇူးတင်မခံရဘူး

မီးခြစ်ကျန်သေးလား

ပလာတာကိုဘာလို့ ပဲနဲ့ကြော်တာလဲ

အတွေးတောက်လျှောက်

မီးကူးကြည့်တာ

ကူးကြည့်တာ

ကူး သွားတယ် ...

ကူးပြီး

သွားတယ် ...

တောက်လျှောက်

ရဲ ခနဲ ဖွာ ခနဲ

ကူး ပြီးသွားတယ် ... မီးခြစ် ပါလာသေးလား

ဆေးလိပ်ကော

ကူးပြီးသွားပြီလား

ရှိုက်ခနဲ ရဲခနဲ

လိပ်တက်သွားတာလိပ်ခနဲလိပ်ခနဲ

အငွေ့လိုက် လိပ်ခနဲ

လိပ်ခနဲ

ဆေးလိပ်ကော

ရောက်ရှိ သွားပြီလား

လိပ် ပြီးသွားပြီလား ။



                                             မောင်အောင်ပြည့်
                                                8.2.2013

ကြောင်တစ်ကောင်ရဲ့ ဝမ်းဗိုက်သားဟာ အငွေ့ စုပ်စက်ဖြစ်သည်။

ကြောင်တစ်ကောင်ရဲ့ ဝမ်းဗိုက်သားဟာ အငွေ့ စုပ်စက်ဖြစ်သည်။


ဘာကိုမှလိမ့်ပတ်မလည်သေးဘူး ...

ဆံပင်တွေပွလာတယ် ၊ စာရွက်တွေ ပွလာတယ်

နှုတ်ခမ်းတွေ တင်းလိုက် ဆူလိုက်နဲ့ အရည်ဖျော်ဖို့အသားကိုညှစ်နေတာ …

သာမန်ရိုးကျ ဖြတ်လိုက်ဖြုတ်လိုက် ပွလိုက်ကျစ်လိုက် နဲ့ စားချင်စဖွယ်အချိုပွဲလေး

ကီးဘုတ်ပေါ်လက်တင်ပြီးစဉ်းစား မျက်လုံးပုတ် ခေါင်းကုတ်နားနှစ်ဖက်ကိုတင်းတင်းစေ့

ခုထိလိမ့်ပတ်မလည်သေးဘူး။

တစ်ကိုယ်လုံးအကြောအချဉ်တွေဆန့်ထုတ်လိုက် … ဒီအခန်းမှာဘာကြွက်မှမရှိဘူး …
တစ်ခန်းလုံးဟောင်သွားအောင်သမ်းဝေ … ကိုယ့်ရင်ဘတ်ကိုလျှာနဲ့လျက်နေရတာကိုက အရသာ …

ခုထိလိမ့်ပတ်မလည်သေးဘူး ...

ပုံရိပ်ကိုစစ်ထုတ် မြင်ကွင်းတွေေ၀၀ါးလာ အသံရှုသံတွေမွန်းကြပ်လာ

ပန်ကာတစ်လက်၊လိုင်းကားတစ်စီး၏မြည်သံကို စာလုံးပေါင်းကြည့်သလို နံရံဆီရောက်လိုက် မှန်ဆီရောက်လိုက်

ဘာကိုမှ လိမ့်ပတ်မလည်သေးဘူး...

ဆေးလိပ်ငွေ့ တွေထဲ စိတ်အဟောင်းတွေပါသွားတယ် … သွားအနောက်မှာဆေးချိုးတွေ

မျက်စိမှိတ်ထားလည်း စာသားတွေလိုင်းကြပ်နေတုန်း …  တစ်ခန်းလုံးဗို့ အပြည့်ရလည်း ခေါင်းထဲမှာမှောင်နေတုန်း

စကားလုံးတွေနဲ့ ဂုံးကျော်တံတားထိုးပြီးဆင်းချလိုက်တယ် လိမ့်ပတ်တော့မလည်သေးဘူး …

ပါးတွေချိုမ့်ဝင်သွားတဲ့အထိ ပြုံးလိုက် ခေါင်းကပြားပြီး မော်နီတာက လုံးလာတယ် …

ရင်ဘတ် နဲ့ ၀မ်းဗိုက်ကြား က အဆက်စပ်လေးက လျှာဖျားပေါ်အရသာ အရှိဆုံးပဲ
ခေါင်းနဲ့ ဖင် နေရာခြင်းပြောင်းလိုက်တယ် …  ငါ့ကိုမွေးပြီး သူကစာရေးတယ်။

ဘာမှလိမ့်ပတ်မလည်ဘူး …

စာသားတွေ အသံမငြိမ်သေးဘူး အစိုင်ခဲတစ်ခု ညပ်နေသလို ပိနေသလို

စကားလုံးဟာ ဘရိတ်နဲ့ ခုတုံးလုပ်ခြင်းခံရသလို ဖောင်းလိုက်ပျော့လိုက် …

နောက်က ၁၀ မိနစ်နဲ့ ရှေ့ က ၁၅ မိနစ်ကို အသံချည်းသက်သက်မိတ်ဆက် … ဘာအပြုံးမှ မပါသွားဘူး ..

တပ်ဆင်ဆဲကာလဟာ ကြိုးတပ်ခံထားရသလို ကြိုးဆွဲနေရသလို

ပြီးနောက်

ခေါင်းတစ်ခြမ်းလုံး ရုံးဆင်းနေတယ် စက္ခုကလူပျိုရည်ပျက်လာပြီ…

အစာထုပ်တစ်ထုပ် ၊ သတိပေးချက်တစ်ခု ၊ ခြောက်သွေ့ သောနေရာတွင်ထားပါ

ခြေရင်းကကြောင်ကိုဆွဲပွေ့ လိုက်

အစာခွက်ထဲ ကြောင်စာလေးတွေ ဝေါခနဲ ဝေါခနဲ …

ရင်ဘတ် နဲ့ ၀မ်းဗိုက်ကြား က အဆက်စပ်လေးက လျှာဖျားပေါ်အရသာ အရှိဆုံးပဲ …
"You can't help that. We're all mad here." - The Cheshire Cat from Alice in Wonderland


ခုထိ  ဘာကိုမှ လိမ့်ပတ်မလည်သေးဘူး။


"I think I'll come back as a cat." - George Ney



                                                             မောင်အောင်ပြည့်
                                                                 27.1.13

ကြပ်ကြပ် မျှော်လင့်

ကြပ်ကြပ် မျှော်လင့်


ကြပ်လာပြီ ...
အချိန်တွေကြပ်လာပြီ ... ကားတွေကြပ်လာပြီ
ရပ်တည်မှုတွေကြပ်လာပြီ ... အပေါ်ကိုမော့ကြည့်တိုင်း
ကောင်းကင်ကြီးက ချောင်သလို လည်သလိုဘဲ
စားဖို့ ၊ ၀တ်ဖို့ ၊ နေဖို့ အရေးသုံးပါးနဲ့
ကြပ်လာတယ် ...
မျှော်လင့်ချက်တွေ ကြပ်လာတယ် အလိုမကျမှုတွေ ကြပ်လာတယ်
တန်ဖိုးနည်းတွေ ကြပ်လာတယ် ...
လုပ်အားတွေ ပန်းလာတယ်
သူတို့ဟာ နိမ့်ရာမှမြင့်ရာကို ကူးတက်နေရ
သူတို့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပေးအပ်နေရ
သူတို့ဟာ ကိုယ်ပိုင်ရပိုင်ခွင့်တွေ လွှတ်ချနေရ
ကြပ်နေရင်းနဲ့ကို ကူးနေရင်းနဲ့ကို ပေးနေရင်းနဲ့ကို
မကြာခဏ အာခေါင်လှံထိုးခံနေရ ....
တန်ဖိုးနည်းထုတ်ကုန်ကို မျှော်လင့်နေရသော
တန်ဖိုးနည်းကုန်ထမ်းသမား ... တန်ဖိုးနည်းပညာသည်(သယ်)
တန်ဖိုးနည်းအပ်ချုပ်သမ ... တန်ဖိုးနည်း ကဗျာဆရာ ...
နည်းပညာတွေနဲ့ ကြပ်လာတယ် ... နည်းဥပဒေတွေနဲ့ ကြပ်လာတယ်
အိမ်ငှားခများနဲ့ ကြပ်လာတယ် ... နေ့သွင်းအတိုးများနဲ့ကြပ်လာတယ်
မျှော်လင့်ချက်များနဲ့ ကြပ်လာတယ် ... ဖြစ်ချင်စိတ်များနဲ့ကြပ်လာတယ်
မကြာမကြာ ကြပ်ပြီး ... မကြာမကြာမြတ်သူများလည်းရှိသလို
မတော်တဆကြပ်ပြီး ... မတန်တဆ ကြပ်သွားသူများလည်းရှိတယ်
မျှော်လင့်ချက်တွေနဲ့ ကြပ်ကြပ်နေရတာကိုက
ဒီမိုကရေစီ ကြပ်ကြပ်ကြီး ရဲ့ အရသာ ။


မောင်အောင်ပြည့်
၂.၂.၂၀၁၃

ဖောက်ထွင်းဝိဇ္ဇာ

ဖောက်ထွင်းဝိဇ္ဇာ


ရင်ဘတ်တစ်ခြမ်းရိုက်ခွဲဖျက်ဆီးသွားတာ
ချစ်ခြင်းအတွက်ရှင့်မှာ နှုတ်ထွက်စာမလိုဘူးတဲ့လား
အသံထွက်ဖတ်ကြည့်ပါ ရှင်ရယ်
အချစ်ဆိုတာ ...
အခွံကြီးက အဆံလေးကိုအုပ်ထားသလိုမျိုး …

မြည်သံတစ်ချို့  က ပွတ်တိုက် ထိရိုက်ပြီး ထွက်လာတာ

ချစ်ခြင်းက …
ပွတ်တိုက်၍ ဖြစ်စေ ထိခိုက်၍ ဖြစ်စေ
ဆွံအမနေခဲ့ဘူး … ကျမတို့ကြားထဲက ကြားရတဲ့
အသံတဲ့လားရှင်ရယ် ...
အတ္တ၊မာန နဲ့ တစ်ပင်တည်း သန်နေတဲ့ရှင် ...
လှုပ်ခတ်ပြီးနောက် သာသာယာယာ လွင်နေတာမဟုတ်
ရှင်က သွေးအေးအေးနဲ့ ခြွေချ နေလိုက်တာ
ကျမက ရွက်ခြောက်လေး သွေးတန်းလေးတွေပြေးလို့ .....


စိုသောလက်မခြောက်စေရုံအတွက်
အနာဂတ်တွေကို ကျမတယောက်တည်းဖာထေးဖို့ …
ရင်ကြားစေ့မရတဲ့ နားလည်မှုတေးသွား
ရှင်မကြားမိတာလား ကြားမသိတာလား။

မြက်ပင်လေးတွေကိုရှင်ရေလောင်းပေးတိုင်း
ကျမမြက်ခြောက်လေးတွေ ပိုမြတ်နိုးလာတယ် ...
ဒါဟာ ကြိုတင်ဟောကိန်းတစ်ခုဆိုဘယ်လောက်စိတ်ဝင်စားဖို့ကောင်းမလဲ ...
ရှင့်ကိုယ်ရှင် မသိအောင် ရှင်က
ကျမရဲ့  ...
ရယ်သံတစ်ချို့ ကို ဖောက်ထွင်းသွားတာ ။


ကောင်းကင်တစ်ပြင်လုံး ကျမဆီကပျံလွင့်လာတဲ့ရနံ့တွေ ...
အသွေးအသား အစိမ်းအလန်း ...
ပူးပေါင်းမှုကပင်စည်ကစလို့လတ်ဆတ် ပြီးတော့ခြောက်သွေ့ 
ဘယ်အရာကို ရှင်ရှာဖွေနေတာလဲ
ကျမကရော ...
ရှင့်ဆီက ဘယ်အရာကို ရှာဖွေမိသွားပြီလဲ ...
ကျောချင်းကပ်ထားတဲ့ အကိုင်းအခက် အတ္တတွေ ကျိုးကျသွားပါစေ ...
ဟောက်ပက်ကြီးဖြစ်နေတဲ့ နှလုံးက ရှင်ဖောက်ထွင်းသွားတာ ။


ရှင်ရဲ့  ထုတ်ထွေးအံကျလာမဲ့ စေ့ ဆိုင် မှု တစ်စုံတစ်ရာ ...
တိတ်ဆိတ်မှုထဲမှာ ချစ်ခြင်းက မပျော်ဝင်ပါဘူး ရှင်ရယ် ...
ကျမကြေကွဲပြဖို့ ကျိုးကြေရမဲ့သိက္ခာတရား...
မာန ဆိုတာဟန်ကိုယ့်ဖို့... အဲ့ဒီ့ထက်
ကျမ လက်မခံနိုင်ဘူးဆိုတာ ရှင်သိဖို့ဝမ်းနည်းဖို့လိုတယ် ...
ထားပါတော့ရှင်ရယ် ... ရှင့်အမှန်တရားနဲ့ရှင်မှန်နေပါ။


ခွင့်လွှတ်တယ်ဆိုတာ
ကျမကိုယ်ကျမ မွေးမြူထားတဲ့ နာတာရှည် ရောဂါတမျိုးပဲ။

ချစ်ခြင်းမေတ္တာရယ် ... ရှင်ရယ် ... ကရုဏာတရားရယ်
ပတ်ဝန်းကျင်က ကျမအနောက်မှာ ...
ရှင်က ကျမအထက်မှာ
သိက္ခာတရားက နှစ်ဦးစလုံးကိုယ်ပေါ်မှာပါ ရှင်ရယ် ...
ဒါဟာဒါဏ်ခတ်မှုတစ်ခုဆိုရင်
ကျမသိက္ခာတရားတွေသေသွားပြီ ။


ပွက်ပွက်ဆူရေနွေး နဲ့...
သုညအောက်ရေအေး ပေါင်းစပ်တော့
ရေနွေးလည်းအေးပေးရ ရေအေးလည်းပူပေးရတာပါရှင်ရယ် ...
ကျမကရှင့်ကိုတစ်ချက်မှ မအေးစေပဲ
အရည်ပျော်ပေးချင်တာပါ ။

ကျမရေးထားတဲ့ အပြာရောင်လေးတွေ
စာအိတ်ထဲဖိတ်ကျသွားတဲ့အခါ
ရှင်ဖြဲပီးဖတ်ရမဲ့ စာအိတ်ကလေးက
ရှင့်မနက်ဖြန်တွေနဲ့လဲရမှာစိုးလို့...ဘာလိပ်စာမှမတပ်ဖြစ်တော့ဘုး။

ကျမမှာ အရမ်းဖောက်ဖတ်ချင်နေတဲ့ စာတစ်ချို့ ရှိတယ်
ရှင်က လိပ်ပြာမလုံတဲ့စာတစ်ချို့ ကိုသိမ်းထားတယ် …
လူတစ်ချို့ ကစွန်လွှတ်တယ် …တစ်ချို့ ကစွန်လိုက်တယ်
ရှင်ကပျံတက်အောင်လုပ်ပြီးဖျက်ချတယ် …
ကျမမှာ သိက္ခာကတစ်ဖက် သံယောဇဉ်ကတစ်ဖက်နဲ့
မျှော်လင့်ခြင်းနောက် လိုက်ရတာ မောလှပါပြီ ရှင်ရယ် …

လိုအပ်တာထက်ပိုပြီး ကျမငိုမပြတတ်ခဲ့ဘူး
စေစားမှုတခုနဲ့ချုပ်ထိန်းဖို့ ရှင့်ခြေလှမ်းတွေရှေ့မှာ
ကျမရဲ့ အဇ္ဈတ္တတွေ ဘယ်တော့မှ လမ်းမဖြစ်စေရဘူး
ရှင် သက်သက်သာသာပြုံးနေပါ …
ရိုးသားခြင်းက မေးငေါ့ ခံတယ်လို့ ကျမထင်တယ် …
၇ ရက်ပါပဲ ရှင်ရယ် …
သူတို့မေးတွေ ညောင်းသွားမှာပါ
ကျမအတွက် ၇ရက်လုံးဟာ ရှင်ပဲဖြစ်ခဲ့ဖူးတာလေ ...

တကယ်တော့
ရှင်ဟာ ကျမရဲ့ တနင်္ဂနွေနေ့လေးပါ …။

ချစ်ခြင်းမေတ္တာဟာ ဘယ်လိုပဲစစ်စစ်
လွဲချော်ခဲ့ပီဆိုရင်လည်း ဖြစ်ထွန်းခွင့်တွေ ဝေးသွားမှန်းသိတယ်
မနက်ဖြန်တွေမှာ ရှင်မရှိလည်း
ကျမတယောက်တည်းသိနေမဲ့ တခုတ်တယတွေအကြောင်း
ရှင်သတိလက်လွတ်တွေးမိခဲ့ရင်ပေါ့
ဆွေးမြနေမဲ့ အလွမ်းတွေပန်လို့

ဟန်ဆောင်တတ်သွားတဲ့ ကျမကိုရှင်မမြင်လည်း
ကျမ ပြုံးနေမှာပါ ရှင်ရယ်



          အောင်ပြည့် ( သမုတိ )   ၊   အယ်နီ
                            22.1.2012

ကွန်ပတ်စ် ကိုခုတုံးလုပ်ခြင်းအားဖြင့်

ကွန်ပတ်စ် ကိုခုတုံးလုပ်ခြင်းအားဖြင့်


ကျွန်တော်တို့ ခုဆက်တွေးရမှာက  …

တောင်ပိုင်းလားမြောက်ပိုင်းလားဆိုတာ သံလိုက်အိမ်မြှောင်က

ပြောတာ

ပညတ်ချက်တွေကိုလိုက်နာဖို့ဘယ်ဥပဒေကိုအဆို

တင်သွင်းမလဲ …..

နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ

လက်မည်းမည်းကြီးထဲမှာ လက်နုနုလေးတစ်စုံ

အောက်လိုက်တာ

နှလုံးသားနုနုလေးထဲမှာ နားလည်မှုလေးမတ်တပ်ရပ်နေတာ

ဟုတ်ပြီလား

ခု ကျွန်တော်တို့ ဆက်တွေးရမှာက …

နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ

ပြဿနာက ဟန်တစ်ခု  နာမည်လေးထိုးစရာ

မလိုအောင်  …

တောင်းရမ်းကြည့်ပါ        မိုးကလည်းလေကိုမျှော်      လေကလည်းမိုးကိုမျှော်တာပဲ

ကျွန်တော်လည်း ကဗျာကိုဘဲဖတ်တာပါ     လေကလည်းမိုးကိုဘဲမျှော်တာပါ

ဘယ်လိုမှတက်လိုက်လို့မရဘူး …              ခုံအပြည့်နဲ့ကားက လူပိုတင်နေတာ

ခုကျွန်တော်တို့ဆက်တွေးရမှာက …

ပညတ်ချက်တွေ          

အဟောင်းကို         အစစ်လို့ညတ်ပြီး             အသစ်ကိုခေတ်လို့

ညတ်ပါ

အစစ်ကိုခေတ်ထဲ          တင်တော့

ဘယ်လိုမှတက်လိုက်လို့မရဘူး … လူပိုတွေက ခုံမရလည်း လိုက်သွားတာဘဲ

ကျန်နေတော့လည်း ရှယ်လီ့ဆီက မီးတစ်တို့တောင်းပြီး

ဆက်ပေါ့နေလိုက်

ခုကျွန်တော်တို့ဆက်တွေးရမှာက …

နယ်ပယ်တိုင်းရွေ့ နေကြ ရွှေ့ နေကြ

စကားလုံးအကြီးကြီးတွေ မှိုင်းတိုက်ပြီး   အောက်စီဂျင်လျော့လိုက်

ပါးစပ်ကမြင်းသားတွေကြောင့်  ဆူဝပြီးပြုတ်ကျလာတော့

မောင်ချောနွယ်ကြီး ပါလာတယ် …

ကိုယ့်လူ သူ့ညနေခင်းလေး ခင်ဗျားဝယ်ပေးလိုက်ပါ …

အဲ့တော့ တောင်ပိုင်းလားမြောက်ပိုင်းလား …

လက်ယာလားလက်ဝဲလား …

ကျွန်တော်သိတဲ့ကဗျာဆိုတာက

ရေးတာဗျ အဲ့တော့ရေးပေါ့ဗျာ

အဲ့တော့

ဆက်တွေးဦးမလား …

တစ်ချို့ က လိုင်းနဲ့စကားလုံးနဲ့

ကစားတယ်

တစ်ချို့ က မိုက်ခရိုဆောဖ့်ဝေါ့ နဲ့

ကစားတယ် …

သံလိုက်အိမ်မြှောင်ကတင်သွင်းသော အဆိုအရ

ပညတ်ချက်များကို အောက်ပါကွန်မန့်များတွင်ဆက်ဖတ်ပါရန် .........


                                                                      အောင်ပြည့် (သမုတိ)
                                                                           12.1.2013

တစ္ဆေ

တစ္ဆေ


ကြိတ် ဖိ သိပ် နေတာ ... အတင်းကို
ကျဉ်းထဲကြပ်ထဲ ...
အမောဖောက်သလို နာနာဘာဝ ၊ မကောင်းဆိုးဝါးတွေ
အလျင်
အဟုန် ပြင်းပြင်းနဲ့
မတိုးလာနဲ့
တိုး
မလာနဲ့ ...
လွတ်ရာကျွတ်ရာ သွား . သွားပါ
အညှီလို အဟောက်လို
ဆာလောင်သလို
 မျှော်ကိုးသံ
ရင်ဘတ်တစ်ခုလုံးညှစ်ပြီး အူ ပစ်လိုက်
ဖောက်ထွက်
တိမ်ဆိုင်တွေဖောက်ထွက် ... လေတွေထဲတိုးဝင်
ဖောက်ထွက်
ရင်ဘတ်ကြီး
တစ်ခုလုံးဖောက်ထွက်
တိုးဝင် ...  ဖြည်းဖြည်းချင်း
တစ်လှမ်းချင်း မိစ္ဆာတွေ
ညှီနံ့တွေ
ရင်ဘတ်တစ်ခုလုံးညှစ်ပြီး အူ ပစ်လိုက် --
အနက်ရောင်တွေ ၀ါးလာ
ဝေ ၀ါး လာ
ဖြည်းဖြည်းချင်း ထင်ရှားလာ
ရုပ် -- နာမ်
လွတ်ရာ လွှတ်ရာ
ရုန်း ... ကုန်းရုန်း
ဖောက်ထွက် ... ပြေးထွက်
သည်ထက် ကိုနီးကပ်
သည်ထက် ကိုနီးကပ်

ရင်ဘတ်တစ်ခုလုံး ဖောက်ထွက်
ပွင့်
ထွက်
သွား ။ ။

                                                                            အောင်ပြည့် (သမုတိ)
                                                                                29.12.12

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်


စကားလုံးတစ်ချို့  ပါးစပ်ဝမှာ လုံးထွေးနေတယ် ...သိပြီးသားဆိုပေမဲ့ပြောခွင့်မရှိတဲ့ အခြေအနေ--
ထိပ်တိုက်ပဲ တကယ့်ကိုထိပ်တိုက်ပဲ မတော်တဆတွေကတည့်တည့်ကြီးဝင်ဆောင့်လာတယ် ... ရင်ဘတ်ထဲဝင်ရိုးစွန်းကြီးရောက်လာတယ် ...
ဘ၀မှာ ဘာမှမရှိမှ အရာအားလုံးထပ်ရောက်လာပြန်ပြီ ... မျက်နှာကြီး မဖြီးနိုင်တော့ဘူး ... ရီစရာတွေ ထွက်မလာတော့ဘူး ...
ဘ၀မှာ ဘာတွေကို မျှော်လင့်ထားခဲ့ဖူးလဲ ??? ဘာတွေရရှိဖူးပြီလဲ ??? ဘယ်အရာတွေ တကယ်ဖြစ်လာခဲ့လို့လဲ ...ဘ၀က ခုထိဘာကြောင့်စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေရတာလဲ ???

“ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘူး ကျမပျော်ရွှင်ပြီးပြန်ချင်တယ်..ကျမမှန်တယ်ဆိုရင်ဘယ်သူမှ ဂရုမစိုက်တတ်ဘူး..ကျမ သူနဲ့ ပတ်သတ်ပြီးဘာမှမမှားခဲ့ဘူး... ”

ဘ၀ကရိုးသားဖို့ပဲလိုနေခဲ့တာ -- ကဗျာတွေမရိုးသားလာတော့ဘူး ။ ခံစားချက်တိုင်း ဖန်တီးခံနေရတယ်... တကယ်တော့ ရိုးသားဖို့ပဲလိုနေခဲ့တာ။ရိုးသားစွာနဲ့ပဲ ကျွန်တော်တို့ ရင်ဘတ်ချင်းနီးသလို ခံစားနေရတာပဲလေ ... ရိုးသားစွာနဲ့ပဲ ကျွန်တော်တို့ လျင်လျင်မြန်မြန် ရှာတွေ့ခဲ့ကြတာပဲလေ။

“ကျွန်တော် ခင်ဗျားနဲ့ စကားပြောရတာ အနာဂတ်ထဲ  လမ်းလျှောက်နေရသလိုပဲ..    ပျော်တယ်.....သတိလည်းထားရတယ်.... သတ္တိတွေလည်းရှိလာတယ်။ခင်ဗျားကို ကဗျာတွေ မရေးစေချင်တော့ဘူး ... ကဗျာကို ပျော်နေတဲ့အချိန်မှာရေးတတ်အောင် ကျွန်တော်သင်ပေးချင်တယ်။”

 ဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်မှာ အလိုက်အထိုက်ဖြစ်ဖို ...့ ပျော်ရွှင်ဖို့အတွက် ရိုးသားဖို့ပဲလိုမယ် ... ပျော်ရွှင်စွာနေထိုင်ခြင်းကအတတ်ပညာတစ်ခုလား...   ပျော်ရွှင်အောင်လုပ်ပေးရတာကလည်း နည်းပညာတစ်မျိုးပဲလား ...။ ဘ၀ကရိုးသားစွာပျော်နေရတာကလွဲလို့ ဘာမှ ပျော်စရာမရှိခဲ့ဘူး ။

“ကျမရှင့်ကြောင့်ပျော်ရပါတယ်ရှင်လို့ပြောမှ ရှင်ကသိမှာလားးးး ...အဲလိုဘယ်တော့မှ မပြောဘူး။”

အချစ်ကိုခံစားဖို့ကလွဲပြီး ဘာစံနှုန်းနဲ့မှ မတွက်ချက်တတ်ဘူး ... ခန္ဓာကိုယ်တစ်ခုလုံး ပိုက်စိတ်တိုက်ရှာကြည့်တော့ အချစ်ဆိုတာကို ရင်ဘတ်ရဲ့ အတွင်းဆုံးနံရံမှာပဲတွေ့ ရတယ်...
အချစ်ဆိုတဲ့စကားလုံးက ကန့်သတ်ခံထားရတယ် ... အချိန်ကကန့်သတ်တာလား ... ကျွန်တော်တို့ရဲ့ စိတ်တွေကပဲ ကန့်သတ်နေတာလား ... ကျွန်တော်တို့ တကယ်ကိုရိုးသားခဲ့ကြတာလား ...  “ကျွန်တော် ရင်တွေ ခုန်နေတယ် ဗျာ  ...၁၇ နှစ်သား လိုပဲ” ပါးစပ်ထဲမှာ ချစ်ခြင်းအသံတွေ အထွေးလိုက်တစ်ဆို့နေတယ် ... တစ်ခုခုအတွက် ကျွန်တော် လိပ်ပြာမလုံခဲ့တာလား ... ကျွန်တော်ရိုးသားဆဲပါ ..

.“နားထောင်ကောင်းတဲ့ စကားတွေကို ကျမချစ်သူက သံမှိုလိုရိုက်သွင်းထားခဲ့တယ်....ကျမ နားထောင်ကောင်းတာတွေကို မပျော်တော့ပါဘူး၊
ကျမ တခုခုဖြစ်နေသေးလို့ပါ”
နားလည်မှုဆိုတာကို နှစ်၂၀ လောက်သင်ယူခဲ့ပြီးပြီ ... ကျွန်တော်နားလည်ပါတယ် ... ကျွန်တော်စိတ်ဆိုးစရာမရှိပါဘူး။ ကျွန်တော်တို့ ရိုးသားခဲ့ကြတာပဲလေ ... ကျွန်တော် အချစ်ဆိုတာထက် ဘာကိုထပ်မျှော်လင့်နေရဦးမှာလဲ ... ဘာတွေကများ ကျွန်တော်တို့ထက် ပိုပြီးရိုးသားနေကြဦးမှာလဲ ... သေချာသွားပြီ ... ကျွန်တော်တို့ တကယ်ကို လိပ်ပြာလုံခဲ့တယ်ဆိုတာ။

ဘ၀မှာ ကြိုးစားစရာရှိတာထက်ပိုတဲ့ ကြိုးစားစရာတွေကရော မျှော်လင့်စရာတွေပဲလား ... မျှော်လင့်ချက်နဲ့ ကြိုးစားနေရမှာလား ကြိုးစားရင်းမျှော်လင့်နေရမှာလား ...

အင်းးပါ......ကျမရှင့် ကို စောင့်နေမယ်
အုံးခနဲပဲ ကျွန်တော် ဘာကိုမှ မမြင်တော့ဘူး ... မြင်မြင်သမျှက ဆံနွယ်ကောက်ကောက်လေးတွေချည်းပဲ ...

သေချာပေါက်စောင့်နေပေးပါဗျာ ....ကျွန်တော် အနာဂတ်ကိုလောင်းကြေးထပ်ပြီး ကြိုးစားမှာမို့လို့။



                                                                                                          အောင်ပြည့်(သမုတိ)
                                                                                                            ၁၆.၁၂.၁၂